ၾကားသိရသမွ်

” မလုပ္ရဲတာဘာမွမရွိသူမ်ားႏွင့္ တိုင္းျပည္အနာဂတ္”

” မလုပ္ရဲတာဘာမွမရွိသူမ်ားႏွင့္ တိုင္းျပည္အနာဂတ္”

ဒီကေန႔ကြၽႏ္ုပ္တို႔ႏိုင္ငံမွာ…….

ျပည္သူအမ်ားစုကမၾကည္ျဖဴလို႔ မေပးအပ္တဲ့ႏိုင္ငံ့အခ်ဳပ္အျခာအာဏာကို လက္နက္အားကိုးနဲ႔ အတင္းအဓမၼလုယူထားၾကတဲ့အၾကမ္းဖက္စစ္အုပ္စုဟာ အျငႇိဳးအေတးႀကီးႀကီးနဲ႔ အျပစ္မဲ့ျပည္သူေတြကိုက‌ေလးလူႀကီးမေ႐ြး ရက္စက္စက္ အရွင္လတ္လတ္မ @ ီ းရႈိ႕သ–@-တ္တာေရာ၊ ေသနတ္နဲ႔ပ–@–စ္သ-@—တ္တာေရာ၊ ဖုထစ္‌ေရာင္ကိုင္းေနေအာင္ ႐ိုက္ႏွက္ႏွိပ္စက္ၿပီးမွသ- @—တ္တာေရာ အစုံလုပ္ေနၾကၿပီ……

အိုးအိမ္ေတြကိုဖ်က္ဆီး၊ လိုခ်င္တာေတြေျပာင္ေျပာင္တင္းတင္းသယ္ယူ၊ မလိုခ်င္လို႔က်န္တဲ့ပရိေဘာဂမွန္သမွ် သုံးမရေအာင္႐ိုက္ခြဲခ်ိဳးဖဲ့၊ ႐ြာလုံးကြၽတ္၊ ၿမိဳ႕လုံးကြၽတ္မတတ္ မ @ ီ းရႈိ႕ဖ်က္ဆီး…….

႐ြာေတြအိမ္ေတြဝင္ရင္ ေၾကာက္လို႔ထြက္ေျပးၾကတဲ့ျပည္သူ‌ေတြရဲ႕အိမ္ထဲက ထမင္းဟင္း‌ကိုယူစား ပိုတာေတြ သဲျဖဴး၊ အိုးထဲ မစင္‌ေတြပါခ်ထားခဲ့…….

ညၿခဳံအိပ္ခဲ့တဲ့ေစာင္ေတြ မနက္အျပန္မွာ ေသးနဲ႔ပန္း ေျမႀကီးေပၚခ်ႏွယ္၊ ဆန္အိတ္ေတြၿဖဲ အိမ္ေရွ႕ေျမျပင္ေပၚက်ဲခ်…….

ေမြးထားတဲ့တိရစာၦန္ေလးေတြ ပ–@-စ္သ–@-တ္ခဲ့ၾက…….

အမ်ိဳးသမီးေတြကိုလည္း စစ္ေဆးစရာရွိသေယာင္ အေၾကာင္းအမ်ိဳးမ်ိဳးျပဖမ္းဆီး သူတို႔ေနရာေရာက္တာနဲ႔ အဝတ္အစားေတြအတင္းဆြဲခြၽတ္ ညစ္ညစ္ပတ္ပတ္ လိင္‌ေစာ္ကား အၾကမ္းဖက္……..

ဘုရားလည္းၿဖိဳ ေက်ာင္းလည္းဖ်က္ ဘုန္းႀကီးလည္းသ–@–တ္ ယုက္မာပက္စက္တဲ့ အလုပ္မွန္သမွ် ျပည္သူကိုမ်က္ႏွာေျပာင္တိုက္ၿပီးလုပ္‌ေနၾကတာေတြပါ ေတြ႕ရေတာ့…..

အဲဒီအၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္ တခ်ိန္ကေျပာခဲ့တဲ့စကားကို အားလုံးမွတ္မိေနၾကမွာပဲ…….

