ဗဟုသုတ

ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံးမင်း (သို့) ဖေါင်းကားစားမောင်မောင်

နန်းသက် (၇)ရက်ပဲ စံခဲ့ရတဲ့မင်း (သို့) အာဏာသိမ်းတာ မအောင်မြင်လို့ ကွပ်မျက်ခံရတဲ့ ဘုရင်

ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံးမင်း (သို့) ဖေါင်းကားစားမောင်မောင်

ဖောင်းကားစားသည် အလောင်းမင်းတရား ၏ မြေးတော် ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော် ဖြစ်သည်။ သမန်းဖောင်းကားရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။

ဘိုးတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက သားတော်များအား အကြီးဆုံး နောင်တော်ကြီး မှ အစပြုပြီး ညီတော် အစဉ်အတိုင်း မင်းပြုရမည်ဟု မှာကြားခဲ့လေသည်။

နောင်တော်ကြီးတွင် သားတော် “ဖောင်းကားစား မောင်မောင်” ရှိသည်။ နောင်တော်ကြီးသည် ခမည်းတော် အမိန့်ကို နာခံသောအားဖြင့် မိမိ သားတော်ကို နန်းရံ မထားဘဲ ညီတော် မြေဒူးမင်းကိုသာ နန်းရံ ထားခဲ့သည်။

ယခု မြေဒူးမင်းကမူ သူ၏သားတော် စဉ့်ကူးမင်းကို နန်းရံထားလေသောကြောင့် ဖောင်းကားစား မောင်မောင်က မကျေမနပ် ဖြစ်၍ အရေးအခင်း ပေါ်လာခဲ့ရခြင်း ဖြစ်ပါသည်။

ဆင်ဖြူရှင်လွန်၍ စဉ့်ကူးမင်း နန်းတက်သောအခါ မိမိထီးနန်းကို အန္တရာယ် ဖြစ်စေနိုင်မည့် သူတွေကို ဖယ်ရှားပြီးသော် နေ့စဉ် နန်းတော်တွင် အရက်သောက်ခြင်း၊ ကခုန်ခြင်း၊ ကြက်တိုက်ခြင်းများဖြင့် ပျော်ပါးလေ၏။

လွှတ်တော် အစည်းအဝေးကိုလည်း မှန်မှန် မတက်သဖြင့် ဝန်ကြီးများ၊ မှူးမတ်များမှ မကြည်ညိုု ကြတော့ပေ။ သို့သော် စဉ့်ကူးမင်းသည် မိမိ လုပ်ချင်သည်ကိုသာ လုပ်နေပြီး မည်သူကိုမှ ဂရု မစိုက်ပေ။ ပျော်ချင်တိုင်း ပျော်နေပြီး မိမိ ရှေ့ရှေးအတွက်ပင် စိတ်မပူခဲ့ပေ။

ထိုသို့ နန်းစံနေပြီး ခရစ် သက္ကရာဇ် ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အင်းဝ နေပြည်တော်သည် ပျင်းဖို့ ကောင်းသည်ဟု ဆိုပြီး မယ်တော် အပါအဝင် မိဖုရား မောင်းမ အပေါင်းတို့နှင့် သက်တော်စောင့် ရဲမက်၂ ထောင်ကျော်ဖြင့် အညာ သီဟတောသို့ ဘုရားဖူး ထွက်လေသည် ။

စဉ့်ကူးမင်း အညာသီဟတောသို့ ဘုရားဖူးထွက်နေစဉ် ဖောင်းကားစား မောင်မောင်သည် ညအချိန်တွင် ဘုရင်ကဲ့သို့ မင်းခမ်းမင်းနားဖြင့် အင်းဝနေပြည်တော်သို့ ရောက်လာလေ၏။

တံခါးမှူးတို့လည်း မင်းခမ်းမင်းနား ဖြင့် အင်းဝဘုရင့်အလံများ ထောင်ထားသည်ကို တွေ့သဖြင့် မမေးမြန်းဘဲ တံခါးကို ဖွင့်ပေးလေသည်။ နန်းတော်တံခါးမှူးလည်း ဘုရင် ပြန်လာသည်ဟုသာ ထင်ပြီး တံခါး ဖွင့်ပေးလေ၏။

 

