ၾကားသိရသမွ်

တပ္သား ဗိုင္တလီဗိုလိုဒီမီ႐ိုဗစ္ခ်္၏လုပ္ေဆာင္ခ်က္အေပၚ

႐ုရွားတပ္မ်ားကိုတားဆီးရန္ ယူကရိန္းစစ္သားတစ္ဦး က တံတားတစ္စင္းကို သူရဲေကာင္းဆန္စြာ အ‌ေသခံမိုင္းခြဲခဲ့

႐ုရွားတပ္မ်ား မိမိႏိုင္ငံအတြင္းသို႔ ထပ္မံမခ်ီတက္ႏိုင္ေရး တားဆီးရန္ မိမိႏွင့္အတူ တံတားတစ္စင္းကို အ‌ေသခံ ေဖာက္ခြဲခဲ့ေသာ ယူကရိန္းစစ္သားတစ္ဦး၏ ရဲစြမ္းသတၱိကို ယူကရိန္းစစ္တပ္က ေသာၾကာေန႔တြင္ ခ်ီးက်ဴးဂုဏ္ျပဳခဲ့သည္။

ယူကရိန္းတပ္မေတာ္စစ္ဦးစီးခ်ဳပ္က တပ္သား ဗိုင္တလီဗိုလိုဒီမီ႐ိုဗစ္ခ်္၏လုပ္ေဆာင္ခ်က္အေပၚ စစ္ဦးစီးခ်ဳပ္ ႐ုံးေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ပို႔စ္တစ္ခု ေရးသားေဖာ္ျပခဲ့ၿပီး ႏိုင္ငံေတာင္ပိုင္း ခါဆြန္ေဒသ၊ ဟန္နစ္ခ်က္စ္ၿမိဳ႕ရွိ တံတားတစ္စင္းကို ႐ုရွားတင့္ကားမ်ားျဖတ္ကူးလာသည္ကို တားဆီးခဲ့သည့္ ဗိုလိုဒီမီ႐ိုဗစ္ခ်္၏ သူရဲေကာင္းဆန္ေသာ လုပ္ရပ္ကို ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း ေရးသားထားသည္။

အဆိုပါေဒသမွာ ေဒသစံေတာ္ခ်ိန္ ၾကာသပေတးေန႔ နံနက္အေစာပိုင္းတြင္ ႐ုရွားစစ္တပ္က စတင္တိုက္ခိုက္ခ်ိန္ကတည္းက ယူကရိန္းႏိုင္ငံတြင္း ခုခံစစ္ ဆင္ႏႊဲေနသည့္ေနရာ အမ်ားအျပားထဲမွတစ္ခုျဖစ္သည္။

႐ုရွားစစ္တပ္က ယူကရိန္းၿမိဳ႕ေတာ္ ကိဗ္ၿမိဳ႕အနီးရွိ ေနရာမ်ားကို ဒုံးက်ည္မ်ားျဖင့္ စတင္တိုက္ခိုက္ခဲ့ၿပီး တာေဝးပစ္အေျမာက္မ်ားျဖင့္ ခါကိဗ္ၿမိဳ႕ကို ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားသည္ စစ္မ်က္ႏွာသုံးဖက္မွ က်ဴးေက်ာ္ဝင္ေရာက္မႈကို ျဖန႔္ၾကက္ခဲ့ၿပီး ေသာၾကာေန႔အေစာပိုင္းတြင္ ကိဗ္ၿမိဳ႕၌ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

႐ုရွားစစ္တပ္သည္ ေနာက္ဆုံးတြင္ ခါဆြန္ၿမိဳ႕သို႔ ေ႐ြ႕လ်ားခ်ီတက္ခဲ့ေသာ္လည္း ဗိုလိုဒီမီ႐ိုဗစ္ခ်္၏စြမ္းေဆာင္မႈေၾကာင့္ ယူကရိန္းစစ္သားမ်ားေနရာေျပာင္း၍ ခုခံကာကြယ္မႈကို စုစည္းရန္ လုံေလာက္ေသာအခ်ိန္ရခဲ့ၿပီး ႐ုရွားတပ္ဖြဲ႕မ်ားကို ေႏွာင့္ေႏွးေစခဲ့ေၾကာင္း ေဖ့စ္ဘြတ္ခ္တြင္ ေဖာ္ျပထားခ်က္အရသိရသည္။

ဗိုလိုဒီမီ႐ိုဗစ္ခ်္သည္ ၎၏ စြန႔္လႊတ္အနစ္နာခံမႈအတြက္ ဂုဏ္ျပဳခံျခင္းရမည္ဟု ပို႔စ္တြင္ ထည့္သြင္းေရးသားခဲ့သည္။

ယင္းျဖစ္စဥ္၌ ဟန္နစ္ခ်က္စ္တံတားကို မိုင္းေထာင္ခဲ့‌ေသာ္လည္း ႐ုရွားတပ္ဖြဲ႕မ်ားခ်ီတက္လာသည့္အတြက္ ယူကရိန္းစစ္တပ္က အေဝးမွေဖာက္ခြဲရန္ အခ်ိန္မရခဲ့ေၾကာင္း စစ္ဦးစီးခ်ဳပ္႐ုံးကေျပာသည္။

ယင္းေနာက္ အျခားတပ္ရင္းမွ စစ္အင္ဂ်င္နီယာ ဗိုလိုဒီမီ႐ိုဗစ္ခ်္ က တပ္ဖြဲ႕အား ေရဒီယိုျဖင့္ ဆက္သြယ္ကာ ၎တံတားကို ကိုယ္တိုင္ ေဖာက္ခြဲမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။

