ၾကားသိရသမွ်

ခေပါင္းတံတားမွာ ရထားထက္မွ ျပဳတ္က်ဆုံးပါးခဲ့ရသူ မင္းသားေျပၿငိမ္း . ..အျဖစ္မွန္(ရုပ္သံ)

ခေပါင္းတံတားမွာ ရထားထက္မွ ျပဳတ္က်ဆုံးပါးခဲ့ရသူ မင္းသားေျပၿငိမ္း . . .အျဖစ္မွန္(ရုပ္သံ)

ေတာင္ငူ ခေပါင္းတံတားနဲ႔ မင္းသားေျပၿငိမ္း အႏွစ္သုံးဆယ္

ညက ေတာင္ငူကျပန္လာတာ ေနျပည္ေတာ္ကို၈နာရီထိုးမွေရာက္တယ္။ ေျပၿငိမ္း ကြယ္လြန္တဲ့ႏွစ္၃၀ျပည့္အမွတ္တရပို႔စ္တက္လာလို႔ သတိတရေရးမယ္စိတ္ကူးေပမယ့္ ခရီးကပန္းလို႔မေရးႏိုင္ဘူး။ မေန႔က သားငယ္ျပည့္ၿဖိဳးဟန္အသက္၃၀ျပည့္ပါတယ္။ မႏၲေလးကျပန္လာၿပီးေတာင္ငူၿမိဳ႕ပြတ္စုေက်ာင္းမွာရဟန္းခံပါတယ္။12-7-1990ေန႔ကေတာင္ငူေဆး႐ုံႀကီးမွာေမြးဖြားခဲ့ပါတယ္။

ေဆး႐ုံအုပ္ႀကီးDrဦးခင္ေဖလင္းနဲ႔ေဒၚတင့္တင့္ႏြယ္တို႔ကခြဲစိပ္ေမြးဖြား‌ေပးခဲ့ပါတယ္။အဲဒီညမွာပဲ ႐ုပ္ရွင္မင္းသားေျပၿငိမ္းကလည္း5 Upရထားနဲ႔မႏၲေလးကိုသြားပါတယ္။အဲဒီညက5upရထားဟာထြက္သြားၿပီးကာမွ စက္ခ်ိဳ႕ယြင္းလို႔ဘူတာထဲျပန္ဝင္ၿပီးစက္ျပင္ရတယ္လို႔သိရပါတယ္။

ေနာက္တေန႔မွာက်ေနာ္EMOတာဝန္က်ပါတယ္။10amမွာခေပါင္းေခ်ာင္းထဲကအေလာင္းတခုေတြ႕လို႔ဘူတာကကုန္တင္တဲ့တြန္းလွည္းနဲ႔ေဆး႐ုံကိုသယ္လာပါတယ္။အရပ္ေထာင္ေထာင္ေမာင္းေမာင္းလူငယ္တဦးျဖစ္ၿပီးမ်က္ႏွာကတျခမ္းစီကြဲၿပီးေခါင္းထိပ္ပိုင္းပြင့္ထြက္ေနပါတယ္။ဂ်င္းေဘာင္းဘီရွည္တီရွပ္ဝတ္ဆင္ထားၿပီးဘယ္သူဘယ္ဝါအသိအမွတ္ျပဳရန္ခက္ေနပါတယ္။

ထိုေန႔ေန႔လယ္ပိုင္းကစၿပီး တယ္လီဖုန္းဆက္သြယ္ေမးျမန္းသူမ်ားတဲ့အတြက္တခ်ိန္လုံးမအားလပ္ေအာင္ေျဖေနရပါတယ္။႐ုပ္ရွင္မင္းသားေျပၿငိမ္းေပ်ာက္ဆုံးေန၍ေမးျမန္းျခင္းျဖစ္ပါတယ္။‌သူနဲ႔လာတဲ့အေဖာ္က မႏၲေလးေရာက္မွသူေပ်ာက္တာကိုသိတာပါ။ညက ေရွ႕တြဲမွာပါလာတဲ့တင့္တင့္ထြန္းတို႔ဆီသြားမယ္ဆိုၿပီးထြက္သြားတယ္လို႔ေျပာပါတယ္။