ဖောင်းကားစား မောင်မောင် သည် ဝန်ကြီးချူပ်ဟောင်း မဟာသီဟသူရ ၏ အကူအညီဖြင့် အင်းဝ နန်းတော် ကို သိမ်းပိုက်နိုင်လေ၏ ။ လွှတ်တော် ဝန်ရှင်တော်မင်းနှင့် မှူးမတ်များကို ဘုရင့် အမိန့်တော်ဖြင့် နန်းတော်သို့ ဝင်ရောက်စေပြီး အားလုံးကို သစ္စာပေးလေသည်။

၀န်ကြီးများ၊ မှူးမတ်များလည်း ကြောက်ရွံသဖြင့် သစ္စာ ခံကြလေ၏။ မဟာသီဟသူရကို သက်တော်ရှည် မင်းအတိုင်အပင်ခံ ဝန်ကြီးချူပ်အဖြစ် ဖောင်းကားစား မောင်မောင်မှ ခန့်အပ်လေ၏။

ထိုနောက် အလောင်းဘုရား၏ သားတော်များဖြစ်သည့် ဗဒုံမင်းသားကြီး၊ ပခန်းမင်းသားကြီး နှင့် ပင်းတလဲ မင်းသားကြီးတို့ကို အင်းဝသို့ ပြန်လည် ခေါ်ဆောင်ပြီး အိမ်တော်ဟောင်းတွင် အကျယ်ချူပ် ထားလေ၏။

အင်းဝမြို့ကို မိမိ၏ သစ္စာခံ ဗိုလ်မှူးများဖြင့် အုပ်ချူပ်စေပြီး စစ်ရေးကိစ္စ တို့ကိုလည်း စီရင်လေသည်။ ဖောင်းကားစားမောင်မောင် နှင့် အတူပါလာသော ရွာသားများ၊ တောသားများသည် အင်းဝနေပြည်တော်၏ ကြီးကျယ်မှုကို မြင်ရသောအခါ လောဘတက်ပြီး ဘုရင်နာမည်ဖြင့် သူဌေးအိမ်တွေထံ ဝင်ကာ ရမ်းကား လေ၏။ လိုချင်သမျှတို့ကိုလည်း လုယူလေ၏။ (တူလိုက်ပုံများ)

ထိုအခြင်းအရာကို မြင်သော ဗဒုံမင်းသားသည် စိတ်မချမ်းမမြေ့ ဖြစ်ရလေသည်။

ထိုအခါ ဗဒုံမင်းသားထံ ခစားနေသော ဦးပေါ်ဦးမှ အလောင်းမင်းတရားကို သစ္စာရှိနေသေးသော အမတ်များ၊ ဗိုလ်မှူးများ နှင့် ဗဒုံမင်းသားကို တွေ့ဆုံနိုင်အောင် လျှိူ့ဝှက် စီစဉ်ပေးလေသည်။

ဖောင်းကားစား မောင်မောင်မှ အင်းဝနန်းကို သိမ်းပိုက် လိုက်သောအခါ ဇေတဝန် ဆောင်တော်မြဲ မောင်လှသည် နန်းတော်မှ ထွက်ပြေးပြီး စဉ့်ကူးမင်း ရှိရာသို့ အပြေးအလွှား သွားကာ နန်းတော် သိမ်းပိုက်ခံရကြောင်း လျှောက်တင်လေ၏။

စဉ့်ကူးမင်းလည်း အင်းဝကို ပြန်လည် သိမ်းရန် စီရင်ကာ ကျောက်မြောင်းမြို့သို့ ဝင်လေသည်။ သို့သော် စစ်သည်ဗိုလ်ပါများ အလွန်နည်းသဖြင့် ရှမ်းပြည်စော်ဘွားများထံ အကူအညီ တောင်းရန်အတွက် မြစ်ညာသို့ ဆန်တက်လေ၏။

သို့သော် ခရီးလမ်း တစ်လျှာက်တွင် နေပြည်တော်မှ ပါလာသော ဗိုလ်မှူး၊ တပ်မှူးများ ရဲမက်များ အသီးသီး ထွက်ပြေးကြရာ နောက်ဆုံးတွင် ဖောင်တော်ကို ဆွဲငင်မည့်သူ မရှိ ဖြစ်သွားလေသည်။

