ဗေဒင်

တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း (17.Feb.2022 မှ 23.Feb.2022 အထိ)

17.Feb.2022 မှ 23.Feb.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

အထိုင်မနေရဘဲ ခြေများရမဲ့ကာလပါပဲ။ ကုန်သွယ်မှုလုပ်ငန်းများ အထူးကောင်းလိမ့်မယ်။ နိုင်ငံခြားသွားဖို့ စာမေးပွဲဖြေခြင်း၊ အင်တာဗျူးဝင်ဖြေခြင်းများ အထူးကောင်းပါတယ်။ မြင့်မြတ်သော၊ကျက်သရေ မင်္ဂလာနှင့်သက် ဆိုင်သာ ကိစ္စရပ်များနှင့်လဲကြုံနေရတတ်ပါတယ်။

ဘာသာရေးနှင့် အလှူအတန်းကိစ္စများကို ကောင်းစွာဆောင် ရွက်နိုင်ပါလိမ့်မယ်။ မိတ်ကောင်း ဆွေကောင်းတွေလဲပေါများပြီးတော့ အကူအညီကောင်းတွေလဲ ရလာတတ်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအလုပ်မှာ မပျော်သလိုခံစားနေ ရတတ်ပါတယ်။

အလုပ်ပြောင်းရင် ကောင်းမလားဆိုတဲ့ အတွေးတွေဝင်လာတတ်ပါတယ်။ မပြောင်းပါနဲ့ ။ မိသားစုစီးပွား ရေးများ ထင်သလောက် အကျိုးမပေးတတ်တာကိုတွေ့ရပါတယ်။ ဝန်ထမ်းများ လူကြီးတွေရဲ့စိတ်တိုင်းကျ လုပ်ကိုင် ပေးနေရတတ်ပါတယ်။ ကျန်းမာရေးကိုတော့ စိတ်ပူဖို့မလိုသေးပါဘူး။

အချစ်ရေးမှာတော့ ချစ်သူခင်သူတွေပေါများနေတတ်ပါတယ်။ ရည်း စားမရှိသေးသူများ ချစ်သူသစ်ရည်စားသစ်ရ လွယ်တဲ့နေ့တွေပါပဲ။အိမ်ထောင်ရေးကတော့ စိတ်ချမ်းသာ ပျော်ရွှင် ရမဲ့နေ့ရက်မျိုးတွေပါပဲ။ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ မိမိကိုယ်တိုင်ကစိတ်မပါသလိုဖြစ်နေတတ်ပါ တယ်။

အကျိုးပေးဂဏန်း ၃/၈/၄

အထူးဟော အနည်းငယ်တော့ စိတ်အပြောင်းအလဲမြန်နေမယ်

ယတြာ သီလရှင်တွေကို ဆန်လှူပါ

တနင်္လာ

ဒီကာလအတွင်းလူအများရဲ့အထင်ကြီးလေးစားမှုတွေကိုရရှိလိမ့်မယ်။ သမာဓိတည်ကြည်သူများပိုမိုအောင် မြင်တတ်တဲ့ကာလပါပဲ။စီးပွားရေးနဲ့ပတ်သက်သော ဆွေးနွေးပွဲများ ၊အစည်းအဝေးပွဲများဆောင်ရွက်ရန်အထူး ကောင်းပါတယ်။ လူငယ်များ အမိအဘအဘိုးအဘွားတွေဆီကမုန့်ဖိုး များများရတတ်ပါတယ်။

ငွေကြေးနဲ့ပတ် သက်ပြီး တော့ အထူးကောင်းပါတယ်။ငွေအစုလိုက်ဝင်တတ်တဲ့နေ့ရက်တွေပါပဲ။ ထီဝါသနာပါသူများ ထီကံစမ်းလို့ အထူး ကောင်းပါတယ်။ အလုပ်နဲ့သက်ဆိုင်သော ငွေကြေးရင်းနှီးမြုပ်နှံမှုတွေဆောင် ရွက်လို့အထူးကောင်းပါတယ်။ ဆိုင်ခွဲများဖွင့်လှစ်တာမျိုးတွေစတင်ဆောင်ရွက်နိုင်ပါတယ်။

