အမ်ိဳးသား ေတြ သူတို႔ မိန္းကေလး ကို တကယ္ခ်စ္မွသာ လုပ္တတ္တဲ့ အျပဳအမူေတြ
မိန္းကေလး အမ်ားစုဟာ သူတို႔ ခ်စ္သူ က သူတို႔ကို သိပ္မခ်စ္ဘူး ၊ ဂရုမစိုက္ဘူး ၊ အခ်စ္ေတြေလ်ာ့ကုန္ျပီ ေျပာင္းလဲသြားျပီ စသျဖင့္ ထင္ေလ့ရွိၾကတယ္ ။ ဒါဆိုိရင္ေတာ့ မွားမွာေပါ့ ေကာင္မေလး ရယ္…
တို႔ ေယာက္်ား ေတြက မိန္းကေလး ေတြလို နုနုရြရြ အေသးစိတ္ စိတ္ခံစားခ်က္ေတြကို မေဖာ္ျပတတ္ေပမယ့္ သိပ္ခ်စ္တတ္တဲ့ အသည္းနွလံုးၾကီးကို ပိုင္ဆိုင္ထားၾကပါတယ္ ။
တကယ္မခ်စ္ဘူးဆိုရင္ ၾကာၾကာဟန္ေဆာင္လို႔ မရပါဘူး ။ အမ်ားဆံုးၾကာ ၂လ ၊ ၃လ ေပါ့ ။ အမိ်ဳးသား နဲ႔ အမ်ိဳးသမီး ရဲ႕ ကြာဟခ်က္က အမ်ိဳးသမီး ေတြက အရမ္းအေသးစိတ္ ဂရုစိုက္တတ္၊ စိုးရိမ္ပူပန္တတ္ျခင္း နွင့္ အမ်ိဳးသား အမ်ားစုကေတာ့ အဲ့လိုမဟုတ္ပါဘူး ။
အဲ့လိုကြာဟမႈေတြေၾကာင့္ အမ်ိဳးသားေတြကို တကယ္မခ်စ္ဘူး ၊ ေျပာင္းလဲသြားတယ္ ဆိုျပီး အထင္မွားေနၾကပါတယ္ ။ ကဲ..အမ်ိဳးသား ေတြ တကယ္ခ်စ္တတ္တယ္ဆိုတာ ေအာက္က ၃ခ်က္မွာ ၾကည့္ၾကည့္ပါ။
၁။ခမ်ားေလးတို႔ေတြထင္ထားတာထက္ကို ပိုခ်စ္တယ္ဆိုတာ ယံု။
အခ်ိဳ႕အမ်ိဳးသား ေတြက သူတို႔ရဲ႕ စိတ္ခံစားမႈအကုန္လံုးကို မိန္းကေလးေတြလို ထုတ္မျပတတ္ပါဘူး ။ ဒါဟာ သက္သက္ဟန္ေဆာင္ေနျခင္းေတာ့ မဟုတ္ပါဘူး ။ သူတို႔မင္းကို အရူးအမူးခ်စ္ေနလည္း အကုန္လံုးေတာ့ ထုတ္မျပပါဘူး ။
ဘာလို႔လည္းဆို အရမ္းခ်စ္တာကိုသိျပီး အားနည္းခ်က္ကို အခြင့္အေရးယူသြားမွာ စိုးလို႔ပါ ။ အမ်ိဳးသား ေတြကလည္း သူတို႔ခ်စ္တဲ့မိန္းကေလးနဲ႕ ခြဲရမွာ အလြန္ေၾကာက္ပါတယ္။
၂။ေဖ့စ္ဘုတ္ မွာ ေနာက္ေယာင္ခံတတ္ေသး။
ယံုလိုက္ပါ ။ သူတို႔ေတြကလည္း သူတို႔မိန္းကေလးရဲ႕ ဆုိရွယ္ မီဒီယာ ေတြကို စံုစမ္းေရး ဝင္တတ္ပါတယ္ခမ် ။ သူ႔ေကာင္မေလး ဘယ္သူနဲ႕စကားေျပာတယ္ ။ ဘာေတြတင္ထားတယ္ ။
