ခ်ိတ္ပိတ္ထားသည့္ ပန္ဆယ္လို၏ေနအိမ္အား ရဟန္းတပါးမွ ေက်ာင္းအျဖစ္ အလႉခံရန္ ေတာင္းဆိုလာတဲ့အခါ…ရဟန္းတစ္ပါးက အာဏာသိမ္းစစ္တပ္ကသိမ္းၿပီး ခ်ိတ္ပိတ္ထားတဲ့ ပန္ဆယ္လိုရဲ႕ ေနအိမ္ကိုေက်ာင္းအျဖစ္ အလႉခံခ်င္တယ္ ဆိုၿပီး ေဖ့စ္ဘုတ္မွာ ပို႔စ္တင္တယ္။အဲဒီပို႔စ္ေအာက္မွာ ေထာက္ခံ အားေပးထားတဲ့သူေတြေရာ၊ ဆဲတဲ့သူေတြေရာ စုံေနတာပဲ။
ေထာက္ခံအားေပးသူေတြထဲမွာ ရဟန္းေတြေတာ္ေတာ္မ်ားမ်ားပါတယ္။တစ္ခု စဥ္းစားမိလိုက္တယ္။ ရဟန္းေတာ္ေတြအေနနဲ႔ သူမ်ားႏိုင္ငံမွာေရာကိုယ့္ႏိုင္ငံထဲမွာပါ ဗုဒၶဘာသာ မဟုတ္တဲ့ သူေတြကို သာသနာျပဳဖို႔ ထားပါဦး။ ဗုဒၶဘာသာျဖစ္ၿပီးသားသူေတြကိုေတာင္ ဘာသာ သာသနာကို စိတ္ပ်က္သြားေအာင္ လုပ္တဲ့ပုံ ျဖစ္ေနတယ္။
ဆိုလိုတာက မၾကည္ညိဳေသးတဲ့ သူေတြကို ၾကည္ညိဳေအာင္ လုပ္ဖို႔ဆိုတာထက္ ၾကည္ညိဳၿပီးသားသူေတြကိုေတာင္ အၾကည္ညိဳပ်က္ေအာင္ လုပ္ပစ္သလို ျဖစ္ေနတယ္ဆိုတာပါပဲ။
ေနာက္ၿပီး ေျပာေသးတယ္ သူတို႔ကပဲ ဘာသာ သာသနာ မကြယ္ေအာင္ ေစာင့္ေရွာက္တယ္ တဲ့။ စစ္တပ္ မေထာက္ခံတဲ့သူတိုင္းကို သာသနာဖ်က္တယ္လို႔ ယူဆထားၾကပုံပဲ။
စစ္တပ္ကို သာသနာလို႔ ယူဆထားတာလား၊ သာသနာကိုပဲ စစ္တပ္လို႔ ယူဆထားတာလားေတာ့ မသိဘူး။ စစ္တပ္ကို ေဝဖန္ရင္ သာသနာဖ်က္တယ္လို႔ တန္းေျပာၾကတယ္။တစ္ခ်ိဳ႕ပုဂၢိဳလ္ေတြ သာသနာတြင္းဝင္ၿပီး ဓာတ္လိုလို နတ္လိုလိုေတြနဲ႔ လုပ္ေနတာဟာ သာသနာျပဳတာ မဟုတ္ဘူး။
အဲဒါဟာ ဘုရားအဆုံးအမ တရားစစ္ တရားမွန္ျဖစ္တဲ့ သာသနာကို ပူးသတ္ဖ်က္ဆီးေနျခင္းသာ ျဖစ္တယ္ဆိုတာကို သေဘာမေပါက္တာလား မသိဘူး။အဲဒါမွ သာသနာဖ်က္လို႔ ေျပာရမွာ။
ဘုရားအဆုံးအမ ဦးတည္ခ်က္ကို ဖ်က္တာ။ ဘုရားရဲ႕တရားေတြဟာ က်င့္သုံးလို႔ပဲျဖစ္ျဖစ္ ႐ြတ္ဖတ္လို႔ပဲ ျဖစ္ျဖစ္ ကိေလသာေတြ ကင္းေနရင္ ကုသိုလ္ရေနမွာပါပဲ။ဘုရားကလည္း သူ႔တရားေတြကို ကိေလသာေတြ တဒဂၤ၊ ဝိကၡမၻန၊ သမုေစၦဒဆိုၿပီး ပဟာန္သုံးပါးနဲ႔ ပယ္ရွင္းႏိုင္ဖို႔ ေဟာခဲ့တာပဲ။
ဘာေတြဘယ္ေလာက္ပဲ႐ြတ္႐ြတ္ သူမ်ားအေပၚသတ္လိုမႈ၊သူမ်ားအိုးအိမ္ေတြ ဖ်က္ဆီးလိုမႈေတြမွာေအာင္ျမင္ခ်င္တဲ့ စိတ္နဲ႔႐ြတ္ၾကမယ္ဆိုရင္ေတာ့ ကုသိုလ္တစ္ပဲငရဲတစ္ပိႆာ ျဖစ္ေနမယ္ဆိုတာကေတာ့ သိပ္စဥ္းစားစရာ မလိုပါဘူး။