စဉ့်ကူးမင်းလည်း ကြံရာမရ ဖြစ်ပြီး ကျန်ရှိနေသော မိဖုရားနှင့် မောင်းမ၊ အခြွေအရံတော် အနည်းအငယ်တို့နှင့် ကံအတိုင်းသာ ဖြစ်ပါစေတော့ဟု ဆိုကာ အင်းဝသို့ စုန်ဆင်းလေ၏။ ဖောင်တော်ကို မောင်းမနှင့် အခြွေအရံများမှ ဆွဲငင် လှော်လာခဲ့ရလေ၏။

ဖောင်းကားစား မောင်မောင် အင်းဝနန်းတော်ကို သိမ်းပိုက်ထားပြီး ၇ ရက်မြောက်နေ့တွင် ဗဒုံမင်းသား မှ အင်းဝနန်းတော်ကို ဝင်စီးလေသည်။ ဗဒုံမင်းသား ကိုယ်တိုင် ဦးဆောင်ပြီး မြင်သမျှ ခုခံသူ မှန်သမျှ ရှင်းပစ် လေ၏။

အလောင်းမင်းတရား ကို သစ္စာခံသူ အများအပါး ပါဝင်သဖြင့် အရေးတော်ပုံ အောင်မြင် လေ သည်။ ဖောင်းကားစား မောင်မောင် ကိုလည်း ဖမ်းမိသော နေရာတွင် ဗဒုံမင်းသား ကိုယ်တိုင် ကွပ်မျက်ပစ်လေ၏။

အင်းဝသို့ စုန်ဆင်းလာသော စဉ့်ကူးမင်း ကိုလည်း ဖမ်းဆီးလာစေပြီး ရေချကွပ်မျက်လေ၏။ မိဖုရား ၄ ပါး လည်း အတူတူ ကွပ်မျက် ခြင်း ခံရလေသည်။

ဖေါင်းကားစားမောင်မောင် နန်းတက်စက မိမိကိုးကွယ်သည့် ဗေဒင် နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်အား နန်းတွင်းသို့ ပင့်ဖိတ်ကာ ဆွမ်းကပ်စဉ်က ဆရာတော်က အနောက်အရပ်မှ ကုက္ကိုပင်အား ရှင်းလင်းရန် မိန့်ကြားသေးသည်။

ဝိနည်းလွှတ်ရန် ထိုကဲ့သို့ သွယ်ဝိုက် မိန့်ကြားခဲ့ခြင်း ဖြစ်ပြီး အဓိပ္ပါယ်မှာ တနင်္လာနံဖြစ်သည့် ဗဒုံ မင်းသားအား သုတ်သင်ပစ်ရန် ဖြစ်သော်လည်း နားမလည်သည့် မောင်မောင်က တကယ်ပင် ကုက္ကိုပင်များကို ခုတ်လှဲပစ်ခဲ့သေးသည်။

မြန်မာ့ သမိုင်းတွင် ၇ ရက်သာ နန်းစံခဲ့ရပြီး နန်းသက် အတိုဆုံး ဘုရင်များအနက် တစ်ပါးအဖြစ် မှတ်တမ်း ဝင်ခဲ့သောမင်း၊ အရည်အချင်းညံ့သည့် မင်းတစ်ပါးဟုလည်း ရာဇဝင်သမိုင်း တစ်ချို့က ဆိုကြပါသည်။

#Min gyi

𝚂𝚘𝚞𝚛𝚌𝚎:သမိုင်းမှတ်စုများ၊ ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီး။

𝐶𝑟𝑒𝑑𝑖𝑡:𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑊𝑟𝑖𝑡𝑒𝑟

Zawgyi ဖြင့် ဖတ်ရန်

နန္းသက္ (၇)ရက္ပဲ စံခဲ့ရတဲ့မင္း (သို႔) အာဏာသိမ္းတာ မေအာင္ျမင္လို႔ ကြပ္မ်က္ခံရတဲ့ ဘုရင္

ကုန္းေဘာင္ေခတ္ရဲ႕ နန္းသက္အတိုဆုံးမင္း (သို႔) ေဖါင္းကားစားေမာင္ေမာင္

ေဖာင္းကားစားသည္ အေလာင္းမင္းတရား၏ ေျမးေတာ္ျဖစ္ၿပီး ေနာင္ေတာ္ႀကီးမင္း၏ သားေတာ္ ျဖစ္သည္။ သမန္းေဖာင္းကား႐ြာကို စားရ၍ ေဖာင္းကားစားဟု အမည္တြင္သည္။