“မလုပ္ရဲတာ ဘာမွမရွိဘူး”-ဆိုတဲ့စကား စကားထဲကဇာတိျပဆိုသလိုပဲ ဒါဟာလူ႔ဗာလတေယာက္ရဲ႕အတြင္းကစိတ္ကိုေဖာ္ျပတဲ့စကားလုံးမ်ိဳး……

ဆိုးတာေရာ ေကာင္းတာေရာ ဘာမဆိုလုပ္မယ္ဆိုတဲ့ ပညာမဲ့လူမိုက္စ႐ိုက္ဆန္ဆန္ပါပဲ……

ဒါဟာဂုဏ္ယူဝင့္ႂကြားစြာေႂကြးေၾကာ္ႀကဳံးဝါးအပ္တဲ့စကားလုံးလည္းမဟုတ္ပဲ အသိပညာနည္းလြန္းေၾကာင္းေဖာ္ျပတဲ့စကားသာျဖစ္မွန္းသိဖို႔လိုမယ္……

ေကာင္းမြန္ထက္ျမက္တဲ့ လက္႐ုံးရည္၊ ႏွလုံးရည္တစြန္းတစမွ မရွိသူပင္ျဖစ္လည္း မိမိမွာအင္အားရွိရင္ ဘယ္သူမဆိုလုပ္လို႔ေျပာလို႔ရတာမ်ိဳး…….

အလုပ္ဆိုရာမွာ ဓမၼဆန္ၿပီး သမာသမတ္က်မွ်တေကာင္းမြန္တဲ့အလုပ္ရွိသလို အဓမၼဆန္ၿပီး မသမာဆိုး႐ြား ေအာက္တန္းစားဆန္လြန္းတဲ့လုပ္ရပ္လည္းရွိတယ္…….

ႏိုင္ငံတခုမွာ အေရးပါအရာေရာက္တဲ့ေနရာတခုကိုယူခ်င္တဲ့သူ ယူထားတဲ့သူဟာ ပိုၿပီးဆင္ျခင္စဥ္းစား ေျပာဆို လုပ္ကိုင္သင့္တယ္…….

ကိုယ့္လုပ္ရပ္ဟာ တိုင္းျပည္နဲ႔လူထုဘဝ ႀကီးပြားတိုးတက္ေၾကာင္း ၿငိမ္းခ်မ္းသာယာေၾကာင္းျဖစ္ၿပီး ျပည္သူအမ်ားစုရဲ႕ ဂုဏ္ယူေလးစားဖြယ္သူေကာင္းဆန္တဲ့လုပ္ရပ္ျဖစ္ခဲ့ရင္ေတာ့ တိုင္းျပည္လည္း ေအးခ်မ္းသာယာ က်က္သေရမဂ္လာရွိတဲ့အလုပ္မ်ိဳးျဖစ္လာၿပီး ျပည္သူကလည္းခ်စ္လို႔

အတိုင္းတိုင္းအျပည္ျပည္က‌ေခါင္းေဆာင္ေတြအလယ္မွာ မိမိမ်က္ႏွာ ဂုဏ္သိကၡာလည္း ဝံ့ထည္လာမယ္ေပါ့…….

တိုင္းျပည္သူနဲ႔လူထုဘဝလည္း ေတာက္ေျပာင္မယ္ မိမိဂုဏ္သတင္းလည္း ထြန္းလင္းေက်ာ္ေဇာပါလိမ့္မယ္……..

ကိုယ့္လုပ္ရပ္ဟာ တိုင္းျပည္နဲ႔လူထုဘဝကို ဆုတ္ယုတ္ နိမ့္က်ပ်က္စီးေစၿပီး ေန႔စဥ္ႏွင့္အမွ်ပူပင္ေသာကေရာက္ၾကရေၾကာင္း စိုးရိမ္ထိန႔္လန႔္ၾကရေၾကာင္း သူေကာင္းမဆန္တဲ့လုပ္ရပ္ျဖစ္ခဲ့ရင္ေတာ့

တိုင္းျပည္လည္းမတည္မၿငိမ္နဲ႔ က်က္သေရမဂ္လာတုန္းဆိတ္ အနိဌာ႐ုံသာျပည့္ေနမယ့္အလုပ္မ်ိဳးျဖစ္သြားၿပီး ျပည္သူအမ်ားစုကလည္းမုန္းတီး႐ြံရွာ႐ုံမက

ကမာၻ႔ႏိုင္ငံအသီးသီးကေခါင္းေဆာင္ေတြအလယ္ ကိုယ္တိုင္လည္း ကိုယ့္အရည္အခ်င္း ကိုယ့္လုပ္ရပ္ေၾကာင့္ မ်က္ႏွာသိမ္ငယ္စြာနဲ႔ လူရာမဝင္ျဖစ္လာမွာပဲ…….

