အခ်စ္နွင့္ဘဝ

မေန႔ကထက္ ဒီေန႔ပိုခ်စ္ေစတဲ့နည္းလမ္း ( ၄ ) သြယ္

မေန႔ကထက္ ဒီေန႔ပိုခ်စ္ေစတဲ့နည္းလမ္း ( ၄ ) သြယ္

အခ်စ္ေၾကာင့္စိတ္ညစ္ေနလား။ အခ်စ္ဆိုတာဘာလဲ။ ဘယ္လို နားလည္မႈေတြထပ္ေပးရဦးမလဲ။

ျပႆနာေတြဆိုတာ အၿမဲကိုယ့္ဆီဘဲ ေရာက္လာ ေနတယ္ လို႔ထင္သလား။

ဒီခ်စ္မိခဲ့တဲ့ရင္ခုန္သံေလးေတြ ေၾကာင့္ ေခါင္းစားေနရတယ္ဆိုပါေတာ့။

ဒီေတာ့ ေအာက္ပါနည္းလမ္းေတြနဲ႔ မေပ်ာ္႐ႊင္တဲ့ေနရာမွာ ေပ်ာ္႐ႊင္မႈေလးေတြ ခံစားႏိုင္ေစဖို႔

လက္ရွိျပည့္စုံေနတဲ့ခ်စ္သူေတြကေတာ့ ပိုပီးေတာ့ ခ်စ္သက္ရွည္ႏိုင္ဖို႔ ေဝမွ်ေပးလိုက္ပါတယ္။

၁။ အေပးအယူမွ်…..ဂ႐ုစိုက္တတ္မွ

တင္းက်ပ္စြာခ်ည္ေႏွာင္ထားတဲ့ ခ်စ္နည္းထက္ လြတ္လြတ္လပ္လပ္နဲ႔နားလည္မႈေပးၾကည့္ပါ။

အၿမဲတစ္ေယာက္နဲ႔တစ္ေယာက္ ညႇိႏႈိင္း ေဆြးေႏြးၾကပါ။

အခ်ိန္ေတြမအားလပ္ရင္ေတာင္ တစ္ပတ္တစ္ခါစကားလက္ဆုံက်ေဆြးေႏြးပါ။

ေႏြးေထြးတဲ့လက္တစ္စုံနဲ႔အတူ ကမာၻပတ္သလို လမ္းေလွ်ာက္ထြက္ေပးပါ။

ေဝးကြာေနတဲ့ခ်စ္သူေတြကေတာ့ ညအခ်ိန္မွာ ဖုန္းေျပာရင္း SMS ပို႔ရင္းကုန္ဆုံးၾကည့္ပါ။

””ဘယ္ေတာ့မွ အလုပ္ကိစၥေတြနဲ႔ အခ်စ္ကိုအေရာင္ျပယ္ေအာင္မလုပ္ပါနဲ႔။

””ခ်စ္သူအတြက္အခ်ိန္ဆိုတာ ေပးကိုေပးသင့္တဲ့ လုပ္ရပ္တစ္ခုပါ။

၂။ ရန္ျဖစ္ေစမဲ့စကား…..အျမန္ေရွာင္ရွား

အခ်စ္မွာ ျပႆနာျဖစ္မဲ့ အေနမထားမေရာက္ေအာင္ခင္ကတည္းက စကားလမ္းေၾကာင္းလႊဲတတ္ရပါမယ္။

ျပႆနာတစ္ခုျဖစ္ေတာ့မယ္ဆိုရင္ စကား မကြၽံမိပါေစနဲ႔။

ဆိုးဝါးမဲ့အေျခအေနေရာက္လာရင္ေတာ့ စကားစျဖတ္လို႔ ရေအာင္ျဖတ္ပါ။

ေျပာခ်ိန္မတန္ဘဲနဲ႔ သြားမစပါနဲ႔။ ေနာက္ဆုံးစကားလမ္းေၾကာင္းလႊဲပါ။

နားလည္မႈေပးႏိုင္ေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစားဖို႔ ေျပာခ်င္ပါတယ္။