ဒီေန႔ေခတ္လူငယ္ေတြကို ခ်မ္းသာခ်င္ရင္ ဒီဂါထာ႐ြတ္ပါ၊ ဒီတရားကို႐ြတ္ပါ၊ ဒီသုတ္ကို႐ြတ္ပါ စသည္ျဖင့္ ေျပာရင္ လက္ခံမည့္သူ နည္းသြားၿပီ။ကမာၻမွာ အင္အားႀကီးႏိုင္ငံေတြျဖစ္တဲ့ အေမရိကတို႔ အဂၤလန္တို႔ စတဲ့ ႏိုင္ငံေတြ ခ်မ္းသာေနတာ၊
ေနရာတကာ မ်က္ႏွာပြင့္ေနတာ၊ ေအာင္ျမင္မႈေတြ ရေနတာဟာ အဲဒါမ်ိဳးေတြ ႐ြတ္လို႔ ရေနတာမွ မဟုတ္တာလို႔ ျပန္ေျပာၾကလိမ့္မယ္။ျမန္မာျပည္ႀကီးမွာ ဒီေလာက္႐ြတ္ဖတ္ေနၾကပါရက္နဲ႔ ဘာလို႔ ဆင္းရဲတြင္းက နက္သထက္နက္ေနတာလဲ ဆိုတာမ်ိဳးေတြလည္း ျပန္ေမးၾကလိမ့္မယ္။
ဘာသာတရားက စိတ္ျဖဴစင္သန႔္ရွင္းၿပီး ကိေလသာနည္းပါးျခင္း၊ ကုန္ခမ္းျခင္းဆိုတဲ့ အေခ်ေနတစ္ရပ္ကို ဦးေဆာင္တယ္ (နိဗၺာန္)။ႏိုင္ငံတည္ေဆာက္တာက စီးပြားေရး၊ က်န္းမာေရး၊ စားဝတ္ေနေရးေတြကို အဆင္ေျပတဲ့ အေခ်ေနတစ္ရပ္ကို ဦးေဆာင္တယ္။ ဦးတည္ခ်က္က တစ္ျခားစီပဲ။
အဲဒါကို ဦးတည္ခ်က္ေတြ ကေမာက္ကမျဖစ္ေအာင္ သြားသြားလုပ္ရင္ ေျဖရွင္းရခက္မယ္။တရားနဲ႔ ႏိုင္ငံ့တာဝန္ဟာ တစ္ခုခ်င္းစီ သီးသန႔္အခ်ိန္ယူ က်င့္သုံးေနရမွာ မဟုတ္ေပမယ့္ ဦးတည္ခ်က္ကိုေတာ့ ဘယ္လိုမွ တူေအာင္ လုပ္လို႔မရဘူး။ဆိုလိုတာက စီးပြားျဖစ္ဖို႔ တရားရွာ၊ ဘုရားေဟာေဒသနာေတြ႐ြတ္၊ နိဗၺာန္ရဖို႔ စီးပြားလုပ္ဆိုတာမ်ိဳးေတြေပါ့။ေျပာခ်င္တာက ကိေလသာ မဝင္ဖို႔၊ ဘုရားကို ပူေဇာ္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ႐ြတ္ဖတ္ပူေဇာ္တာမ်ိဳး၊ က်င့္သုံးတာမ်ိဳးပဲ ျဖစ္သင့္တယ္။
ဒီလိုမွ မဟုတ္ရင္ေတာ့ ဘုရားေဒသနာေတြက ဓာတ္လိုလို နတ္လိုလို မႏၲာန္သေဘာပဲ သက္ေရာက္သြားေတာ့မွာပါ။ ဝဋၬသုတ္႐ြတ္ရင္ မီးသတ္ဌာနေတြ မလိုေတာ့ဘူး။အဂၤုလိမာလသုတ္႐ြတ္ရင္ သားဖြားဆရာမေတြ မလိုေတာ့ဘူး စသည္ျဖင့္
ေစာဒကတက္လာရင္ ႐ြတ္တဲ့သူကိုယ္တိုင္က သီလ သမာဓိ မရွိတာ ဘာညာနဲ႔ ကိုယ္ပဲ ျပန္ခံေနရဦးမွာပဲ။အဲဒီေတာ့ ဘာသာေရးနဲ႔ ႏိုင္ငံေရးဟာ ဦးတည္ခ်က္ မတူၾကလို႔ တူေအာင္လိုက္မညႇိပဲ
သူ႔အတိုင္းထားလိုက္တာ အေကာင္းဆုံးပဲ။ ဘုရားကလည္း အညာဟိ လာဘူပနိသာ၊ အညာ နိဗၺာနဂါမိနီ လို႔ ေဟာထားတာပဲ။ကိုယ့္အျမင္ ေျပာတာပါ။ ကိုယ္ကလည္း မျပည့္တဲ့အိုး ေဘာင္ဘင္ခတ္ ဆိုတာလို မၾကာမၾကာ လုပ္တတ္တယ္။
Credit
Zawgyi
