”လက်နက်အားကိုးနဲ့ ရန်လိုကျုးကျော်နေတဲ့ နိုင်ငံက အသင်းနဲ့ မကစားနိုင်ပါဘူး”
(ပိုလန်တိုက်စစ်မှူး Lewandowski)
၂၆ ဖေဖေါ်ဝါရီ ၂၀၂၂
ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ရုရှားနဲ့ယှဉ်ပြိုင်ကစားဖို့ရှိပေမယ့် ယူကရိန်းကို ကျုးကျော်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ယှဉ်ပြိုင်ကစားတော့မှာမဟုတ်ကြောင်း ပိုလန်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အဖွဲ့ချုပ်ဆုံးဖြတ်ချက်ကို ထောက်ံခံကြောင်း ကမ္ဘာကျော် ပိုလန်တိုက်စစ်မှူးLewandowski က ပြောပါတယ်။
” ရုရှားဘောလုံးအသင်းသားတွေ ရုရှားပရိတ်သတ်တွေမှာ ယူကရိန်းကျုးကျော်မှုအတွက် တာဝန်မရှိပါဘူး။ ဒါပေမယ့် အခုဖြစ်နေတာတွေကို လက်ခံလို့မရဘူးဆိုတာ သူတို့လည်း သိဖို့လိုပါတယ်။ ဘာမှမဖြစ်သလို ဟန်ဆောင်နေကြလို့ မဖြစ်နိုင်ပါဘူး” လို့ Lewandowski ကပြောပါတယ်။
ရုရှားမှာကျင်းပဖို့ရှိတဲ့ ဥရောပဖလားနောက်ဆုံးဗိုလ်လုပွဲစဉ်ကိုလည်း ဥရောပဘောလုံးအဖွဲ့ချုပ်က ဖျက်သိမ်း နိုင်ငံပြောင်းကျင်းမှာဖြစ်သလို ဥရောပမှာ နာမည်ကြီးတဲ့ Eurivision 2022 သီးချင်းပြိုင်ပွဲတွေကနေလည်း ရုရှားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပါတယ်။ ရုရှားမှာ ကျင်းပဖို့ရှိတဲ့ နိုင်ငံတကာ အားကစားပြိုင်ပွဲမှန်သမျှကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
”လက္နက္အားကိုးနဲ႔ ရန္လိုက်ဳးေက်ာ္ေနတဲ့ နိုင္ငံက အသင္းနဲ႔ မကစားနိုင္ပါဘူး”
(ပိုလန္တိုက္စစ္မႉး Lewandowski)
၂၆ ေဖေဖၚဝါရီ ၂၀၂၂
ကမၻာ့ဖလားေျခစစ္ပြဲအတြက္ ႐ုရွားနဲ႔ယွဥ္ၿပိဳင္ကစားဖို႔ရွိေပမယ့္ ယူကရိန္းကို က်ဳးေက်ာ္မႈကို ဆန္႔က်င္တဲ့အေနနဲ႔ ယွဥ္ၿပိဳင္ကစားေတာ့မွာမဟုတ္ေၾကာင္း ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ပါတယ္။ အဖြဲ႕ခ်ဳပ္ဆုံးျဖတ္ခ်က္ကို ေထာက္ံခံေၾကာင္း ကမၻာေက်ာ္ ပိုလန္တိုက္စစ္မႉးLewandowski က ေျပာပါတယ္။
” ႐ုရွားေဘာလုံးအသင္းသားေတြ ႐ုရွားပရိတ္သတ္ေတြမွာ ယူကရိန္းက်ဳးေက်ာ္မႈအတြက္ တာဝန္မရွိပါဘူး။ ဒါေပမယ့္ အခုျဖစ္ေနတာေတြကို လက္ခံလို႔မရဘူးဆိုတာ သူတို႔လည္း သိဖို႔လိုပါတယ္။ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနၾကလို႔ မျဖစ္နိုင္ပါဘူး” လို႔ Lewandowski ကေျပာပါတယ္။
႐ုရွားမွာက်င္းပဖို႔ရွိတဲ့ ဥေရာပဖလားေနာက္ဆုံးဗိုလ္လုပြဲစဥ္ကိုလည္း ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္က ဖ်က္သိမ္း နိုင္ငံေျပာင္းက်င္းမွာျဖစ္သလို ဥေရာပမွာ နာမည္ႀကီးတဲ့ Eurivision 2022 သီးခ်င္းၿပိဳင္ပြဲေတြကေနလည္း ႐ုရွားကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္လိုက္ပါတယ္။ ႐ုရွားမွာ က်င္းပဖို႔ရွိတဲ့ နိုင္ငံတကာ အားကစားၿပိဳင္ပြဲမွန္သမၽွကို ဖ်က္သိမ္းလိုက္တာျဖစ္ပါတယ္။