ေတာင္ငူအဝင္ကခေပါင္းတံတားမွာ‌ေရထဲျပဳတ္က်တာပါမီးရထားသံေဘာင္တံတားေတြဟာနိမ့္ပါတယ္။တြဲေခါင္မိုးေပၚမွာထိုင္စီးရင္မလြတ္ပါဘူး။တံတားေရာက္ရင္ဝပ္ေနမွလြတ္ပါတယ္။မင္းသားကတြဲေခါင္မိုး‌ေပၚတက္ထိုင္ပုံရပါတယ္တံတားရွိမွန္မသိေတာ့မေရွာင္ႏိုင္ပဲသံေဘာင္နဲ႔တိုက္ၿပီးေခ်ာင္းထဲက်၊ေဗဒါဒိုက္ေတြေပၚက်လို႔ေရထဲမေျမာတာပါ။

ေျမာသြားရင္ရွာေတြ႕ဖို႔အေတာ္ခက္ပါမယ္။မနက္လင္းမွတံတားရဲကင္းကအေလာင္းကိုေတြ႕ၿပီးေဆး႐ုံကိုပို႔ပါတယ္။မိသားစုကလည္းေပ်ာက္ေနလို႔စုံစမ္း၊ဒီမွာလည္းအမ်ိဳးအမည္မခြဲျခားႏိုင္တဲ့အေလာင္းကေရာက္ေနေတာ့ ၊အေသအခ်ာမေျပာႏိုင္။၃နာရီေလာက္မွာ ဖခင္ဦးေမာင္ေမာင္ျမင့္ကဖုန္းဆက္ၿပီးသူ႔ရဲထင္ရွားတဲ့အမွတ္လကၡဏာေတြေျပာျပေတာ့ကိုက္ညီေနပါတယ္။

ေျပျငမ္းရဲ႕ဘႀကီးDrဦးသာမိုးကိုယ္တိုင္လိုက္လာပါတယ္။ဆရာႀကီးဦးခင္ေဖလင္းနဲ႔အတူတူရင္ခြဲစစ္ေဆးပါတယ္။ေျပၿငိမ္းသတင္းကၿမိဳ႕ထဲမွာခ်က္ခ်င္းပ်ံ႕သြားၿပီးရင္ခြဲ႐ုံဝန္းက်င္မွာလူအမ်ားႀကီး၊အမ်ိဳးသမီးထုကပိုမ်ား၏။မိုးကလည္း႐ြာလိုက္တာ၄လက္မ။

ည၈နာရီခန႔္မွာDrဦးသာမိုး(သမိုင္းမသန္စြမ္းေဆး႐ုံအုပ္ႀကီး)ေရာက္လာပါတယ္။ရင္ခြဲ႐ုံတံခါးဖြင့္ျပလိုက္တာနဲ႔ ေျပၿငိမ္းပဲလို‌ေ့ေျပာပါတာ္။အရပ္ကရွည္ေတာ့ ေက်ာက္စားပြဲေဘာင္ေပၚအထိေရာက္ေနတယ္။ညတြင္းခ်င္းေခါင္းတခုလုပ္ၿပီးရန္ကုန္ကိုသယ္သြားပါတယ္။

မနက္၄နာရီမွာကို Myat Khineေရာက္လာၿပီးသတင္းယူေတာ့မင္းသားအေလာင္းက လမ္းတဝက္ေရာက္ေနၿပီ။က်ေနာ့ကိုအင္တာဗ်ဴးၿပီး အႏုပညာေၾကးမုံမဂၢဇင္းမွာထည့္ပါတယ္။အနယ္နယ္မွာ ေျပၿငိမ္းကားေတြျပန္ျပၿပီး ဗြီဒီယို႐ုံေတြကိုသူလုပ္ေကြၽးသြားပါေသးတယ္။ကၫြတ္ကြင္းမိတ္ေဆြတဦးဆို ႀကိဳးဖုန္းတလုံးဝယ္ႏိုင္တဲ့ပမာဏ၂ရက္အတြင္းရပါသတဲ့။

သျဂၤုလ္ၿပီးတပတ္မွာ Maung Maung myintthukhuma ေရာက္လာၿပီးရဲစခန္းကသိမ္းဆည္းထားတဲ့ဆြဲႀကိဳး၊ဘိနပ္နဲ႔ပစၥည္းေတြလာထုတ္ယူပါတယ္။ ေျပၿငိမ္းအမွတ္တရvcdထဲမွာက်ေနာ္တို႔ပုံေတြပါတယ္ဒါကေတာ့က်ေနာ္ႀကဳံခဲ့ရတဲ့ အမွတ္တရေတြပါပဲ။အႏွစ္၃၀ေတာင္ၾကာခဲ့ၿပီပဲ။