ဘိုးေတာ္ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်က သားေတာ္မ်ားအား အႀကီးဆုံး ေနာင္ေတာ္ႀကီး မွ အစျပဳၿပီး ညီေတာ္ အစဥ္အတိုင္း မင္းျပဳရမည္ဟု မွာၾကားခဲ့ေလသည္။

ေနာင္ေတာ္ႀကီးတြင္ သားေတာ္ “ေဖာင္းကားစား ေမာင္ေမာင္” ရွိသည္။ ေနာင္ေတာ္ႀကီးသည္ ခမည္းေတာ္ အမိန႔္ကို နာခံေသာအားျဖင့္ မိမိ သားေတာ္ကို နန္းရံ မထားဘဲ ညီေတာ္ ေျမဒူးမင္းကိုသာ နန္းရံ ထားခဲ့သည္။

ယခု ေျမဒူးမင္းကမူ သူ၏သားေတာ္ စဥ့္ကူးမင္းကို နန္းရံထားေလေသာေၾကာင့္ ေဖာင္းကားစား ေမာင္ေမာင္က မေက်မနပ္ ျဖစ္၍ အေရးအခင္း ေပၚလာခဲ့ရျခင္း ျဖစ္ပါသည္။

ဆင္ျဖဴရွင္လြန္၍ စဥ့္ကူးမင္း နန္းတက္ေသာအခါ မိမိထီးနန္းကို အႏၲရာယ္ ျဖစ္ေစႏိုင္မည့္ သူေတြကို ဖယ္ရွားၿပီးေသာ္ ေန႔စဥ္ နန္းေတာ္တြင္ အရက္ေသာက္ျခင္း၊ ကခုန္ျခင္း၊ ၾကက္တိုက္ျခင္းမ်ားျဖင့္ ေပ်ာ္ပါးေလ၏။

လႊတ္ေတာ္ အစည္းအေဝးကိုလည္း မွန္မွန္ မတက္သျဖင့္ ဝန္ႀကီးမ်ား၊ မႉ းမတ္မ်ားမွ မၾကည္ညိဳ ၾကေတာ့ေပ။ သို႔ေသာ္ စဥ့္ကူးမင္းသည္ မိမိလုပ္ခ်င္သည္ကိုသာ လုပ္ေနၿပီး မည္သူကိုမွ ဂ႐ု မစိုက္ေပ။ ေပ်ာ္ခ်င္တိုင္း ေပ်ာ္ေနၿပီး မိမိ ေရွ႕ေရွးအတြက္ပင္ စိတ္မပူခဲ့ေပ။

ထိုသို႔ နန္းစံေနၿပီး ခရစ္ သကၠရာဇ္ ၁၇၈၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔တြင္ အင္းဝ ေနျပည္ေတာ္သည္ ပ်င္းဖို႔ ေကာင္းသည္ဟု ဆိုၿပီး မယ္ေတာ္ အပါအဝင္ မိဖုရား ေမာင္းမ အေပါင္းတို႔ႏွင့္ သက္ေတာ္ေစာင့္ ရဲမက္၂ ေထာင္ေက်ာ္ျဖင့္ အညာ သီဟေတာသို႔ ဘုရားဖူး ထြက္ေလသည္ ။

စဥ့္ကူးမင္း အညာသီဟေတာသို႔ ဘုရားဖူးထြက္ေနစဥ္ ေဖာင္းကားစား ေမာင္ေမာင္သည္ ညအခ်ိန္တြင္ ဘုရင္ကဲ့သို႔ မင္းခမ္းမင္းနားျဖင့္ အင္းဝေနျပည္ေတာ္သို႔ ေရာက္လာေလ၏။

တံခါးမႉးတို႔လည္း မင္းခမ္းမင္းနား ျဖင့္ အင္းဝဘုရင့္အလံမ်ား ေထာင္ထားသည္ကို ေတြ႕သျဖင့္ မေမးျမန္းဘဲ တံခါးကို ဖြင့္ေပးေလသည္။ နန္းေတာ္တံခါးမႉးလည္း ဘုရင္ ျပန္လာသည္ဟုသာ ထင္ၿပီး တံခါး ဖြင့္ေပးေလ၏။

ေဖာင္းကားစား ေမာင္ေမာင္ သည္ ဝန္ႀကီးခ်ဴပ္ေဟာင္း မဟာသီဟသူရ ၏ အကူအညီျဖင့္ အင္းဝ နန္းေတာ္ ကို သိမ္းပိုက္ႏိုင္ေလ၏ ။ လႊတ္ေတာ္ဝန္ရွင္ေတာ္မင္းႏွင့္ မႉးမတ္မ်ားကို ဘုရင့္ အမိန႔္ေတာ္ျဖင့္ နန္းေတာ္သို႔ ဝင္ေရာက္ေစၿပီး အားလုံးကို သစၥာေပးေလသည္။

