အခ်စ္နွင့္ဘဝ

ကြိတ်ခိုက်နေတဲ့ ကောင်မလေးက အကွက်ကျကျအသုံးချတာကို ခံလိုက်ရတဲ့ကောင်လေး

တရုတ်နိုင်ငံမှာ ကောင်လေးတစ်ယောက်ဟာ သူ တစ်ဖက်သက် ကြိတ်ခိုက်နေတဲ့ ကောင်မလေးက အကွက်ကျကျ အသုံးချသွားတာကို ခံခဲ့ရတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသုံးချခံရတဲ့ ကောင်လေးဟာ ကောင်မလေးခိုင်းသမျှ လုပ်ပေးရင် သူမနဲ့ တွဲရမယ်လို့ အထင်ရှိနေပါတယ်။

တကယ်တမ်းက ကောင်မလေးဟာ သူမရဲ့ချစ်သူက လမ်းခွဲခြင်းခံလိုက်ရလို့ နာကျည်းနေသူပါ။ ဒီအတွက် စွန့်ပစ်သွားတဲ့ ချစ်သူကို သူမက လက်စားချေလိုပါတယ်။ အဲဒီအတွက် သူမကို တစ်ဖက်သက်ကြိတ်ကြိုက်နေတဲ့ ကောင်လေးကို အသုံးချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Zhejiang မှာ ဖြစ်ခဲ့တာပါ။

Illustration purpose only (Photo Credit)
နားလှည့်ပါးလှည့်နဲ့ အသုံးချခံလိုက်ရသူအမည်ကတော့ Zhu လို့ သိရပါတယ်။ သူ့ကို အသုံးချသွားတဲ့ ကောင်မလေးအမည်ကတော့ Lou လို့ ဖော်ပြထားပါတယ်။ Lou ဟာ Chen အမည်ရ အမျိုးသားရဲ့လမ်းခွဲခြင်းခံရလို့ စိတ်ဒဏ်ရာ ရနေသူပါ။ Chen ကို လက်စားချေဖို့ သူမကို တစ်ဖက်သက်ချစ်နေတဲ့ Zhu ကို လှည့်စားခဲ့ပါတယ်။

Chen ကို လက်စားချေပေးရင် သူမက တွဲမယ်ဆိုပြီး မက်လုံးပေးခဲ့တာပါ။ Zhu က ချစ်သူကခိုင်းရင် ဘာမဆို လုပ်ပေးနိုင်တယ်ဆိုပြီး အားတက်သရောနဲ့ Lou ရဲ့အကူအညီကို လက်ခံဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ Zhu လုပ်ပေးရမယ့်အရာကတော့ Chen ကို ဒုက္ခပေးဖို့ပါ။ ဒီအတွက် Zhu ဟာ Chen ပိုင်ဆိုင်တဲ့ Audi အမျိုးအစားကားကို ငှားလိုက်ပါတယ်။

Illustration purpose only (Photo Credit)
အဲဒီနောက် မြိ့အနှံကားလျှောက်မောင်းပြီး မီးနီမှန်သမျှ အတင်းဒရကြမ်း ဖြတ်မောင်းခဲ့ပါတယ်။ Zhu ဟာ မီးနီဖြတ်မောင်းမှု (၄၉)ကြိမ်၊ ကန့်သတ်နယ်မြေမှာ အရှိန်လွန်မောင်းနှင်မှုတစ်ကြိမ်တို့ကို ပျော်ပျော်ကြီး ကျူးလွန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ယာဉ်နံပတ်ကို အတည်ပြုနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ယာဉ်ပိုင်ရှင်ဖြစ်တဲ့ Chen ကို စုံစမ်းနိုင်ခဲ့ပါတယ်။ Chen ကလည်း သူ့ဆီကနေ Zhu က ကားငှားသွားခဲ့တာဖြစ်ကြောင်း၊ သူနဲ့မဆိုင်ကြောင်း ငြင်းပယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ Zhu ကို တစ်ဆင့် စေခိုင်းခဲ့တဲ့ Lou ရဲ့လက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

လင်းသူရိန်

Ref ; Mirror

For Zawgyi-

တ႐ုတ္ႏုိင္ငံမွာ ေကာင္ေလးတစ္ေယာက္ဟာ သူ တစ္ဖက္သက္ ႀကိတ္ခုိက္ေနတဲ့ ေကာင္မေလးက အကြက္က်က် အသုံးခ်သြားတာကို ခံခဲ့ရတယ္လုိ႔ ေဒသခံသတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ အသုံးခ်ခံရတဲ့ ေကာင္ေလးဟာ ေကာင္မေလးခုိင္းသမွ် လုပ္ေပးရင္ သူမနဲ႔ တြဲရမယ္လုိ႔ အထင္ရွိေနပါတယ္။