မုန္းဖို႔ ခ်စ္ခဲ့ၾကတာမွမဟုတ္တာေနာ္။

၃။ ေမ့သင့္တာေတြေမ့လိုက္ပါ

အတိတ္ဆိုတာ လက္ရွိဘဝထဲ ဆြဲေခၚမလာပါနဲ႔။

လက္ရွိမွာအေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားခ်စ္ျပပါ။

အနာဂတ္အတြက္အခ်စ္အိမ္ေလးႀကိဳေဆာက္ၾကတာေပါ့။

ဒါေၾကာင့္ အတိတ္က အမွားေတြကိုေမ့ပစ္ပါ။

ဘာေၾကာင့္ေမ့မျပစ္ႏိုင္ရမွာလဲ။ရေအာင္ေမ့ထားၾကည့္ပါ။

ခုခ်ိန္ထိမေမ့ႏိုင္ေသးဘူးဆိုရင္ေတာ့ သင့္ရဲ႕ အခ်စ္က စစ္ေရာစစ္ရဲ႕လားလို႔ေမးခ်င္ပါရဲ႕ေနာ္။

အတိတ္ကအျပစ္ေတြျပန္ေျပာေနမဲ့အစား လက္ရွိဘယ္ေလာက္တန္ဖိုးထားခ်စ္ေနတဲ့အေၾကာင္းကိုေျပာျပပါ။

၄။ ကူညီျဖည့္ဆည္းမႈေတြနဲ႔ ခ်စ္သက္တမ္းေလးရွည္ပါေစ

ခ်စ္သူရဲ႕လိုအပ္မႈေတြကို ၿငီးတြားစိတ္ပ်က္ေနမဲ့အစား ကူညီျဖည့္ဆည္းေပးပါ။

အျခားသူေတြနဲ႔မႏႈိင္းဘဲ သင့္အခ်စ္အိမ္ေလးအတြက္ အၿမဲ Hero ျဖစ္ေအာင္ႀကိဳးစားၾကည့္ပါ။

စစ္မွန္တဲ့အခ်စ္ေတြေၾကာင့္ ခိုင္ၿမဲသာယာတဲ့ တုန႔္ျပန္မႈေတြ မၾကာခင္ေရာက္လာပါလိမ့္မယ္။

ဘဝခရီးရွည္ႀကီးကို အေမာေတြေဒါသေတြနဲ႔ျဖတ္ေက်ာ္မဲ့အစား အၾကင္နာေရစင္ေအးတစ္ခြက္ကို မက္မေျပေသာက္သုံးၾကည့္ပါ။

ကိုယ္ခ်စ္တဲ့သူနဲ႔ တစ္ဘဝလုံး ေအးခ်မ္းေပ်ာ္႐ႊင္စြာနဲ႔ ႏွစ္ပတ္လည္မ်ားစြာျဖတ္ေက်ာ္ႏိုင္ၾကပါေစ။

==============

Unicode

အချစ်ကြောင့်စိတ်ညစ်နေလား။ အချစ်ဆိုတာဘာလဲ။

ဘယ်လို နားလည်မှုတွေထပ်ပေးရဦးမလဲ။ ပြဿနာတွေဆိုတာ အမြဲကိုယ့်ဆီဘဲ ရောက်လာ နေတယ် လို့ထင်သလား။

ဒီချစ်မိခဲ့တဲ့ရင်ခုန်သံလေးတွေ ကြောင့် ခေါင်းစားနေရတယ်ဆိုပါတော့။

ဒီတော့ အောက်ပါနည်းလမ်းတွေနဲ့ မပျော်ရွှင်တဲ့နေရာမှာ ပျော်ရွှင်မှုလေးတွေ ခံစားနိုင်စေဖို့

လက်ရှိပြည့်စုံနေတဲ့ချစ်သူတွေကတော့ ပိုပီးတော့ ချစ်သက်ရှည်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။

