အလောင်းတစ်ခု မြေကျဖို့တောင် အရမ်းခက်ခဲနေတဲ့ ရန်ကုန်မြို့နေ ပြည်သူများ
ဦးကျော်သူ နှင့် ဒေါ်ဇီးကွက် ကို လွမ်းနေကြသူများအာဇာနည်သူရဲကောင်း ပရဟိတသမားလေးကျိုက်ထိုသား မောင်ဇင်လင်းထက်၏ အိမ်ပြန်လမ်း။
ရန်ကုန်မြို့ ၊ လှည်းတန်းဈေးအနီးတွင်ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက်တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့သူ မောင်ဇင်လင်းထက် အသက် (၂၁) နှစ်သည်
ရဲရင့်စွန့်စားကာ ဆန္ဒထုတ်ဖော်ခဲ့စဉ် ရဲတပ်ဖွဲ့မှကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာမှဦးခေါင်း ထုတ်ချင်းပေါက် မျက်လုံးတစ်ဖက်ကျွတ်ထွက်ကာ နေရာတွင် ကျဆုံးသွားခဲ့ရပါသည် ။
ထိုကွယ်လွန်သွားခဲ့သော အာဇာနည်သူရဲကောင်းမောင်ဇင်လင်းထက် သည်ကျိုက်ထိုဇာတိသားဖြစ်ပြီး ရန်ကုန်မြို့သို့လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရပါသည်
မတ်လ ၁ ရက်နေ့မှာတော့ အာဇာနည် သူရဲကောင်း၊ ပရဟိတသမားလေး၊“တောင်ကလေးကျေးရွာ နာရေးကူညီမှုအသင်းဝင်” မောင်ဇင်လင်းထက်ရဲ့ မွေးရပ်မြေ ကျိုက်ထိုမြို့နယ်၊
ကွင်းကလေး ကျေးရွာအုပ်စု၊ အင်းဝကျေးရွာရှိ သုသာန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှအတွင်းရေးမှူး၊ သရုပ်ဆောင် ထွန်းကိုကိုဟာ နိဗ္ဗာန်ယာဉ် မောင်းနှင်ကာ
အသင်းသားများက လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးတွင် အမှန်တရားအတွက် အသက်ပေးကာ ရဲရင့်စွန့်စားခဲ့ကြသောမောင်ဇင်လင်းထက် နှင့်တကွ အာဇာနည်သူရဲကောင်းများအားလုံးကို အစဉ်လေးစားဦးညွတ်လျက်ရှိပါသည်။
Zawgyi
အေလာင္းတစ္ခု ေျမက်ဖို႔ေတာင္ အရမ္းခက္ခဲေနတဲ့ ရန္ကုန္ၿမိဳ႕ေန ျပည္သူမ်ား
ဦးေက်ာ္သူ ႏွင့္ ေဒၚဇီးကြက္ ကို လြမ္းေနၾကသူမ်ားအာဇာနည္သူရဲေကာင္း ပရဟိတသမားေလးက်ိဳက္ထိုသား ေမာင္ဇင္လင္းထက္၏ အိမ္ျပန္လမ္း။
ရန္ကုန္ၿမိဳ႕ ၊ လွည္းတန္းေဈးအနီးတြင္ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔ နံနက္တြင္ အာဏာရွင္ဆန႔္က်င္ေရးဆႏၵထုတ္ေဖာ္ခဲ့သူ ေမာင္ဇင္လင္းထက္ အသက္ (၂၁) ႏွစ္သည္
ရဲရင့္စြန႔္စားကာ ဆႏၵထုတ္ေဖာ္ခဲ့စဥ္ ရဲတပ္ဖြဲ႕မွက်ည္အစစ္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းရာမွဦးေခါင္း ထုတ္ခ်င္းေပါက္ မ်က္လုံးတစ္ဖက္ကြၽတ္ထြက္ကာ ေနရာတြင္ က်ဆုံးသြားခဲ့ရပါသည္ ။
ထိုကြယ္လြန္သြားခဲ့ေသာ အာဇာနည္သူရဲေကာင္းေမာင္ဇင္လင္းထက္ သည္က်ိဳက္ထိုဇာတိသားျဖစ္ၿပီး ရန္ကုန္ၿမိဳ႕သို႔လာေရာက္အလုပ္လုပ္ကိုင္ေနသူျဖစ္ေၾကာင္းသိရပါသည္ ။
မတ္လ ၁ ရက္ေန႔မွာေတာ့ အာဇာနည္ သူရဲေကာင္း၊ ပရဟိတသမားေလး၊“ေတာင္ကေလးေက်း႐ြာ နာေရးကူညီမႈအသင္း၀င္” ေမာင္ဇင္လင္းထက္ရဲ႕ ေမြးရပ္ေျမ က်ိဳက္ထိုၿမိဳ႕နယ္၊
ကြင္းကေလး ေက်း႐ြာအုပ္စု၊ အင္း၀ေက်း႐ြာရွိ သုသာန္သို႔ နာေရးကူညီမႈအသင္း(ရန္ကုန္)မွအတြင္းေရးမႉး၊ သ႐ုပ္ေဆာင္ ထြန္းကိုကိုဟာ နိဗၺာန္ယာဥ္ ေမာင္းႏွင္ကာ
အသင္းသားမ်ားက လိုက္ပါ ပို႔ေဆာင္ေပးခဲ့ၾကပါတယ္။
အာဏာရွင္ဆန႔္က်င္ေရးတြင္ အမွန္တရားအတြက္ အသက္ေပးကာ ရဲရင့္စြန႔္စားခဲ့ၾကေသာေမာင္ဇင္လင္းထက္ ႏွင့္တကြ အာဇာနည္သူရဲေကာင္းမ်ားအားလုံးကို အစဥ္ေလးစားဦးၫြတ္လ်က္ရွိပါသည္။