မိန်းကလေးတစ်ယောက်ကို လုံးဝစိတ်ကုန်သွားစေနိုင်တဲ့ ချစ်သူကောင်လေးရဲ့အပြုအမူ(၅)မျိုး
မိန်းကလေးတွေဟာ ပင်ကိုယ်အရ စိတ်သဘောထားနူးညံ့သိမ်မွေ့သလို၊ စိတ်လည်း အရမ်းပျော့တာကြောင့် ချစ်သူကို အမြဲတမ်းခွင့်လွှတ် သည်းခံတတ်ကြပါတယ်။
တစ်ခါတလေ တကယ်ပြတ်ပြီလို့ပြောနေပေမယ့် အချိန်တန်ရင် ပြန်ပြီးပြေလည်ကျေအေး ပေးတတ်ကြလို့ တကယ်မပြတ်သားနိုင်ဘူးလို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် မိန်းကလေးတစ်ယောက်တကယ်စိတ်ကုန်သွားနိုင်တဲ့ အရာတွေနဲ့ တကယ်စိတ်ကုန်ပြီဆိုရင်
ဖြစ်တတ်တဲ့ သူတို့ရဲ့အမူအယာ၊ စိတ်နေသဘောထားတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဖောက်ပြန်တာ
ကိုယ့်ချစ်သူလက်တွဲဖော် ဖောက်ပြန်တာဟာ မိန်းမတစ်ယောက်အတွက် ခွင့်လွှတ်နိုင်စရာအကြောင်း မရှိတော့ပါဘူး။
ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ကိုယ့်အပေါ်မှာ သစ္စာဖောက်ခဲ့ရင် ဘယ်တော့မှ ပြန်လှည့်မကြည့်ကြတော့ပါဘူး။
ဒီလိုအချိန်မှာ ချစ်တဲ့စိတ်ထက် နာကြည်းတဲ့စိတ်က ပိုပြီးအလေးသာလွန်းတာကြောင့် အဲဒီ့လူကို ဘဝထဲကနေ အပြီးအပိုင် ဆွဲထုတ်တော့မှာပါ။
ဖောက်ပြန်ပြီးမှ တောင်းပန်တာက ဘာမှအကျိုးမရှိတော့တာကြောင့် အစကတည်းက မဖောက်ပြန်တာအကောင်းဆုံးပါပဲ။
(၂) တန်ဖိုးမထားတာ
မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ တန်ဖိုးအထားမခံရတော့ဘူးလို့ ခံစားမိသွားတဲ့နေ့က သင့်ကိုတကယ် စိတ်ကုန်သွားတဲ့ နေ့ပါပဲ။
သင်မထမဆုံး အော်ငေါက်လိုက်တဲ့ နေ့ကစလို့ အဲဒီ့မိန်းကလေးရဲ့ရင်ထဲမှာ ဒဏ်ရာအကြီးအကျယ်ရသွားရုံသာမက သူမအပေါ်သင့်ရဲ့ ပြုမူဆက်ဆံပုံ၊ ပြောပုံဆိုပုံတွေအားလုံးကို မပြတ်တမ်း အကဲခတ်တော့မှာပါ။
နောက်ထပ်ဘယ်တော့မှ သူ့ကို တန်ဖိုးမထားတဲ့အပြုအမူမျိုး မလုပ်တော့ရင် ပြန်ကောင်းသွားမယ်ဆိုပေမယ့်
သူ့ကိုတန်ဖိုးမထားတဲ့အရိပ်အယောင်တွေ မကြာခဏတွေ့နေရမယ်ဆိုရင်တော့ သင့်ကိုသူထားခဲ့ပြီး လှည်တော့င်ကြည့်တော့မှာမဟုတ်ပါဘူး။