သင္နဲ႕သက္ဆိုင္တဲ့ပံုေတြဆိုလည္း တစ္ပံုခ်င္းစီ ၾကည့္ေသးတယ္ ။ ဘာေတြ မန္႔ထားသလဲ ၊ ဘယ္လုိ reply ျပန္ထားသလဲ ။ သူတို႔အကုန္စိတ္ဝင္စားပါတယ္ ။ မယံုမရွိနဲ႕ေနာ္ ..ဒါေတြက သူ႔ေကာင္မေလးကို တကယ္ခ်စ္တယ္ဆိုတာ ျပေနတာပါပဲ။
၃။ အခ်ိန္ ေပးေတြ႕ဆံုပါတယ္ ။
အလုပ္ေတြ အရမ္းမ်ားေနတယ္ဆိုရင္ေတာင္ အခ်ိန္ ေပးျပီး ေတြ႕တာ ၊ အခ်ိန္ေပးျပီး ဖုနး္ေျပာတာမ်ိဳးေတြကို သိပ္ခ်စ္တတ္တဲ့ ကြ်န္ေတာ္တို႕ေတြ လုပ္ပါတယ္ ။ ဘယ္ေလာက္ အလုပ္ မ်ားမ်ား ခ်စ္သူ မ်က္နွာေတြ႕လိုက္ရင္ ….
ခ်စ္သူအသံၾကားလိုက္ရင္ တစ္ဝက္ေလာက္ အေမာေျပသြားတတ္တာပါ ။ ဒါေပမဲ့ အဲ့လိုအခ်ိန္မွာေတာ့ အေမာဆို႔ေအာင္ ျပႆနာရွာတာမ်ိဳး ၊ ရစ္တာမ်ိဳးေတာ့ မလုပ္နဲ႕ေပါ့ဗ်ာ… ။
အထက္ပါ အခ်က္ေတြက သူတို႔ မိန္းကေလး ကို တကယ္ခ်စ္လို႔သာ ျပဳမူလုပ္ေဆာင္တတ္ၾကတာပါ ။ကဲ ..ေကာင္မေလး ေတြ မခ်စ္ဘူးလို႔ မထင္နဲ႕ေတာ့..ဟုတ္ျပီလား..ဒါေတာင္ အခ်က္နဲနဲပဲ ေျပာထားတာ….။Credit:Original Writer
unicode
အမျိုးသား တွေ သူတို့ မိန်းကလေး ကို တကယ်ချစ်မှသာ လုပ်တတ်တဲ့ အပြုအမူတွေ
မိန်းကလေး အများစုဟာ သူတို့ ချစ်သူ က သူတို့ကို သိပ်မချစ်ဘူး ၊ ဂရုမစိုက်ဘူး ၊ အချစ်တွေလျော့ကုန်ပြီ ပြောင်းလဲသွားပြီ စသဖြင့် ထင်လေ့ရှိကြတယ် ။ ဒါဆိုရင်တော့ မှားမှာပေါ့ ကောင်မလေး ရယ်…
တို့ ယောက်ျား တွေက မိန်းကလေး တွေလို နုနုရွရွ အသေးစိတ် စိတ်ခံစားချက်တွေကို မဖော်ပြတတ်ပေမယ့် သိပ်ချစ်တတ်တဲ့ အသည်းနှလုံးကြီးကို ပိုင်ဆိုင်ထားကြပါတယ် ။
တကယ်မချစ်ဘူးဆိုရင် ကြာကြာဟန်ဆောင်လို့ မရပါဘူး ။ အများဆုံးကြာ ၂လ ၊ ၃လ ပေါ့ ။ အမျိုးသား နဲ့ အမျိုးသမီး ရဲ့ ကွာဟချက်က အမျိုးသမီး တွေက အရမ်းအသေးစိတ် ဂရုစိုက်တတ်၊ စိုးရိမ်ပူပန်တတ်ခြင်း နှင့် အမျိုးသား အများစုကတော့ အဲ့လိုမဟုတ်ပါဘူး ။
အဲ့လိုကွာဟမှုတွေကြောင့် အမျိုးသားတွေကို တကယ်မချစ်ဘူး ၊ ပြောင်းလဲသွားတယ် ဆိုပြီး အထင်မှားနေကြပါတယ် ။ ကဲ..အမျိုးသား တွေ တကယ်ချစ်တတ်တယ်ဆိုတာ အောက်က ၃ချက်မှာ ကြည့်ကြည့်ပါ။