Credit to Mya Taung

(စာေရးဆရာေသာင္းေကတု ၏ Facebook page မွကူးယူေဖာ္ျပထားပါသည္။ စာေရးဆရာေသာင္းေကတု သည္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္သလို အၿငိမ္းစားဆရာ၀န္ႀကီးတစ္ဦးျဖစ္သည္။ လြန္ခဲ့သည့္ ႏွစ္(၃၀)ခန႔္ သ႐ုပ္ေဆာင္ ေျပၿငိမ္း ေတာင္ငူၿမိဳ႕အနီး ႐ုတ္တရက္ ကြယ္လြန္ခ်ိန္ တြင္ ေတာင္ငူေဆး႐ုံ တြင္ဆရာ၀န္တစ္ဦး အျဖစ္တာ၀န္ထမ္းေဆာင္လ်က္ရွိပါသည္။)

Via chan myae zaw

Unicode

ခပေါင်းတံတားမှာ ရထားထက်မှ ပြုတ်ကျဆုံးပါးခဲ့ရသူ မင်းသားပြေငြိမ်း . . .အဖြစ်မှန်(ရုပ်သံ)

တောင်ငူ ခပေါင်းတံတားနဲ့ မင်းသားပြေငြိမ်း အနှစ်သုံးဆယ်

ညက တောင်ငူကပြန်လာတာ နေပြည်တော်ကို၈နာရီထိုးမှရောက်တယ်။ ပြေငြိမ်း ကွယ်လွန်တဲ့နှစ်၃၀ပြည့်အမှတ်တရပို့စ်တက်လာလို့ သတိတရရေးမယ်စိတ်ကူးပေမယ့် ခရီးကပန်းလို့မရေးနိုင်ဘူး။ မနေ့က သားငယ်ပြည့်ဖြိုးဟန်အသက်၃၀ပြည့်ပါတယ်။ မန္တလေးကပြန်လာပြီးတောင်ငူမြို့ပွတ်စုကျောင်းမှာရဟန်းခံပါတယ်။12-7-1990နေ့ကတောင်ငူဆေးရုံကြီးမှာမွေးဖွားခဲ့ပါတယ်။

ဆေးရုံအုပ်ကြီးDrဦးခင်ဖေလင်းနဲ့ဒေါ်တင့်တင့်နွယ်တို့ကခွဲစိပ်မွေးဖွား‌ပေးခဲ့ပါတယ်။အဲဒီညမှာပဲ ရုပ်ရှင်မင်းသားပြေငြိမ်းကလည်း5 Upရထားနဲ့မန္တလေးကိုသွားပါတယ်။အဲဒီညက5upရထားဟာထွက်သွားပြီးကာမှ စက်ချို့ယွင်းလို့ဘူတာထဲပြန်ဝင်ပြီးစက်ပြင်ရတယ်လို့သိရပါတယ်။

နောက်တနေ့မှာကျနော်EMOတာဝန်ကျပါတယ်။10amမှာခပေါင်းချောင်းထဲကအလောင်းတခုတွေ့လို့ဘူတာကကုန်တင်တဲ့တွန်းလှည်းနဲ့ဆေးရုံကိုသယ်လာပါတယ်။အရပ်ထောင်ထောင်မောင်းမောင်းလူငယ်တဦးဖြစ်ပြီးမျက်နှာကတခြမ်းစီကွဲပြီးခေါင်းထိပ်ပိုင်းပွင့်ထွက်နေပါတယ်။ဂျင်းဘောင်းဘီရှည်တီရှပ်ဝတ်ဆင်ထားပြီးဘယ်သူဘယ်ဝါအသိအမှတ်ပြုရန်ခက်နေပါတယ်။

ထိုနေ့နေ့လယ်ပိုင်းကစပြီး တယ်လီဖုန်းဆက်သွယ်မေးမြန်းသူများတဲ့အတွက်တချိန်လုံးမအားလပ်အောင်ဖြေနေရပါတယ်။ရုပ်ရှင်မင်းသားပြေငြိမ်းပျောက်ဆုံးနေ၍မေးမြန်းခြင်းဖြစ်ပါတယ်။‌သူနဲ့လာတဲ့အဖော်က မန္တလေးရောက်မှသူပျောက်တာကိုသိတာပါ။ညက ရှေ့တွဲမှာပါလာတဲ့တင့်တင့်ထွန်းတို့ဆီသွားမယ်ဆိုပြီးထွက်သွားတယ်လို့ပြောပါတယ်။