“ေပါက္ကြဲသံတစ္ခု ခ်က္ခ်င္းၾကားလိုက္ရၿပီး ကြၽန္ေတာ္တို႔ ညီေလး ေသဆုံးသြားခဲ့တယ္။ သူ႔ရဲ႕ သူရဲေကာင္းဆန္တဲ့ လုပ္ရပ္က ရန္သူရဲ႕ အရွိန္အဟုန္ကို သိသိသာသာ ေႏွးေကြးသြားေစၿပီး တပ္ကို ျပန္လည္ေနရာခ်ထားဖို႔ၿပီး ကာကြယ္မႈကို စုစည္းႏိုင္ခြင့္ရခဲ့တယ္” ဟု စစ္ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီး၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေရးသားထားသည္။

သတင္း – စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္

ကိုးကား – Newsweek

ရုရှားတပ်များကိုတားဆီးရန် ယူကရိန်းစစ်သားတစ်ဦး က တံတားတစ်စင်းကို သူရဲကောင်းဆန်စွာ အ‌သေခံမိုင်းခွဲခဲ့

ရုရှားတပ်များ မိမိနိုင်ငံအတွင်းသို့ ထပ်မံမချီတက်နိုင်ရေး တားဆီးရန် မိမိနှင့်အတူ တံတားတစ်စင်းကို အ‌သေခံ ဖောက်ခွဲခဲ့သော ယူကရိန်းစစ်သားတစ်ဦး၏ ရဲစွမ်းသတ္တိကို ယူကရိန်းစစ်တပ်က သောကြာနေ့တွင် ချီးကျူးဂုဏ်ပြုခဲ့သည်။

ယူကရိန်းတပ်မတော်စစ်ဦးစီးချုပ်က တပ်သား ဗိုင်တလီဗိုလိုဒီမီရိုဗစ်ချ်၏လုပ်ဆောင်ချက်အပေါ် စစ်ဦးစီးချုပ် ရုံးဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ပို့စ်တစ်ခု ရေးသားဖော်ပြခဲ့ပြီး နိုင်ငံတောင်ပိုင်း ခါဆွန်ဒေသ၊ ဟန်နစ်ချက်စ်မြို့ရှိ တံတားတစ်စင်းကို ရုရှားတင့်ကားများဖြတ်ကူးလာသည်ကို တားဆီးခဲ့သည့် ဗိုလိုဒီမီရိုဗစ်ချ်၏ သူရဲကောင်းဆန်သော လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုကြောင်း ရေးသားထားသည်။

အဆိုပါဒေသမှာ ဒေသစံတော်ချိန် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ရုရှားစစ်တပ်က စတင်တိုက်ခိုက်ချိန်ကတည်းက ယူကရိန်းနိုင်ငံတွင်း ခုခံစစ် ဆင်နွှဲနေသည့်နေရာ အများအပြားထဲမှတစ်ခုဖြစ်သည်။

ရုရှားစစ်တပ်က ယူကရိန်းမြို့တော် ကိဗ်မြို့အနီးရှိ နေရာများကို ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး တာဝေးပစ်အမြောက်များဖြင့် ခါကိဗ်မြို့ကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရုရှားတပ်ဖွဲ့ဝင်များသည် စစ်မျက်နှာသုံးဖက်မှ ကျူးကျော်ဝင်ရောက်မှုကို ဖြန့်ကြက်ခဲ့ပြီး သောကြာနေ့အစောပိုင်းတွင် ကိဗ်မြို့၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရုရှားစစ်တပ်သည် နောက်ဆုံးတွင် ခါဆွန်မြို့သို့ ရွေ့လျားချီတက်ခဲ့သော်လည်း ဗိုလိုဒီမီရိုဗစ်ချ်၏စွမ်းဆောင်မှုကြောင့် ယူကရိန်းစစ်သားများနေရာပြောင်း၍ ခုခံကာကွယ်မှုကို စုစည်းရန် လုံလောက်သောအချိန်ရခဲ့ပြီး ရုရှားတပ်ဖွဲ့များကို နှောင့်နှေးစေခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားချက်အရသိရသည်။

ဗိုလိုဒီမီရိုဗစ်ချ်သည် ၎င်း၏ စွန့်လွှတ်အနစ်နာခံမှုအတွက် ဂုဏ်ပြုခံခြင်းရမည်ဟု ပို့စ်တွင် ထည့်သွင်းရေးသားခဲ့သည်။

ယင်းဖြစ်စဉ်၌ ဟန်နစ်ချက်စ်တံတားကို မိုင်းထောင်ခဲ့‌သော်လည်း ရုရှားတပ်ဖွဲ့များချီတက်လာသည့်အတွက် ယူကရိန်းစစ်တပ်က အဝေးမှဖောက်ခွဲရန် အချိန်မရခဲ့ကြောင်း စစ်ဦးစီးချုပ်ရုံးကပြောသည်။

ယင်းနောက် အခြားတပ်ရင်းမှ စစ်အင်ဂျင်နီယာ ဗိုလိုဒီမီရိုဗစ်ချ် က တပ်ဖွဲ့အား ရေဒီယိုဖြင့် ဆက်သွယ်ကာ ၎င်းတံတားကို ကိုယ်တိုင် ဖောက်ခွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“ပေါက်ကွဲသံတစ်ခု ချက်ချင်းကြားလိုက်ရပြီး ကျွန်တော်တို့ ညီလေး သေဆုံးသွားခဲ့တယ်။ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်က ရန်သူရဲ့ အရှိန်အဟုန်ကို သိသိသာသာ နှေးကွေးသွားစေပြီး တပ်ကို ပြန်လည်နေရာချထားဖို့ပြီး ကာကွယ်မှုကို စုစည်းနိုင်ခွင့်ရခဲ့တယ်” ဟု စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်

ကိုးကား – Newsweek