၁။ခများလေးတို့တွေထင်ထားတာထက်ကို ပိုချစ်တယ်ဆိုတာ ယုံ။
အချို့အမျိုးသား တွေက သူတို့ရဲ့ စိတ်ခံစားမှုအကုန်လုံးကို မိန်းကလေးတွေလို ထုတ်မပြတတ်ပါဘူး ။ ဒါဟာ သက်သက်ဟန်ဆောင်နေခြင်းတော့ မဟုတ်ပါဘူး ။ သူတို့မင်းကို အရူးအမူးချစ်နေလည်း အကုန်လုံးတော့ ထုတ်မပြပါဘူး ။
ဘာလို့လည်းဆို အရမ်းချစ်တာကိုသိပြီး အားနည်းချက်ကို အခွင့်အရေးယူသွားမှာ စိုးလို့ပါ ။ အမျိုးသား တွေကလည်း သူတို့ချစ်တဲ့မိန်းကလေးနဲ့ ခွဲရမှာ အလွန်ကြောက်ပါတယ်။
၂။ဖေ့စ်ဘုတ် မှာ နောက်ယောင်ခံတတ်သေး။
ယုံလိုက်ပါ ။ သူတို့တွေကလည်း သူတို့မိန်းကလေးရဲ့ ဆိုရှယ် မီဒီယာ တွေကို စုံစမ်းရေး ဝင်တတ်ပါတယ်ခမျ ။ သူ့ကောင်မလေး ဘယ်သူနဲ့စကားပြောတယ် ။ ဘာတွေတင်ထားတယ် ။
သင်နဲ့သက်ဆိုင်တဲ့ပုံတွေဆိုလည်း တစ်ပုံချင်းစီ ကြည့်သေးတယ် ။ ဘာတွေ မန့်ထားသလဲ ၊ ဘယ်လို reply ပြန်ထားသလဲ ။ သူတို့အကုန်စိတ်ဝင်စားပါတယ် ။ မယုံမရှိနဲ့နော် ..ဒါတွေက သူ့ကောင်မလေးကို တကယ်ချစ်တယ်ဆိုတာ ပြနေတာပါပဲ။
၃။ အချိန် ပေးတွေ့ဆုံပါတယ် ။
အလုပ်တွေ အရမ်းများနေတယ်ဆိုရင်တောင် အချိန် ပေးပြီး တွေ့တာ ၊ အချိန်ပေးပြီး ဖုန်းပြောတာမျိုးတွေကို သိပ်ချစ်တတ်တဲ့ ကျွန်တော်တို့တွေ လုပ်ပါတယ် ။ ဘယ်လောက် အလုပ် များများ ချစ်သူ မျက်နှာတွေ့လိုက်ရင် ….
ချစ်သူအသံကြားလိုက်ရင် တစ်ဝက်လောက် အမောပြေသွားတတ်တာပါ ။ ဒါပေမဲ့ အဲ့လိုအချိန်မှာတော့ အမောဆို့အောင် ပြဿနာရှာတာမျိုး ၊ ရစ်တာမျိုးတော့ မလုပ်နဲ့ပေါ့ဗျာ… ။
အထက်ပါ အချက်တွေက သူတို့ မိန်းကလေး ကို တကယ်ချစ်လို့သာ ပြုမူလုပ်ဆောင်တတ်ကြတာပါ ။ကဲ ..ကောင်မလေး တွေ မချစ်ဘူးလို့ မထင်နဲ့တော့..ဟုတ်ပြီလား..ဒါတောင် အချက်နဲနဲပဲ ပြောထားတာ….။Credit:Original Writer