က်မၼာေရး ဗဟုသုတ

သွေးတိုးတတ်သူတွေသိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်း (၅) ခု

သွေးတိုးတတ်သူတွေသိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်း (၅) ခု

မကြာခဏ ခေါင်းကိုက်တတ်တယ်၊ မောပန်းလွယ်တယ်၊ ရင်ဘတ်အောင့်တတ်တယ် ဒါတွေအပြင် သွေးတိုးတတ်တယ်ဆိုရင် အဲ့ဒါတွေဟာ အိပ်ရေးပျက်တာများလို့၊ စိတ်ဖိစီးမှုများလို့၊ ကိုယ်အလေးချိန်များနေလို့စသဖြင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လည်း သွေးတိုးတတ်တယ်၊ အိမ်က လူကြီးတွေ သွေးတိုးတတ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက ဆယ်မိနစ်အတွင်း သွေးတိုးကျစေပြီး သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

(၁) နားရွက်အနောက်နဲ့လည်ပင်းကို နှိပ်ပေးပါ

နားရွက်အနောက်ကနေ ညှပ်ရိုးနေရာအထိ ဖြည်းဖြည်းလေး နှိပ်ပေးတာက သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးဖိအားများနေတာကို လျှော့ချပေးနိုင်ပါတယ်။ ပြီးရင် ပုံမှာပြထားတဲ့ နံပါတ် ၃ နေရာကို လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးနှိပ်ပေးတာက သွေးတိုးပြီးခေါင်းမူးနေတာကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။

(၂) ဘယ်ဘက်နှာခေါင်းနဲ့ပဲအသက်ရှူပါ

သွေးတိုးနေတာကို အမြန်ဆုံးကျစေမယ့် နောက်တစ်နည်းကတော့ ညာဘက်နှာခေါင်းကို ပိတ်ထားပြီး ဘယ်ဘက်နှာခေါင်းနဲ့ပဲ အသက်ရှူတာပါ။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး လည်ပင်းကိုဖြောင့်ဖြောင့်ထားပါ။ ညာဘက်လက်မနဲ့ ညာဘက်နှာခေါင်းကို ပိတ်ပြီး ဘယ်ဘက်နှာခေါင်းနဲ့ အသက်ရှူပေးလိုက်မယ်ဆိုရင် သွေးဖိအားတိုးနေတာကို ၁၀ မိနစ်အတွင်း ကျသွားစေပါတယ်။

(၃) ရေတစ်ဖန်ခွက်သောက်ပါ

တခါတလေ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေတဲ့အခါမှာလည်း သွေးတိုးတတ်ပါတယ်။ ဒီတော့ သွေးတိုးတဲ့အခါမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ရေတစ်ဖန်ခွက်သောက်ပေးလိုက်ပါ။

(၄) ပက်လက်လဲပြီးကြွက်သားတွေကိုဖြေလျှော့ပေးပါ

သွေးတိုးတဲ့အခါ ကြမ်းပြင်ပေါ်မှာ လဲအိပ်ပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။ မျက်လုံးမှိတ်ပြီး အသက်ကိုဖြည်းဖြည်းချင်းရှူပေးတာက သွေးလှည့်ပတ်မှုကိုပုံမှန်ဖြစ်စေပြီး သွေးဖိအားတိုးနေတာကို ဖြည်းဖြည်းချင်းလျော့သွားစေပါတယ်။

(၅) ခြေထောက်ရေနွေးစိမ်ပေးပါ

သွေးတိုးနေတဲ့အခါ လည်ပင်းနဲ့ဦးခေါင်းကို အေးနေအောင် ထားပေးဖို့လိုပါတယ်။ ပြီးတော့ ရေဇလုံထဲမှာ ရေနွေးထည့်ပြီး ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ချက်ချင်းသွေးတိုးကျစေပါတယ်။

Credit

ေသြးတိုးတတ္သူေတြသိထားသင့္တဲ့ ဆယ္မိနစ္အတြင္း ေသြးတိုးက်ေစမယ့္ နည္းလမ္း (၅) ခု

မၾကာခဏ ေခါင္းကိုက္တတ္တယ္၊ ေမာပန္းလြယ္တယ္၊ ရင္ဘတ္ေအာင့္တတ္တယ္ ဒါေတြအျပင္ ေသြးတိုးတတ္တယ္ဆိုရင္ အဲ့ဒါေတြဟာ အိပ္ေရးပ်က္တာမ်ားလို႔၊ စိတ္ဖိစီးမႈမ်ားလို႔၊ ကိုယ္အေလးခ်ိန္မ်ားေနလို႔စသျဖင့္ ျဖစ္နိုင္ပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ ကိုယ္တိုင္လည္း ေသြးတိုးတတ္တယ္၊ အိမ္က လူႀကီးေတြ ေသြးတိုးတတ္တယ္ဆိုရင္ ဒီနည္းလမ္းေလးေတြက ဆယ္မိနစ္အတြင္း ေသြးတိုးက်ေစၿပီး ေသြးတိုးေၾကာင့္ျဖစ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြကို သက္သာေစနိုင္ပါတယ္။