Illustration purpose only (Photo Credit)
တကယ္တမ္းက ေကာင္မေလးဟာ သူမရဲ႕ခ်စ္သူက လမ္းခြဲျခင္းခံလုိက္ရလုိ႔ နာက်ည္းေနသူပါ။ ဒီအတြက္ စြန္႔ပစ္သြားတဲ့ ခ်စ္သူကို သူမက လက္စားေခ်လုိပါတယ္။ အဲဒီအတြက္ သူမကို တစ္ဖက္သက္ႀကိတ္ႀကိဳက္ေနတဲ့ ေကာင္ေလးကို အသုံးခ်ဖုိ႔ ဆုံးျဖတ္လုိက္တာ ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံ၊ Zhejiang မွာ ျဖစ္ခဲ့တာပါ။

နားလွည့္ပါးလွည့္နဲ႔ အသုံးခ်ခံလုိက္ရသူအမည္ကေတာ့ Zhu လုိ႔ သိရပါတယ္။ သူ႕ကို အသုံးခ်သြားတဲ့ ေကာင္မေလးအမည္ကေတာ့ Lou လုိ႔ ေဖာ္ျပထားပါတယ္။ Lou ဟာ Chen အမည္ရ အမ်ိဳးသားရဲ႕လမ္းခြဲျခင္းခံရလုိ႔ စိတ္ဒဏ္ရာ ရေနသူပါ။ Chen ကုိ လက္စားေခ်ဖုိ႔ သူမကို တစ္ဖက္သက္ခ်စ္ေနတဲ့ Zhu ကို လွည့္စားခဲ့ပါတယ္။

Illustration purpose only (Photo Credit)
Chen ကုိ လက္စားေခ်ေပးရင္ သူမက တြဲမယ္ဆုိၿပီး မက္လုံးေပးခဲ့တာပါ။ Zhu က ခ်စ္သူကခုိင္းရင္ ဘာမဆုိ လုပ္ေပးႏုိင္တယ္ဆုိၿပီး အားတက္သေရာနဲ႔ Lou ရဲ႕အကူအညီကို လက္ခံဖုိ႔ အဆင္သင့္ျဖစ္ေနခဲ့ပါတယ္။ Zhu လုပ္ေပးရမယ့္အရာကေတာ့ Chen ကို ဒုကၡေပးဖုိ႔ပါ။ ဒီအတြက္ Zhu ဟာ Chen ပိုင္ဆုိင္တဲ့ Audi အမ်ိဳးအစားကားကို ငွားလုိက္ပါတယ္။

အဲဒီေနာက္ ၿမိ႕အႏွံကားေလွ်ာက္ေမာင္းၿပီး မီးနီမွန္သမွ် အတင္းဒရၾကမ္း ျဖတ္ေမာင္းခဲ့ပါတယ္။ Zhu ဟာ မီးနီျဖတ္ေမာင္းမႈ (၄၉)ႀကိမ္၊ ကန္႔သတ္နယ္ေျမမွာ အရွိန္လြန္ေမာင္းႏွင္မႈတစ္ႀကိမ္တုိ႔ကို ေပ်ာ္ေပ်ာ္ႀကီး က်ဴးလြန္ခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က လုံၿခဳံေရးကင္မရာေတြနဲ႔ တုိက္ဆုိင္စစ္ေဆးၿပီး ယာဥ္နံပတ္ကို အတည္ျပဳႏုိင္ခဲ့ပါတယ္။

Illustration purpose only (Photo Credit)
ေနာက္ဆုံးမွာေတာ့ ယာဥ္ပုိင္ရွင္ျဖစ္တဲ့ Chen ကို စုံစမ္းႏုိင္ခဲ့ပါတယ္။ Chen ကလည္း သူ႔ဆီကေန Zhu က ကားငွားသြားခဲ့တာျဖစ္ေၾကာင္း၊ သူနဲ႔မဆုိင္ေၾကာင္း ျငင္းပယ္ခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ Zhu ကို တစ္ဆင့္ ေစခုိင္းခဲ့တဲ့ Lou ရဲ႕လက္ခ်က္ကို ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။ ဒီျဖစ္စဥ္ကို သက္ဆုိင္ရာ ရဲတပ္ဖြဲ႕က အမႈဖြင့္စစ္ေဆးေနတယ္လုိ႔ သိရပါတယ္။

လင္းသူရိန္

Ref ; Mirror