ၾကားသိရသမွ်

သူတပါး တိုင်းပြည်ကို မတရားကျူးကျော် တိုက်ခိုက်နေတဲ့ ပူတင်ကိုသူ့တိုင်းပြည်က ရုရှားပြည်သူတွေကပါ ကန့်ကွက်ကွက် ဆန္ဒပြနေကြပါပြီ



















Credit

Unicode

သူတပါး တိုင်းပြည်ကို မတရားကျူးကျော် တိုက်ခိုက်နေတဲ့ ပူတင်ကိုသူ့တိုင်းပြည်က ရုရှားပြည်သူတွေကပါ က န့်ကွ က်ကွက် ဆန္ဒပြနေကြပါပြီ

ယူကရိန်းကို ကျုးကျော်ဖို့ ရုရှားတပ်တွေ ကို ကူညီပေးနေတဲ့ ဘယ်လာရုစ် နိုင်ငံ ကိုလည်း ရုရှားကို ပိတ်ဆို့အရေးယူ သလိုမျိုး ဒီနေ့ စတင်မယ်လို့ ဥရောပ သမဂ္ဂက ပြောပါတယ်။


ဘယ်လာရုစ် အစိုးရဟာ ရုရှားတင့်ကားတွေ ဖြတ်မောင်းခွင့်ပေးသလို စစ်ရေးလေ့ကျင့်ဖို့ ရောက်နေတဲ့ ရုရှားတ ပ် တွေကို

တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခွင့်ပေးခဲ့တယ်ဆိုပါတယ်။ ရုရှားတပ်တွေနဲ့အတူ လိုအပ်ရင် လက်တွဲတိုက်ပေးမယ် လို့ပါ ဘယ်လာရုစ် အာဏာရှင်သမ္မတက ပြောခဲ့တာဖြစ်ပါတယ်။

ဘယ်လာရုစ်က လာတဲ့သတင်းတွေမှာတော့ မပိတ်ဆို့ခင်ကတည်းက ငွေကြေးဈေးကွက် ပျက်နေသလို ဘဏ်အားလုံး

လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိတော့ဘူးဆိုပါတယ်။ ဘယိလာရုစ် ငွေတန်ဖိုးကလည်း ပြန်ဆယ်လို့မရအောင် ထိုးကျနေတယ်လို့ ဖေါ်ပြနေပါတယ်။


ဥရောပ သမဂ္ဂနိုင်ငံတွေမှာ ရုရှားနဲ့ ဘယ်လာရုစ် ပိုင်ဆိုင်မှုတွေစာ ဒေါ်လာ ဘီလျံထောင်ချီရှိနေတယ်ဆိုပါတ ယ်။

အမေရိကန် ဗြိတိန်နဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုကြောင့် လောလောဆယ် ရုရှားနဲ့ ဘယ်လာရုစ်အနေနဲ့ ဒေါ်လာ ထရီလျံနဲ့ချီပြီး ဆုံးရှုံးနေပြီလို့ ဘရပ်ဆဲလ်က သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဒါပေမယ့် ယူကရိန်းမြို့တော်ကတော့ တညလုံး ဗုံးကြဲခံနေရပြီး အရပ်သားတွေပါ သေဆုံးဒဏ်ရာရ နေတယ်ဆိုပါတယ်။

မကြာခင် မြို့တော်ကို ရုရှားတပ်တွေဝင်သိမ်းပိုက်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြနေပါတယ်။

ခုချိန်မှာတော့ သူတပါး တိုင်းပြည်ကို မတရားကျူးကျော် တိုက်ခိုက်နေတဲ့ ပူတင်ကို သူ့တိုင်းပြည်က ရုရှားပြည်သူတွေကပါ ကန့်ကွက်ကွက် ဆန္ဒပြနေကြပါပြီ


မအလလိုပဲ ဆန္ဒပြပြည်သူတွေကို သေနတ်နဲ့ ပစ်မလား။ပြည်သူ့ဆန္ဒ ကိုလိုက်လျောပြီး ယူကရိန်း ကျူးကျော်စစ်ကို

ရပ်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ…ယနေ့လို ယဉ်ကျေးတဲ့ လူ့ဘောင်ခေတ်ကြီးထဲမှာ အာဏာရူး စစ်ရူးတွေ မရှိသင့်တော့ဘူးလို့ ထင်မိပါတယ်..