ဘုရားရွင္ေဟာျပထားတာရွိတယ္……..

“အသိအလိမၼာနည္းသူတေယာက္ လူ႔ေလာကထဲေရာက္လာတာဟာ လူအမ်ားဒုကၡေရာက္ေၾကာင္းပဲ”

အခုလည္း ဆိုးတာေကာင္းတာ၊ တရားတာမတရားတာမသိ

“မလုပ္ရဲတာဘာမွမရွိ” ဆိုသည့္ လူတေယာက္ေၾကာင့္ တိုင္းျပည္နဲ႔လူထုဘဝ ေဘးဆိုးဒုကၡႀကဳံၾက‌ရၿပီ……

ရန္သူမ်ိဳးငါးပါးထဲက အဆိုး႐ြားဆုံးေဘးနဲ႔ႀကဳံေနၾကရၿပီ……..

ပုဂၢိဳလ္ဆိုးတေယာက္နဲ႔ ေနာက္လိုက္အဖြဲ႕အစည္းဟာဒီလိုတက္ညီလက္ညီဆက္လက္ၿပီး ၾကမ္းၾကဳတ္ယုတ္မာ “မလုပ္ရဲတာဘာမွာမရွိ” ဆိုသည့္ပုံစံနဲ႔သြားေနတာကို တားဖို႔ႀကိဳးစားေနၾကရာမွာ

ကြၽႏ္ုပ္တို႔ျပည္သူေတြဘက္ကလည္း လူပီသစြာ လူ႔တာဝန္ေက်ႁပြန္စြာ တက္ညီလက္ညီ ဝင္မပါၾကရင္ျဖင့္ ကြၽႏ္ုပ္တို႔တိုင္းျပည္၊ ကြၽႏ္ုပ္တို႔ရွာေဖြစုေဆာင္းထားတဲ့ အိုးအိမ္စည္းစိမ္၊ ကြၽႏ္ုပ္တို႔ကေလးေလးေတြရဲ႕အနာဂတ္ေရွ႕ေရး အားလုံးကရင္ေလးစရာပါပဲ……..

#ဗိုလ္နဂါး

#ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္

” မလုပ်ရဲတာဘာမှမရှိသူများနှင့် တိုင်းပြည်အနာဂတ်”

ဒီကနေ့ကျွန်ုပ်တို့နိုင်ငံမှာ…….

ပြည်သူအများစုကမကြည်ဖြူလို့ မပေးအပ်တဲ့နိုင်ငံ့အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူထားကြတဲ့အကြမ်းဖက်စစ်အုပ်စုဟာ အငြှိုးအတေးကြီးကြီးနဲ့ အပြစ်မဲ့ပြည်သူတွေကိုက‌လေးလူကြီးမရွေး ရက်စက်စက် အရှင်လတ်လတ်မ @ ီ းရှို့သ–@-တ်တာရော၊ သေနတ်နဲ့ပ–@–စ်သ-@—တ်တာရော၊ ဖုထစ်‌ရောင်ကိုင်းနေအောင် ရိုက်နှက်နှိပ်စက်ပြီးမှသ- @—တ်တာရော အစုံလုပ်နေကြပြီ……

အိုးအိမ်တွေကိုဖျက်ဆီး၊ လိုချင်တာတွေပြောင်ပြောင်တင်းတင်းသယ်ယူ၊ မလိုချင်လို့ကျန်တဲ့ပရိဘောဂမှန်သမျှ သုံးမရအောင်ရိုက်ခွဲချိုးဖဲ့၊ ရွာလုံးကျွတ်၊ မြို့လုံးကျွတ်မတတ် မ @ ီ းရှို့ဖျက်ဆီး…….