တောင်ငူအဝင်ကခပေါင်းတံတားမှာ‌ရေထဲပြုတ်ကျတာပါမီးရထားသံဘောင်တံတားတွေဟာနိမ့်ပါတယ်။တွဲခေါင်မိုးပေါ်မှာထိုင်စီးရင်မလွတ်ပါဘူး။တံတားရောက်ရင်ဝပ်နေမှလွတ်ပါတယ်။မင်းသားကတွဲခေါင်မိုး‌ပေါ်တက်ထိုင်ပုံရပါတယ်တံတားရှိမှန်မသိတော့မရှောင်နိုင်ပဲသံဘောင်နဲ့တိုက်ပြီးချောင်းထဲကျ၊ဗေဒါဒိုက်တွေပေါ်ကျလို့ရေထဲမမြောတာပါ။

မြောသွားရင်ရှာတွေ့ဖို့အတော်ခက်ပါမယ်။မနက်လင်းမှတံတားရဲကင်းကအလောင်းကိုတွေ့ပြီးဆေးရုံကိုပို့ပါတယ်။မိသားစုကလည်းပျောက်နေလို့စုံစမ်း၊ဒီမှာလည်းအမျိုးအမည်မခွဲခြားနိုင်တဲ့အလောင်းကရောက်နေတော့ ၊အသေအချာမပြောနိုင်။၃နာရီလောက်မှာ ဖခင်ဦးမောင်မောင်မြင့်ကဖုန်းဆက်ပြီးသူ့ရဲထင်ရှားတဲ့အမှတ်လက္ခဏာတွေပြောပြတော့ကိုက်ညီနေပါတယ်။

ပြေငြမ်းရဲ့ဘကြီးDrဦးသာမိုးကိုယ်တိုင်လိုက်လာပါတယ်။ဆရာကြီးဦးခင်ဖေလင်းနဲ့အတူတူရင်ခွဲစစ်ဆေးပါတယ်။ပြေငြိမ်းသတင်းကမြို့ထဲမှာချက်ချင်းပျံ့သွားပြီးရင်ခွဲရုံဝန်းကျင်မှာလူအများကြီး၊အမျိုးသမီးထုကပိုများ၏။မိုးကလည်းရွာလိုက်တာ၄လက်မ။

ည၈နာရီခန့်မှာDrဦးသာမိုး(သမိုင်းမသန်စွမ်းဆေးရုံအုပ်ကြီး)ရောက်လာပါတယ်။ရင်ခွဲရုံတံခါးဖွင့်ပြလိုက်တာနဲ့ ပြေငြိမ်းပဲလို‌ေ့ပြောပါတာ်။အရပ်ကရှည်တော့ ကျောက်စားပွဲဘောင်ပေါ်အထိရောက်နေတယ်။ညတွင်းချင်းခေါင်းတခုလုပ်ပြီးရန်ကုန်ကိုသယ်သွားပါတယ်။

မနက်၄နာရီမှာကို Myat Khineရောက်လာပြီးသတင်းယူတော့မင်းသားအလောင်းက လမ်းတဝက်ရောက်နေပြီ။ကျနော့ကိုအင်တာဗျူးပြီး အနုပညာကြေးမုံမဂ္ဂဇင်းမှာထည့်ပါတယ်။အနယ်နယ်မှာ ပြေငြိမ်းကားတွေပြန်ပြပြီး ဗွီဒီယိုရုံတွေကိုသူလုပ်ကျွေးသွားပါသေးတယ်။ကညွတ်ကွင်းမိတ်ဆွေတဦးဆို ကြိုးဖုန်းတလုံးဝယ်နိုင်တဲ့ပမာဏ၂ရက်အတွင်းရပါသတဲ့။

သင်္ဂြုလ်ပြီးတပတ်မှာ Maung Maung myintthukhuma ရောက်လာပြီးရဲစခန်းကသိမ်းဆည်းထားတဲ့ဆွဲကြိုး၊ဘိနပ်နဲ့ပစ္စည်းတွေလာထုတ်ယူပါတယ်။ ပြေငြိမ်းအမှတ်တရvcdထဲမှာကျနော်တို့ပုံတွေပါတယ်ဒါကတော့ကျနော်ကြုံခဲ့ရတဲ့ အမှတ်တရတွေပါပဲ။အနှစ်၃၀တောင်ကြာခဲ့ပြီပဲ။

Credit to Mya Taung

(စာရေးဆရာသောင်းကေတု ၏ Facebook page မှကူးယူဖော်ပြထားပါသည်။ စာရေးဆရာသောင်းကေတု သည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို အငြိမ်းစားဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် နှစ်(၃၀)ခန့် သရုပ်ဆောင် ပြေငြိမ်း တောင်ငူမြို့အနီး ရုတ်တရက် ကွယ်လွန်ချိန် တွင် တောင်ငူဆေးရုံ တွင်ဆရာဝန်တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။)

Via chan myae zaw