ချိတ်ပိတ်ထားသည့် ပန်ဆယ်လို၏နေအိမ်အား ရဟန်းတပါးမှ ကျောင်းအဖြစ် အလှူခံရန် တောင်းဆိုလာတဲ့အခါ…ရဟန်းတစ်ပါးက အာဏာသိမ်းစစ်တပ်ကသိမ်းပြီး ချိတ်ပိတ်ထားတဲ့ ပန်ဆယ်လိုရဲ့ နေအိမ်ကိုကျောင်းအဖြစ် အလှူခံချင်တယ် ဆိုပြီး ဖေ့စ်ဘုတ်မှာ ပို့စ်တင်တယ်။အဲဒီပို့စ်အောက်မှာ ထောက်ခံ အားပေးထားတဲ့သူတွေရော၊ ဆဲတဲ့သူတွေရော စုံနေတာပဲ။
ထောက်ခံအားပေးသူတွေထဲမှာ ရဟန်းတွေတော်တော်များများပါတယ်။တစ်ခု စဉ်းစားမိလိုက်တယ်။ ရဟန်းတော်တွေအနေနဲ့ သူများနိုင်ငံမှာရောကိုယ့်နိုင်ငံထဲမှာပါ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေကို သာသနာပြုဖို့ ထားပါဦး။ ဗုဒ္ဓဘာသာဖြစ်ပြီးသားသူတွေကိုတောင် ဘာသာ သာသနာကို စိတ်ပျက်သွားအောင် လုပ်တဲ့ပုံ ဖြစ်နေတယ်။
ဆိုလိုတာက မကြည်ညိုသေးတဲ့ သူတွေကို ကြည်ညိုအောင် လုပ်ဖို့ဆိုတာထက် ကြည်ညိုပြီးသားသူတွေကိုတောင် အကြည်ညိုပျက်အောင် လုပ်ပစ်သလို ဖြစ်နေတယ်ဆိုတာပါပဲ။
နောက်ပြီး ပြောသေးတယ် သူတို့ကပဲ ဘာသာ သာသနာ မကွယ်အောင် စောင့်ရှောက်တယ် တဲ့။ စစ်တပ် မထောက်ခံတဲ့သူတိုင်းကို သာသနာဖျက်တယ်လို့ ယူဆထားကြပုံပဲ။
စစ်တပ်ကို သာသနာလို့ ယူဆထားတာလား၊ သာသနာကိုပဲ စစ်တပ်လို့ ယူဆထားတာလားတော့ မသိဘူး။ စစ်တပ်ကို ဝေဖန်ရင် သာသနာဖျက်တယ်လို့ တန်းပြောကြတယ်။တစ်ချို့ပုဂ္ဂိုလ်တွေ သာသနာတွင်းဝင်ပြီး ဓာတ်လိုလို နတ်လိုလိုတွေနဲ့ လုပ်နေတာဟာ သာသနာပြုတာ မဟုတ်ဘူး။
အဲဒါဟာ ဘုရားအဆုံးအမ တရားစစ် တရားမှန်ဖြစ်တဲ့ သာသနာကို ပူးသတ်ဖျက်ဆီးနေခြင်းသာ ဖြစ်တယ်ဆိုတာကို သဘောမပေါက်တာလား မသိဘူး။အဲဒါမှ သာသနာဖျက်လို့ ပြောရမှာ။
ဘုရားအဆုံးအမ ဦးတည်ချက်ကို ဖျက်တာ။ ဘုရားရဲ့တရားတွေဟာ ကျင့်သုံးလို့ပဲဖြစ်ဖြစ် ရွတ်ဖတ်လို့ပဲ ဖြစ်ဖြစ် ကိလေသာတွေ ကင်းနေရင် ကုသိုလ်ရနေမှာပါပဲ။ဘုရားကလည်း သူ့တရားတွေကို ကိလေသာတွေ တဒင်္ဂ၊ ဝိက္ခမ္ဘန၊ သမုစ္ဆေဒဆိုပြီး ပဟာန်သုံးပါးနဲ့ ပယ်ရှင်းနိုင်ဖို့ ဟောခဲ့တာပဲ။
ဘာတွေဘယ်လောက်ပဲရွတ်ရွတ် သူများအပေါ်သတ်လိုမှု၊သူများအိုးအိမ်တွေ ဖျက်ဆီးလိုမှုတွေမှာအောင်မြင်ချင်တဲ့ စိတ်နဲ့ရွတ်ကြမယ်ဆိုရင်တော့ ကုသိုလ်တစ်ပဲငရဲတစ်ပိဿာ ဖြစ်နေမယ်ဆိုတာကတော့ သိပ်စဉ်းစားစရာ မလိုပါဘူး။