ဖြစ်ချင်တာတွေကိုဖြစ်အောင် အချိန်ယူလုပ်သွားနိုင်ပါ လိမ့်မယ်။ ကျန်းမာရေးနဲ့လိုအပ်ချက်များရှိပါကဆောင်ရွက် လို့အထူးသင့်တော်ပါ တယ်။ သမားတော်နဲ့ပြသခြင်း၊ ဆေးစစ်ခြင်း၊ဆေးဝါးမှီဝဲခြင်းများ အထူးကောင်းပါတယ်။ အချစ်ရေးကံအနည်း ငယ်ညံ့နေတဲ့နေ့ရက်တွေပါပဲ။

ချစ်သူမရှိသူကတော့ ချစ်သူသစ်ဆိုတာမျိုးကြုံရလိမ့်မယ်။အိမ်ထောင်ရေးမှာတော့ မိမိစိတ်ကူးအတိုင်း ပုံဖော် ဆောင်ရွက် နိုင်ပါလိမ့်မယ်။ ပညာရေးကတော့စိုးရိမ်စိတ်ကြောင့် အမှားများရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅/၉/၂

အထူးဟော ကံကောင်းမှုတွေများမယ်

ယတြာ ပြောင်းဖူးကြော်ပြီးဘုရားကပ်ပါ

အင်္ဂါ

ဒီကာလအတွင်း စိတ်ဝင်စားစရာအကောင်းဆုံးတွေကြုံရတတ်ပါတယ်။ အလွဲလွဲအချော်ချော်တွေ ဖြစ် နေ သည့်ကြားက အဆင်ပြေအောင်မြင်မှုတွေကြုံရတတ်ပါတယ်။ရင်းနှီးသော မိတ်ဆွေတွေရဲ့နာရေးကိစ္စမျိုးတွေ ကြုံရ တတ်ပါတယ်။လုပ်ငန်းသစ်စထားသူများမလောပါနဲ့။ တဖြည်းဖြည်းအရှိန်ရလာတတ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ် သက်ပြီး ပူပင်စရာတွေများလာတတ်ပါတယ်။ ရာသီအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝေဒနာတွေကိုခံစားရ တတ် ပါ တယ်။ မိတ်ဆွေကောင်းတွေရဲ့အကူအညီတွေအများကြီးရလာတတ်ပါတယ်။ငွေချေးငှားမိရင်တော့ ဆုံးတတ်ပါ တယ်။ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှားနေတတ်ပါတယ်။

ဒီကာလအတွင်းမိဘဆိုရင်သားသမီးနဲ့အဆင်မပြေသလို သားသမီးဆိုရင်လဲ မိဘနဲ့အဆင်မပြေဖြစ်နေရတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ ဒီကာလထဲမှာ ချစ်သူ က လိုချင်တာပူဆာနေတာကြောင့်ငွေကုန်ကြေးကျများနေရတတ်ပါတယ်။ အိမ်ထောင်ရေးကိုလဲ တတ်နိုင်သ မျှ အဆင်ပြေအောင်နေတတ်ဖို့လိုပါတယ်။

ငွေကြေးကိုအကြောင်းပြုပြီးတော့ အိမ်ထောင်ဘက်နဲ့စကားများရတတ်ပါ တယ်။ ပညာရေးအတွက်တော့ အနည်းငယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅/၆/၃

အထူးဟော အဆင်ပြေဖို့ အရှိန်ရလာမယ်

ယတြာ သပြေပန်းဘုရားလှူပါ

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းမိမိကိုယ်ကိုအထင်သေးနေရင် ဘာမှအောင်မြင်မည်မဟုတ်ပါ။ မိမိကိုယ်ကို ချီးမွမ်းဖို့မမေ့ လိုက်ပါနဲ့။ မိမိစီးပွားရေးလုပ်ငန်းများကို ခြုံငုံသုံးသပ်ပြီးပြောင်းလဲသင့်တာတွေကိုပြောင်းလဲလုပ်ကိုင်ပါ။ မပျင်းရိဘဲ လုပ်သင့်တာကိုလုပ်နေလိုက်ပါ။ လူကြီးတွေရဲ့မျက်စိကျခြင်းကိုခံရပါလိမ့်မယ်။

စိတ်အလိုမကျတွေရှိနေပေမဲ့ သည်း ခံပြီးဆောင်ရွက်လိုက်ပါ။ လူငယ်များမိမိကိုမခံချင်အောင်လာပြောသူတွေရှိနေတတ်ပါတယ်။အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းများအဆင်ပြေလိမ့်မယ်။ ဘာလုပ်လုပ်လျှို့ဝှက်လုပ်ပါ။ အဲလိုမှမဟုတ်ရင်ကိုယ့်အကြံသူများဦးသွား တတ်ပါတယ်။ကျန်းမာရေးကတော့ အညံ့ကြီးမဟုတ်ပါဘူး။

