ရေခဲသေတ္တာထဲမှာ စားသောက်စရာပစ္စည်းတွေကို စုပြုံပြီးထည့်ပြီးနောက် သန့်ရှင်းရေးမလုပ်နိုင်တဲ့အခါမှာ
သိုးတဲ့အစားအစာ အနံ့ပြင်းတဲ့အစားအစာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ရေခဲသေတ္တာထဲမှာ အနံ့တွေ စွဲကျန်လာတတ်ပါတယ်။
ရေခဲသေတ္တာထဲမှာ နံနေရင် ပထမဦးစွာ ရေခဲသေတ္တာရဲ့ မီးခလုတ်ကို ပိတ်ပြီး ပလပ်ကိုချွတ်ပါ။
ထို့နောက်မှာတော့ အထဲမှာရှိတဲ့ အစားအသောက်အားလုံးကို ထုတ်လိုက်ပါ။
ရေခဲသေတ္တာထဲက စင်တွေ၊ အောက်ဆုံးက အသီးအရွက်ထည့်တဲ့ ဇလားတွေ ကို အပြင်ထုတ်လိုက်ပါ။
ဆပ်ပြာမှုန့်ကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး မျက်နှာသုတ်ပုဝါသေးသေးလို ပျော့ပြောင်းနူးညံ့တဲ့ အဝတ်စမှာဆွတ်ပြီး ရေခဲသေတ္တာ အတွင်းပိုင်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပါ။
အထူးသဖြင့် အသားငါးတွေ၊ အအေးတွေက ကျနေတဲ့ အရည်တွေကို သေသေချာချာ လုံးဝပြောင်သွားတဲ့ထိ သုတ်ပါ။
အားလုံးပြီးသွားရင် အနံ့ပျောက်စေတဲ့ အောက်ဖော်ပြပါ ပစ္စည်းတစ်မျိုးမျိုးကို ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပိတ်ထားပါ။
အနံ့ပျောက်ပြီဆိုမှ ထုတ်ပြီး အစားအသောက်တွေ ပြန်ထည့်ပါ။
၁။ မီးသွေးသန့်သန့်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
၂။ ကွေကာအုတ်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
၃။ ကော်ဖီမှုန့်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
၄။ ရှာလကာရည်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
၅။ ဘိတ်ကင်းဆိုဒါ(BakingSoda)နဲ့ ရေခဲသေတ္တာအတွင်းပိုင်းကို ဖြူးပေးပါ။ နောက်ပြီး ဆိုဒါ အထုပ်လိုက်ထည့်ထားပါ
Credit