ဒါကြောင့်သင့်ရဲ့အပြုအမူတိုင်းမှာ တန်ဖိုးထားမှုရှိနေပါစေ။
(၃) ချုပ်ချယ်လွန်းတာ
မိန်းကလေးတွေဟာ များသောအားဖြင့် ငယ်စဉ်ကတည်းက စည်းနဲ့ကမ်းနဲ့ အကန့်အသတ်တွေအောက်မှာ ကြီးပြင်းလာရလို့ တော်ရုံချုပ်ချယ်တာလောက်က အသားကျပြီးသားပါ။
တကယ်လို့သင်ဟာ ပုံမှန်မဟုတ်တဲ့ ချုပ်ချယ်မှုတွေ ဥပမာ အပေါင်းအသင်းတွေနဲ့ မဆက်သွယ်ခိုင်းတာ၊ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို လိုတာထက်ပိုပြီး ချုပ်ချယ်လိုက်ရင် ကြာလာတဲ့အခါ သင့်ကို သူစိတ်ကုန်သွားတော့မှာပါ။
အကြောင်းကတော့ လူတိုင်းက လွတ်လပ်မှုကို လိုချင်ကြသလို၊ ကိုယ့်ကို အမြဲတမ်းချုပ်ချယ်ကန့်သတ်ထားရင် ရုန်းထွက်ချင်တာက သဘာဝမို့လို့ပါ။ ဒါကြောင့် အစကတည်းက မချုပ်ချယ်ပါနဲ့။
(၄) ကတိမတည်တာ
မိန်းကလေးတစ်ယောက်ကို ကတိလွယ်လွယ်မပေးပါနဲ့။ သင့်ဖက်က ပြီးပြီးရော ပေးလိုက်တဲ့ကတိတွေကအစ သူ့စိတ်ထဲမှာ မှတ်မိပြီး ယုံကြည်နေတတ်လို့ပါ။
သူ့ဖက်ကဒီလိုယုံကြည်မှုတွေကို သင့်ဖက်က ခဏခဏ ဖျက်စီးလိုက်တဲ့အခါ သင့်ကိုသူ ဘယ်တော့မှ ယုံကြည်တော့မှာ မဟုတ်သလို၊ သင့်ကိုလည်း စိတ်ကုန်သွားတော့မှာပါ။
ဒီလိုစိတ်ကုန်သွားပြီဆိုရင်တော့ သင့်ကိုလုံးဝ ကျောခိုင်းသွားတော့မှာပါ။ အကြောင်းကတော့ သူမယုံကြည်နိုင်တော့တဲ့ ယောက်ျားတစ်ယောက်အတွက် အချိန်တွေ အကုန်မခံချင်တော့လို့ပါ။
(၅) အလုပ်နဲ့ သက်သေမပြတဲ့အခါ
မိန်းကလေးတွေဟာ ဂုဏ်မက်တာတော့မဟုတ်ပေမယ့် ဂုဏ်ရှိချင်တာကတော့ အမှန်ပါပဲ
မိန်းကလေးတစ်ယောက်ဟာ ယောက်ျားလေးတစ်ယောက်ကို ချစ်တဲ့အခါ လက်ထပ်ဖို့၊ သားသမီးတွေ အနာဂတ်အတွက်ပါ ထည့်စဉ်းစားပြီးသား ဖြစ်ပါတယ်။
ကိုယ့်ချစ်သူဟာ အနာဂတ်အတွက် အားကိုးထိုက်တဲ့သူမဟုတ်တဲ့အခါ၊ အပြောပဲရှိပြီးအလုပ်နဲ့ သက်သေမပြတဲ့အခါ၊
ဘာမှလက်ဆုပ်လက်ကိုင် ပြစရာမရှိတဲ့အခါမှာ စိတ်ကုန်သွားတတ်ကြပါတယ်။
ဒီလိုအချိန်မှာ ဘယ်လောက်ပဲချစ်ချစ်ကျောခိုင်းသွားတော့မှာပါ။ အကြောင်းကတော့ တစ်ဘဝလုံးစာအတွက် ရင်ဘတ်ကိုသာအနာခံပြီးဘဝကို အနာမခံနိုင်ကြလို့ပါ။
Em Em(Auntymay)