ဗိုက်အောက်လေထိုးလောက်တော့ဖြစ်ရတတ်ပါတယ်။ စွန့်ဦးတီထွင်ကြိုးစားမဲ့သူများ ဒီကာလမှာစတင်လိုက်ပါ။ မင်္ဂလာစကားများ၊ လူမှုရေးနဲ့ ပတ်သက်သောစကားများ ပြောဆိုဆောင်ရွက်လို့အထူးကောင်းပါတယ်။ ရွှေရောင်းခြင်းများဒီအပတ်ထဲမှာအထူးဆောင် ရွက်နိုင်ပါလိမ့်မယ်။ အချစ် ရေးနဲ့ပတ်သက်ပြီးတော့ စိတ်ချမ်းသာစရာတွေများပါတယ်။

ချစ်သူရဲ့ အလိုလိုက် အကြိုက်ဆောင်ခြင်းကို ခံရ တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အနည်းငယ်အစေးမကပ်သလို ဖြစ်နေတတ် တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၆/၀/၇

အထူးဟော ကံအနည်းငယ် အားနည်းမယ်

ယတြာ နာနတ်ယိုဘုရားကပ်လှူပါ

ကြာသပတေး

ဒီကာလအတွင်း အတွေးထူးခြားပြီးသူများထက်ဦးအောင်လုပ်နိုင်ခြင်းက အဆင်ပြေတိုးတတ်မှုကိုပေးပါ လိမ့်မယ်။ ကြိုးစားနေတဲ့လုပ်ငန်းရှင်တွေဆို ကြီးကျယ်သော ဈေးကွက်စီးပွားတစ်ခုကိုတွေ့ရှိပါလိမ့်မယ်။ လုပ်ငန်း တူ၊စီးပွားတူတွေထက် ကွက်ကျော်မြင်နေတတ်ပါတယ်။

နှစ်များစွာခွဲခွာနေရတဲ့မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ပြန်ဆုံရ တတ်ပါတယ်။နည်းပညာကိုသေချာလေ့လာထားသူများ အကျိုးထူးပါလိမ့်မယ်။ ဘာလုပ်လုပ်မိမိကိုယ်ကိုယုံကြည် မှုအပြည့်ထားပြီးလုပ်ကိုင်စေချင်ပါတယ်။ ကျန်းမာရေးကတော့ ဇိမ်နဲ့နေ၊ဇိမ်နဲ့စားတဲ့အကျင့်ကဒီကာလမှာရောဂါ တိုးပါလိမ့်မယ်။

အရက်သောက်တတ်သူများချိန်ဆသောက်သင့်တဲ့ကာလပါပဲ။ မိမိအလုပ်နဲ့ပတ်သက်တဲ့ အကြံ ကောင်းဉာဏ် ကောင်းတွေကိုဆရာသမားတွေဆီကရရှိပါလိမ့်မယ်။ သင်တန်းများတတ်ခြင်း၊ ပညာရပ်အသစ် သင်ကြားခြင်းများ တွေ့ရကြုံရတတ်ပါတယ်။ အချစ်ရေးကတော့ ဒီအပတ်တွေမှာ ပဋိပက္ခသဘောတွေဆောင်ပါ တယ်။

ချစ်သူနဲ့ ဆန့်ကျင်ဘက်တွေဘဲဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အထူးအဆင်ပြေပါတယ်။ အိမ်ထောင်ရေး သာယာပျော်ရွှင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၇/၅

အထူးဟော အလုပ်တွေတော့ ရှုပ်နေလိမ့်မယ်။

ယတြာ အုန်းသီးပေါင်မုန့် ဘုရားကပ်ပါ

သောကြာ

ဒီကာလမှာတော့ အတိတ်ရဲ့အရိပ်ကိုခံစားရတတ်ပါတယ်။ ကံ-ကံရဲ့အကျိုးတွေကိုရရှိပါလိမ့်မယ်။ငွေကြေး အဝင်ကြမ်းသလို စတင်စုဆောင်းနိုင်ပါလိမ့်မယ်။ခရီးတိုခရီးရှည်တွေသွားရတတ်ပါတယ်။ အလှူခရီးတွေ၊ဘုရားဖူး ခရီးတွေကြုံရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အသစ်အသစ်တွေဖန်တီးပြီး စားသုံးသူတွေကိုဆွဲဆောင်နိုင်ပါ လိမ့်မယ်။