ရွာတွေအိမ်တွေဝင်ရင် ကြောက်လို့ထွက်ပြေးကြတဲ့ပြည်သူ‌တွေရဲ့အိမ်ထဲက ထမင်းဟင်း‌ကိုယူစား ပိုတာတွေ သဲဖြူး၊ အိုးထဲ မစင်‌တွေပါချထားခဲ့…….

ညခြုံအိပ်ခဲ့တဲ့စောင်တွေ မနက်အပြန်မှာ သေးနဲ့ပန်း မြေကြီးပေါ်ချနှယ်၊ ဆန်အိတ်တွေဖြဲ အိမ်ရှေ့မြေပြင်ပေါ်ကျဲချ…….

မွေးထားတဲ့တိရစ္ဆာန်လေးတွေ ပ–@-စ်သ–@-တ်ခဲ့ကြ…….

အမျိုးသမီးတွေကိုလည်း စစ်ဆေးစရာရှိသယောင် အကြောင်းအမျိုးမျိုးပြဖမ်းဆီး သူတို့နေရာရောက်တာနဲ့ အဝတ်အစားတွေအတင်းဆွဲချွတ် ညစ်ညစ်ပတ်ပတ် လိင်‌စော်ကား အကြမ်းဖက်……..

ဘုရားလည်းဖြို ကျောင်းလည်းဖျက် ဘုန်းကြီးလည်းသ–@–တ် ယုက်မာပက်စက်တဲ့ အလုပ်မှန်သမျှ ပြည်သူကိုမျက်နှာပြောင်တိုက်ပြီးလုပ်‌နေကြတာတွေပါ တွေ့ရတော့…..

အဲဒီအကြမ်းဖက်အဖွဲ့ခေါင်းဆောင် တချိန်ကပြောခဲ့တဲ့စကားကို အားလုံးမှတ်မိနေကြမှာပဲ…….

“မလုပ်ရဲတာ ဘာမှမရှိဘူး”-ဆိုတဲ့စကား စကားထဲကဇာတိပြဆိုသလိုပဲ ဒါဟာလူ့ဗာလတယောက်ရဲ့အတွင်းကစိတ်ကိုဖော်ပြတဲ့စကားလုံးမျိုး……

ဆိုးတာရော ကောင်းတာရော ဘာမဆိုလုပ်မယ်ဆိုတဲ့ ပညာမဲ့လူမိုက်စရိုက်ဆန်ဆန်ပါပဲ……

ဒါဟာဂုဏ်ယူဝင့်ကြွားစွာကြွေးကြော်ကြုံးဝါးအပ်တဲ့စကားလုံးလည်းမဟုတ်ပဲ အသိပညာနည်းလွန်းကြောင်းဖော်ပြတဲ့စကားသာဖြစ်မှန်းသိဖို့လိုမယ်……

ကောင်းမွန်ထက်မြက်တဲ့ လက်ရုံးရည်၊ နှလုံးရည်တစွန်းတစမှ မရှိသူပင်ဖြစ်လည်း မိမိမှာအင်အားရှိရင် ဘယ်သူမဆိုလုပ်လို့ပြောလို့ရတာမျိုး…….

အလုပ်ဆိုရာမှာ ဓမ္မဆန်ပြီး သမာသမတ်ကျမျှတကောင်းမွန်တဲ့အလုပ်ရှိသလို အဓမ္မဆန်ပြီး မသမာဆိုးရွား အောက်တန်းစားဆန်လွန်းတဲ့လုပ်ရပ်လည်းရှိတယ်…….

နိုင်ငံတခုမှာ အရေးပါအရာရောက်တဲ့နေရာတခုကိုယူချင်တဲ့သူ ယူထားတဲ့သူဟာ ပိုပြီးဆင်ခြင်စဉ်းစား ပြောဆို လုပ်ကိုင်သင့်တယ်…….