(၁) နားရြက္အေနာက္နဲ႔လည္ပင္းကို ႏွိပ္ေပးပါ

နားရြက္အေနာက္ကေန ညႇပ္ရိုးေနရာအထိ ျဖည္းျဖည္းေလး ႏွိပ္ေပးတာက ေသြးလွည့္ပတ္မႈေကာင္းေစၿပီး ေသြးဖိအားမ်ားေနတာကို ေလၽွာ့ခ်ေပးနိုင္ပါတယ္။ ၿပီးရင္ ပုံမွာျပထားတဲ့ နံပါတ္ ၃ ေနရာကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ဖြဖြေလးႏွိပ္ေပးတာက ေသြးတိုးၿပီးေခါင္းမူးေနတာကို အျမန္ဆုံးသက္သာေစနိုင္ပါတယ္။

(၂) ဘယ္ဘက္ႏွာေခါင္းနဲ႔ပဲအသက္ရႉပါ

ေသြးတိုးေနတာကို အျမန္ဆုံးက်ေစမယ့္ ေနာက္တစ္နည္းကေတာ့ ညာဘက္ႏွာေခါင္းကို ပိတ္ထားၿပီး ဘယ္ဘက္ႏွာေခါင္းနဲ႔ပဲ အသက္ရႉတာပါ။ ခႏၶာကိုယ္ကို မတ္မတ္ထိုင္ၿပီး လည္ပင္းကိုေျဖာင့္ေျဖာင့္ထားပါ။ ညာဘက္လက္မနဲ႔ ညာဘက္ႏွာေခါင္းကို ပိတ္ၿပီး ဘယ္ဘက္ႏွာေခါင္းနဲ႔ အသက္ရႉေပးလိုက္မယ္ဆိုရင္ ေသြးဖိအားတိုးေနတာကို ၁၀ မိနစ္အတြင္း က်သြားေစပါတယ္။

(၃) ေရတစ္ဖန္ခြက္ေသာက္ပါ

တခါတေလ ခႏၶာကိုယ္မွာ ေရဓာတ္လိုအပ္ေနတဲ့အခါမွာလည္း ေသြးတိုးတတ္ပါတယ္။ ဒီေတာ့ ေသြးတိုးတဲ့အခါမွာ အသက္ျပင္းျပင္း ရႉလိုက္ၿပီး ေရတစ္ဖန္ခြက္ေသာက္ေပးလိုက္ပါ။

(၄) ပက္လက္လဲၿပီးႂကြက္သားေတြကိုေျဖေလၽွာ့ေပးပါ

ေသြးတိုးတဲ့အခါ ၾကမ္းျပင္ေပၚမွာ လဲအိပ္ၿပီး ခႏၶာကိုယ္ကို ေျဖေလၽွာ့ထားပါ။ မ်က္လုံးမွိတ္ၿပီး အသက္ကိုျဖည္းျဖည္းခ်င္းရႉေပးတာက ေသြးလွည့္ပတ္မႈကိုပုံမွန္ျဖစ္ေစၿပီး ေသြးဖိအားတိုးေနတာကို ျဖည္းျဖည္းခ်င္းေလ်ာ့သြားေစပါတယ္။

(၅) ေျခေထာက္ေရေႏြးစိမ္ေပးပါ

ေသြးတိုးေနတဲ့အခါ လည္ပင္းနဲ႔ဦးေခါင္းကို ေအးေနေအာင္ ထားေပးဖို႔လိုပါတယ္။ ၿပီးေတာ့ ေရဇလုံထဲမွာ ေရေႏြးထည့္ၿပီး ေျခေထာက္ကို ၁၅ မိနစ္ေလာက္ စိမ္ေပးမယ္ဆိုရင္ ေသြးလွည့္ပတ္မႈကို ပုံမွန္ျဖစ္ေစၿပီး ခ်က္ခ်င္းေသြးတိုးက်ေစပါတယ္။

Credit