ဒီနေ့ခေတ်လူငယ်တွေကို ချမ်းသာချင်ရင် ဒီဂါထာရွတ်ပါ၊ ဒီတရားကိုရွတ်ပါ၊ ဒီသုတ်ကိုရွတ်ပါ စသည်ဖြင့် ပြောရင် လက်ခံမည့်သူ နည်းသွားပြီ။ကမ္ဘာမှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကတို့ အင်္ဂလန်တို့ စတဲ့ နိုင်ငံတွေ ချမ်းသာနေတာ၊
နေရာတကာ မျက်နှာပွင့်နေတာ၊ အောင်မြင်မှုတွေ ရနေတာဟာ အဲဒါမျိုးတွေ ရွတ်လို့ ရနေတာမှ မဟုတ်တာလို့ ပြန်ပြောကြလိမ့်မယ်။မြန်မာပြည်ကြီးမှာ ဒီလောက်ရွတ်ဖတ်နေကြပါရက်နဲ့ ဘာလို့ ဆင်းရဲတွင်းက နက်သထက်နက်နေတာလဲ ဆိုတာမျိုးတွေလည်း ပြန်မေးကြလိမ့်မယ်။
ဘာသာတရားက စိတ်ဖြူစင်သန့်ရှင်းပြီး ကိလေသာနည်းပါးခြင်း၊ ကုန်ခမ်းခြင်းဆိုတဲ့ အချေနေတစ်ရပ်ကို ဦးဆောင်တယ် (နိဗ္ဗာန်)။နိုင်ငံတည်ဆောက်တာက စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတွေကို အဆင်ပြေတဲ့ အချေနေတစ်ရပ်ကို ဦးဆောင်တယ်။ ဦးတည်ချက်က တစ်ခြားစီပဲ။
အဲဒါကို ဦးတည်ချက်တွေ ကမောက်ကမဖြစ်အောင် သွားသွားလုပ်ရင် ဖြေရှင်းရခက်မယ်။တရားနဲ့ နိုင်ငံ့တာဝန်ဟာ တစ်ခုချင်းစီ သီးသန့်အချိန်ယူ ကျင့်သုံးနေရမှာ မဟုတ်ပေမယ့် ဦးတည်ချက်ကိုတော့ ဘယ်လိုမှ တူအောင် လုပ်လို့မရဘူး။ဆိုလိုတာက စီးပွားဖြစ်ဖို့ တရားရှာ၊ ဘုရားဟောဒေသနာတွေရွတ်၊ နိဗ္ဗာန်ရဖို့ စီးပွားလုပ်ဆိုတာမျိုးတွေပေါ့။ပြောချင်တာက ကိလေသာ မဝင်ဖို့၊ ဘုရားကို ပူဇော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွတ်ဖတ်ပူဇော်တာမျိုး၊ ကျင့်သုံးတာမျိုးပဲ ဖြစ်သင့်တယ်။
ဒီလိုမှ မဟုတ်ရင်တော့ ဘုရားဒေသနာတွေက ဓာတ်လိုလို နတ်လိုလို မန္တာန်သဘောပဲ သက်ရောက်သွားတော့မှာပါ။ ဝဋ္ဋသုတ်ရွတ်ရင် မီးသတ်ဌာနတွေ မလိုတော့ဘူး။အင်္ဂုလိမာလသုတ်ရွတ်ရင် သားဖွားဆရာမတွေ မလိုတော့ဘူး စသည်ဖြင့်
စောဒကတက်လာရင် ရွတ်တဲ့သူကိုယ်တိုင်က သီလ သမာဓိ မရှိတာ ဘာညာနဲ့ ကိုယ်ပဲ ပြန်ခံနေရဦးမှာပဲ။အဲဒီတော့ ဘာသာရေးနဲ့ နိုင်ငံရေးဟာ ဦးတည်ချက် မတူကြလို့ တူအောင်လိုက်မညှိပဲ
သူ့အတိုင်းထားလိုက်တာ အကောင်းဆုံးပဲ။ ဘုရားကလည်း အညာဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ လို့ ဟောထားတာပဲ။ကိုယ့်အမြင် ပြောတာပါ။ ကိုယ်ကလည်း မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုတာလို မကြာမကြာ လုပ်တတ်တယ်။
Credit
Continue Reading