ကိုယ့်လုပ်ရပ်ဟာ တိုင်းပြည်နဲ့လူထုဘဝ ကြီးပွားတိုးတက်ကြောင်း ငြိမ်းချမ်းသာယာကြောင်းဖြစ်ပြီး ပြည်သူအများစုရဲ့ ဂုဏ်ယူလေးစားဖွယ်သူကောင်းဆန်တဲ့လုပ်ရပ်ဖြစ်ခဲ့ရင်တော့ တိုင်းပြည်လည်း အေးချမ်းသာယာ ကျက်သရေမဂ်လာရှိတဲ့အလုပ်မျိုးဖြစ်လာပြီး ပြည်သူကလည်းချစ်လို့

အတိုင်းတိုင်းအပြည်ပြည်က‌ခေါင်းဆောင်တွေအလယ်မှာ မိမိမျက်နှာ ဂုဏ်သိက္ခာလည်း ဝံ့ထည်လာမယ်ပေါ့…….

တိုင်းပြည်သူနဲ့လူထုဘဝလည်း တောက်ပြောင်မယ် မိမိဂုဏ်သတင်းလည်း ထွန်းလင်းကျော်ဇောပါလိမ့်မယ်……..

ကိုယ့်လုပ်ရပ်ဟာ တိုင်းပြည်နဲ့လူထုဘဝကို ဆုတ်ယုတ် နိမ့်ကျပျက်စီးစေပြီး နေ့စဉ်နှင့်အမျှပူပင်သောကရောက်ကြရကြောင်း စိုးရိမ်ထိန့်လန့်ကြရကြောင်း သူကောင်းမဆန်တဲ့လုပ်ရပ်ဖြစ်ခဲ့ရင်တော့

တိုင်းပြည်လည်းမတည်မငြိမ်နဲ့ ကျက်သရေမဂ်လာတုန်းဆိတ် အနိဌာရုံသာပြည့်နေမယ့်အလုပ်မျိုးဖြစ်သွားပြီး ပြည်သူအများစုကလည်းမုန်းတီးရွံရှာရုံမက

ကမ္ဘာ့နိုင်ငံအသီးသီးကခေါင်းဆောင်တွေအလယ် ကိုယ်တိုင်လည်း ကိုယ့်အရည်အချင်း ကိုယ့်လုပ်ရပ်ကြောင့် မျက်နှာသိမ်ငယ်စွာနဲ့ လူရာမဝင်ဖြစ်လာမှာပဲ…….

ဘုရားရှင်ဟောပြထားတာရှိတယ်……..

“အသိအလိမ္မာနည်းသူတယောက် လူ့လောကထဲရောက်လာတာဟာ လူအများဒုက္ခရောက်ကြောင်းပဲ”

အခုလည်း ဆိုးတာကောင်းတာ၊ တရားတာမတရားတာမသိ

“မလုပ်ရဲတာဘာမှမရှိ” ဆိုသည့် လူတယောက်ကြောင့် တိုင်းပြည်နဲ့လူထုဘဝ ဘေးဆိုးဒုက္ခကြုံကြ‌ရပြီ……

ရန်သူမျိုးငါးပါးထဲက အဆိုးရွားဆုံးဘေးနဲ့ကြုံနေကြရပြီ……..

ပုဂ္ဂိုလ်ဆိုးတယောက်နဲ့ နောက်လိုက်အဖွဲ့အစည်းဟာဒီလိုတက်ညီလက်ညီဆက်လက်ပြီး ကြမ်းကြုတ်ယုတ်မာ “မလုပ်ရဲတာဘာမှာမရှိ” ဆိုသည့်ပုံစံနဲ့သွားနေတာကို တားဖို့ကြိုးစားနေကြရာမှာ

ကျွန်ုပ်တို့ပြည်သူတွေဘက်ကလည်း လူပီသစွာ လူ့တာဝန်ကျေပြွန်စွာ တက်ညီလက်ညီ ဝင်မပါကြရင်ဖြင့် ကျွန်ုပ်တို့တိုင်းပြည်၊ ကျွန်ုပ်တို့ရှာဖွေစုဆောင်းထားတဲ့ အိုးအိမ်စည်းစိမ်၊ ကျွန်ုပ်တို့ကလေးလေးတွေရဲ့အနာဂတ်ရှေ့ရေး အားလုံးကရင်လေးစရာပါပဲ……..

#ဗိုလ်နဂါး

#မြန်မာ့တော်ဝင်နဂါးတပ်တော်