၀န္ႀကီးမ်ား၊ မႉးမတ္မ်ားလည္း ေၾကာက္႐ြံသျဖင့္ သစၥာ ခံၾကေလ၏။ မဟာသီဟသူရကို သက္ေတာ္ရွည္ မင္းအတိုင္အပင္ခံ ဝန္ႀကီးခ်ဴပ္အျဖစ္ ေဖာင္းကားစား ေမာင္ေမာင္မွ ခန႔္အပ္ေလ၏။

ထိုေနာက္ အေလာင္းဘုရား၏ သားေတာ္မ်ားျဖစ္သည့္ ဗဒုံမင္းသားႀကီး၊ ပခန္းမင္းသားႀကီး ႏွင့္ ပင္းတလဲမင္းသားႀကီးတို႔ကို အင္းဝသို႔ ျပန္လည္ ေခၚေဆာင္ၿပီး အိမ္ေတာ္ေဟာင္းတြင္ အက်ယ္ခ်ဴပ္ ထားေလ၏။

အင္းဝၿမိဳ႕ကို မိမိ၏ သစၥာခံ ဗိုလ္မႉးမ်ားျဖင့္ အုပ္ခ်ဴပ္ေစၿပီး စစ္ေရးကိစၥ တို႔ကိုလည္း စီရင္ေလသည္။ ေဖာင္းကားစားေမာင္ေမာင္ ႏွင့္ အတူပါလာေသာ ႐ြာသားမ်ား၊ ေတာသားမ်ားသည္ အင္းဝေနျပည္ေတာ္၏ ႀကီးက်ယ္မႈကို ျမင္ရေသာအခါ ေလာဘတက္ၿပီး ဘုရင္နာမည္ျဖင့္ သူေဌးအိမ္ေတြထံ ဝင္ကာ ရမ္းကား ေလ၏။ လိုခ်င္သမွ်တို႔ကိုလည္း လုယူေလ၏။ (တူလိုက္ပုံမ်ား)

ထိုအျခင္းအရာကို ျမင္ေသာ ဗဒုံမင္းသားသည္ စိတ္မခ်မ္းမေျမ့ ျဖစ္ရေလသည္။ ထိုအခါ ဗဒုံမင္းသားထံ ခစားေနေသာ ဦးေပၚဦးမွ အေလာင္းမင္းတရားကို သစၥာရွိေနေသးေသာ အမတ္မ်ား၊ ဗိုလ္မႉးမ်ား ႏွင့္ ဗဒုံမင္းသားကို ေတြ႕ဆုံႏိုင္ေအာင္ လွ်ိဴ႕ဝွက္ စီစဥ္ေပးေလသည္။

ေဖာင္းကားစား ေမာင္ေမာင္မွ အင္းဝနန္းကို သိမ္းပိုက္ လိုက္ေသာအခါ ေဇတဝန္ ေဆာင္ေတာ္ၿမဲ ေမာင္လွသည္ နန္းေတာ္မွ ထြက္ေျပးၿပီး စဥ့္ကူးမင္း ရွိရာသို႔ အေျပးအလႊား သြားကာ နန္းေတာ္ သိမ္းပိုက္ခံရေၾကာင္း ေလွ်ာက္တင္ေလ၏။

စဥ့္ကူးမင္းလည္း အင္းဝကို ျပန္လည္ သိမ္းရန္ စီရင္ကာ ေက်ာက္ေျမာင္းၿမိဳ႕သို႔ ဝင္ေလသည္။ သို႔ေသာ္ စစ္သည္ဗိုလ္ပါမ်ား အလြန္နည္းသျဖင့္ ရွမ္းျပည္ေစာ္ဘြားမ်ားထံ အကူအညီ ေတာင္းရန္အတြက္ ျမစ္ညာသို႔ ဆန္တက္ေလ၏။

သို႔ေသာ္ ခရီးလမ္း တစ္လွ်ာက္တြင္ ေနျပည္ေတာ္မွ ပါလာေသာ ဗိုလ္မႉး၊ တပ္မႉးမ်ား ရဲမက္မ်ား အသီးသီး ထြက္ေျပးၾကရာ ေနာက္ဆုံးတြင္ ေဖာင္ေတာ္ကို ဆြဲငင္မည့္သူ မရွိ ျဖစ္သြားေလသည္။

