သရက်ကင်သည်မလေး ဂျမ်းတောဟာဆိုရင် စကားအမြန်ပြောတတ်တဲ့ အရည်အချင်းလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ သူလေး ဖြစ်ပါတယ်။ ဂျမ်းတောက မိသားစုဝင်အားလုံးကို သရက်ကင်လေးတွေရောင်းပြီး ရှာဖွေကျွေးမွေးခဲ့တဲ့ သူဖြစ်ပြီး မကြာသေးမီကလည်း သူမရဲ့ မိခင်က ဆုံးပါးသွားပါသေးတယ်။
ဂျမ်းတောတို့ မောင်နှမက စုစုပေါင်း ၁၀ ယောက်ရှိပြီး ဂျမ်းတောရဲ့ အပေါ်မှာ ၃ ယောက် အောက်မှာ ၆ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
မိသားစုကို တစ်ယောက်တည်းအားလေးနဲ့ တတ်နိုင်သမျှ ရှာဖွေကျွေးမွေးနေတဲ့ ဂျမ်းတောတစ်ယောက် အခုနောက်ပိုင်းမှာ ဆရာဖြစ်သူ စည်သူပလပ်ကျွတ်ရဲ့ အကူအညီ ၊
အွန်လိုင်းပေါ်က စေတနာရှင် အလှူရှင်တွေရဲ့ အကူအညီနဲ့ သရက်ကင်သည်ဈေးသည်လေး ဘဝကနေ အွန်လိုင်းဈေးသည်လေး ဖြစ်သွားပြီပဲဖြစ်ပါတယ်။
အွန်လိုင်းဈေးသည်အဖြစ် ကနေ တဖြည်းဖြည်း နာမည်ရလာခဲ့ ဂျမ်းတောတစ်ယောက် အခုဆိုရင် ဘန်ကောက်သွားပြီး Live လွှင့်ရောင်းဖို့အထိ ကမ်းလှမ်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ ဘန်ကောက်သွားဖို့ အလုံးစုံပြင်ဆင်ထားပေမယ့်လည်း ဂျမ်းတောနဲ့ ဘုံဘုံတို့မှာ မှတ်ပုံတင်မရှိတာကြောင့် ဗီဇာ အခက်အခဲ ပြဿနာဖြစ်ပြီး ဘန်ကောက်ကို မလိုက်သွားရတော့ဘူးလို့ သိရပါတယ်။
ဒါကြောင့် စည်သူ ပလပ်ကျွတ်တစ်ယောက်ပဲ ဘန်ကောက်ကို သွားရမှာဖြစ်ပါတယ်။ ဆရာဖြစ်သူ စည်သူပလပ်ကျွတ်က ဂျမ်းတောတို့ကို ထားပြီး ဘန်ကောက်ကို သွားတော့မှာဖြစ်တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဂျမ်းတောလေးတို့ဗီဒီယိုလေးကို အောက်မှာဝင်ကြည့်နိုင်ပါတယ်