၁။ အပေးအယူမျှ…..ဂရုစိုက်တတ်မှ

တင်းကျပ်စွာချည်နှောင်ထားတဲ့ ချစ်နည်းထက် လွတ်လွတ်လပ်လပ်နဲ့နားလည်မှုပေးကြည့်ပါ။

အမြဲတစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဆွေးနွေးကြပါ။

အချိန်တွေမအားလပ်ရင်တောင် တစ်ပတ်တစ်ခါစကားလက်ဆုံကျဆွေးနွေးပါ။

နွေးထွေးတဲ့လက်တစ်စုံနဲ့အတူ ကမ္ဘာပတ်သလို လမ်းလျှောက်ထွက်ပေးပါ။

ဝေးကွာနေတဲ့ချစ်သူတွေကတော့ ညအချိန်မှာ ဖုန်းပြောရင်း SMS ပို့ရင်းကုန်ဆုံးကြည့်ပါ။

””ဘယ်တော့မှ အလုပ်ကိစ္စတွေနဲ့ အချစ်ကိုအရောင်ပြယ်အောင်မလုပ်ပါနဲ့။

””ချစ်သူအတွက်အချိန်ဆိုတာ ပေးကိုပေးသင့်တဲ့လုပ်ရပ်တစ်ခုပါ။

၂။ ရန်ဖြစ်စေမဲ့စကား…..အမြန်ရှောင်ရှား

အချစ်မှာ ပြဿနာဖြစ်မဲ့ အနေမထားမရောက်အောင်ခင်ကတည်းက စကားလမ်းကြောင်းလွှဲတတ်ရပါမယ်။

ပြဿနာတစ်ခုဖြစ်တော့မယ်ဆိုရင် စကား မကျွံမိပါစေနဲ့။

ဆိုးဝါးမဲ့အခြေအနေရောက်လာရင်တော့ စကားစဖြတ်လို့ ရအောင်ဖြတ်ပါ။

ပြောချိန်မတန်ဘဲနဲ့ သွားမစပါနဲ့။ နောက်ဆုံးစကားလမ်းကြောင်းလွှဲပါ။

နားလည်မှုပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားဖို့ ပြောချင်ပါတယ်။

မုန်းဖို့ ချစ်ခဲ့ကြတာမှမဟုတ်တာနော်။

၃။ မေ့သင့်တာတွေမေ့လိုက်ပါ

အတိတ်ဆိုတာ လက်ရှိဘဝထဲ ဆွဲခေါ်မလာပါနဲ့။

လက်ရှိမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားချစ်ပြပါ။

အနာဂတ်အတွက်အချစ်အိမ်လေးကြိုဆောက်ကြတာပေါ့။

ဒါကြောင့် အတိတ်က အမှားတွေကိုမေ့ပစ်ပါ။ ဘာကြောင့်မေ့မပြစ်နိုင်ရမှာလဲ။ရအောင်မေ့ထားကြည့်ပါ။

ခုချိန်ထိမမေ့နိုင်သေးဘူးဆိုရင်တော့ သင့်ရဲ့ အချစ်က စစ်ရောစစ်ရဲ့လားလို့မေးချင်ပါရဲ့နော်။

အတိတ်ကအပြစ်တွေပြန်ပြောနေမဲ့အစား လက်ရှိဘယ်လောက်တန်ဖိုးထားချစ်နေတဲ့အကြောင်းကိုပြောပြပါ။

၄။ ကူညီဖြည့်ဆည်းမှုတွေနဲ့ ချစ်သက်တမ်းလေးရှည်ပါစေ

ချစ်သူရဲ့လိုအပ်မှုတွေကို ငြီးတွားစိတ်ပျက်နေမဲ့အစား ကူညီဖြည့်ဆည်းပေးပါ။

အခြားသူတွေနဲ့မနှိုင်းဘဲ သင့်အချစ်အိမ်လေးအတွက် အမြဲ Hero ဖြစ်အောင်ကြိုးစားကြည့်ပါ။

စစ်မှန်တဲ့အချစ်တွေကြောင့် ခိုင်မြဲသာယာတဲ့ တုန့်ပြန်မှုတွေ မကြာခင်ရောက်လာပါလိမ့်မယ်။

ဘဝခရီးရှည်ကြီးကို အမောတွေဒေါသတွေနဲ့ဖြတ်ကျော်မဲ့အစား အကြင်နာရေစင်အေးတစ်ခွက်ကို မက်မပြေသောက်သုံးကြည့်ပါ။

ကိုယ်ချစ်တဲ့သူနဲ့ တစ်ဘဝလုံး အေးချမ်းပျော်ရွှင်စွာနဲ့ နှစ်ပတ်လည်များစွာဖြတ်ကျော်နိုင်ကြပါစေ…