စဥ့္ကူးမင္းလည္း ႀကံရာမရ ျဖစ္ၿပီး က်န္ရွိေနေသာ မိဖုရားႏွင့္ ေမာင္းမ၊ အေႁခြအရံေတာ္ အနည္းအငယ္တို႔ႏွင့္ ကံအတိုင္းသာ ျဖစ္ပါေစေတာ့ဟု ဆိုကာ အင္းဝသို႔ စုန္ဆင္းေလ၏။ ေဖာင္ေတာ္ကို ေမာင္းမႏွင့္ အေႁခြအရံမ်ားမွ ဆြဲငင္ ေလွာ္လာခဲ့ရေလ၏။

ေဖာင္းကားစား ေမာင္ေမာင္ အင္းဝနန္းေတာ္ကို သိမ္းပိုက္ထားၿပီး ၇ ရက္ေျမာက္ေန႔တြင္ ဗဒုံမင္းသား မွ အင္းဝနန္းေတာ္ကို ဝင္စီးေလသည္။ ဗဒုံမင္းသား ကိုယ္တိုင္ ဦးေဆာင္ၿပီး ျမင္သမွ် ခုခံသူ မွန္သမွ် ရွင္းပစ္ ေလ၏။

အေလာင္းမင္းတရား ကို သစၥာခံသူ အမ်ားအပါး ပါဝင္သျဖင့္ အေရးေတာ္ပုံ ေအာင္ျမင္ ေလ သည္။ ေဖာင္းကားစား ေမာင္ေမာင္ ကိုလည္း ဖမ္းမိေသာ ေနရာတြင္ ဗဒုံမင္းသား ကိုယ္တိုင္ ကြပ္မ်က္ပစ္ေလ၏။

အင္းဝသို႔ စုန္ဆင္းလာေသာ စဥ့္ကူးမင္း ကိုလည္း ဖမ္းဆီးလာေစၿပီး ေရခ်ကြပ္မ်က္ေလ၏။ မိဖုရား ၄ ပါး လည္း အတူတူ ကြပ္မ်က္ ျခင္း ခံရေလသည္။

ေဖါင္းကားစားေမာင္ေမာင္ နန္းတက္စက မိမိကိုးကြယ္သည့္ ေဗဒင္ နကၡတ္ တတ္ကြၽမ္းသည့္ ဆရာေတာ္အား နန္းတြင္းသို႔ပင့္ဖိတ္ကာ ဆြမ္းကပ္စဥ္က ဆရာေတာ္က အေနာက္အရပ္မွ ကုကၠိဳပင္အား ရွင္းလင္းရန္ မိန႔္ၾကားေသးသည္။

ဝိနည္းလႊတ္ရန္ ထိုကဲ့သို႔ သြယ္ဝိုက္ မိန႔္ၾကားခဲ့ျခင္း ျဖစ္ၿပီး အဓိပၸါယ္မွာ တနလၤာနံျဖစ္သည့္ ဗဒုံ မင္းသားအား သုတ္သင္ပစ္ရန္ ျဖစ္ေသာ္လည္း နားမလည္သည့္ ေမာင္ေမာင္က တကယ္ပင္ ကုကၠိဳပင္မ်ားကို ခုတ္လွဲပစ္ခဲ့ေသးသည္။

ျမန္မာ့ သမိုင္းတြင္ ၇ ရက္သာ နန္းစံခဲ့ရၿပီး နန္းသက္ အတိုဆုံး ဘုရင္မ်ားအနက္ တစ္ပါးအျဖစ္ မွတ္တမ္း ဝင္ခဲ့ေသာမင္း၊ အရည္အခ်င္းညံ့သည့္ မင္းတစ္ပါးဟုလည္း ရာဇဝင္သမိုင္း တစ္ခ်ိဳ႕က ဆိုၾကပါသည္။

#Min gyi

𝚂𝚘𝚞𝚛𝚌𝚎:သမိုင္းမွတ္စုမ်ား၊ ကုန္းေဘာင္ဆက္ ရာဇဝင္ေတာ္ႀကီး။

𝐶𝑟𝑒𝑑𝑖𝑡:𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑊𝑟𝑖𝑡𝑒𝑟