အထိုင်မနေရဘဲ သွားလာလှုပ်ရှားနေရတဲ့အလုပ်တွေက ပိုမိုအကျိုးပေးပါတယ်။ ဒါကြောင့်ကုန်သွယ်စီး ပွားများအဆင်ပြေမဲ့ကာလပါပဲ။ စားသောက်ကုန်လုပ်ငန်းများနှင့် ဆေးဝါး၊လျှပ်စစ်နဲ့ပတ်သက်သောလုပ်ငန်းများလဲ အထူး အဆင်ပြေကောင်းမွန်ပါလိမ့်မယ်။ အောက်လက်ငယ်သားဝန်ထမ်းတွေကို အထူးအားထားရမဲ့ကာလပါပဲ။

အလုပ် ကောင်းသလို ငွေကြေးလဲ ကံကောင်းပါလိမ့်မယ်။ အချစ်ရေးမှာတော့ မာနကြီးတဲ့ချစ်သူကို သည်းခံခြင်း တရားနဲ့ အဆင်ပြေအောင်နေလိုက်ပါ။ ကျန်းမာရေးကိုတော့ စိတ်ပူစရာမလိုသေးတဲ့ကာလပါပဲ။ ဒါပေမဲ့ ရေချိုး မှာပြီး အပူရှပ်နိုင်တာ ကိုတော့သတိထားလိုက်ပါ။

အိမ်ထောင်ရေးကိုတော့ ဒီကာလမှာတစ်ယောက်နဲ့ တစ် ယောက်သဘောထား မတိုက်ဆိုင်တာတွေများနေတတ်ပါတယ်။ ပညာရေးကိုတော့ အထူးကောင်းပါတယ်။ ကြိုးစား ထားသမျှအရာ ထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၂/၆

အထူးဟော ကောင်းသောကံတွေပေါ်ထွန်းလာမယ်။

ယတြာ သခွားမွှေးဘုရားကပ်ပါ

စနေ

ဒီကာလဟာ ကံကြမ္မာက မိမိကိုမျက်နှာသာမပေးသလိုဖြစ်နေတတ်ပါတယ်။ကံကြောင့်အဆင်ပြေတာမျိုး မရှိဘဲ ဉာဏ်ဝီရိယတွေကိုပဲအားကိုးနေရလိမ့်မယ်။နိုင်ငံခြားကံအထူးကောင်းလာတတ်ပါတယ်။ ထီကံစမ်းလို့လဲ သင့်တော်တဲ့နေ့ရက်တွေပါပဲ။ တစ်ချက်ခုတ်၊နှစ်ချက်ပြတ်မဲ့ကိစ္စမျိုးတွေကိုစဉ်းစားပြီးရွေးချယ်လုပ်သွားပါ။

ကျန်းမာ ရေးကတော့ထင်ထားသည်ထက် ပိုမိုအားကောင်းနေပါပြီ။ ရောဂါခံစားနေရသူများ စတင်သက်သာလာမဲ့ကာလ ပါပဲ။ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ စတော့ရှယ်ယာ လုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများ အထူးကောင်းပါတယ်။အလုပ်နဲ့ပတ်သက်ပြီးတော့ အခက်အခက်များပါတယ်။

ကိုယ်ပိုင် အလုပ် များ အလုပ်တွေချဲ့တာမျိုးရှောင်လိုက်ပါ။ လုပ်လက်စအလုပ်တွေကို တိုးချဲ့အောင်မြင်ဖို့ပဲကြိုးစား လိုက်ပါ။ အချစ်ရေးကတော့ စိတ်ကူးထဲမှာတော့ အဆင်ပြေပေမဲ့ လက်တွေ့မှာတော့ အခက် အခဲများရတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့အိမ်ထောင်ဘက်က အလုပ်များတာကြောင့် မိမိကို ဂရုမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။ ပညာရေးကတော့ ရှန်းတာ၊မေ့လွယ်တာတွေဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၉/၃

အထူးဟော စိတ်ညစ်စရာတွေရောပါနေလိမ့်မယ်။

ယတြာ ကြံရည်ဘုရားကပ်ပေးစေချင်ပါတယ်။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 09 44 5555 695