ဗဟုသုတ

ခ်စ္သူ/ဇနီးေမာင္ႏွံေတြ ဘဝဆက္တိုင္း အတူတူဆုံနိုင္မယ့္ ကုသိုလ္ ..

အခါတပါး၌ ျမတ္စြာဘုရားသည္ ဘဂၢတိုင္း သုသုမာရဂိရိျမိဳ႔တြင္ သီတင္းသံုးေတာ္မူစဥ္ နကုလပိတာ နကုလမာတာ အမည္ရွိေသာသူၾကြယ္ ဇနီးေမာင္ႏွံအိမ္သို႔ ၾကြေတာ္မူသည္။သူၾကြယ္ ဇနီးေမာင္ႏွံတို႔သည္ ျမတ္စြာဘုရားအား ရိုေသစြာရွိခိုးလ်က္

သင့္ေလ်ာ္ေသာေနရာ၌ ထိုင္ေနၾကျပီးလွ်င္ နကုလပိတာ သူၾကြယ္က ဤသို႔ေလွ်ာက္သည္-ျမတ္စြာဘုရား တပည့္ေတာ္သည္

အသက္ငယ္ရြယ္စဥ္ကပင္ ငယ္ရြယ္သူျဖစ္ေသာ နကုလမာတာႏွင့္ လက္ထပ္ခဲ့ပါသည္

လက္ထပ္သည့္အခ်ိန္ကစ၍ ယေန႔အထိ နကုလမာတာကို ေက်ာ္လြန္ျပီး အျခားေသာ မိန္းမမ်ားထံ စိတ္ေရာက္ဖူးသည္ဟု တခါမွ် မရွိခဲ့ဘူးပါ

ကုိယ္ထိလက္ေရာက္ က်ဴးလြန္မႈကား ဆိုဖြယ္ရာပင္ မရွိေတာ့ပါ၊ျမတ္စြာဘုရား တပည့္ေတာ္တို႔သည္ ယခုဘ၀၌လည္း အခ်င္းခ်င္းေတြ႔ဆံုျပီးေနာင္ဘ၀သံသရာ၌လည္း အခ်င္းခ်င္းေတြ႔ဆံုရန္ အလိုရွိၾကပါသည္ဘုရား

နကုလမာတာကလည္း ေလွ်ာက္ျပန္သည္-ျမတ္စြာဘုရား တပည့္ေတာ္မ ငယ္ရြယ္စဥ္ကပင္ နကုလပိတာႏွင့္ လက္ထပ္ခဲ့ပါသည္

ထိုအခါမွစ၍ တပည့္ေတာ္မသည္ နကုလပိတာကို ေက်ာ္လြန္ျပီး ေယာက်္ားတပါးထံ စိတ္ေရာက္ဖူးသည္ဟု မရွိခဲ့ဘူးပါ

ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈကား ဆိုဖြယ္ရာပင္ မရွိေတာ့ပါ၊ ျမတ္စြာဘုရား တပည့္ေတာ္တို႔သည္ ယခုဘ၀၌လည္း အခ်င္းခ်င္းေတြ႔ဆံုျပီးနာင္ဘ၀သံသရာ၌လည္း အခ်င္းခ်င္း ေတြ႔ဆံုရန္ အလိုရွိၾကပါသည္ဘုရား

ထိုအခါ ျမတ္စြာဘုရားက ဤသို႔ မိန္႔ေတာ္မူေလသည္-သူၾကြယ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္တို႔သည္ အကယ္၍ ယခုဘ၀၌ အခ်င္းခ်င္းေတြ႔ဆံုျပီးေနာင္ဘ၀သံသရာ မွာလည္း အခ်င္းခ်င္းေတြ႔ဆံုခ်င္ၾကလွ်င္ ႏွစ္ေယာက္လံုးသည္ ၁-တူမွ်ေသာ သဒၶါ ရွိၾကရမည္

၂-တူမွ်ေသာ အက်င့္သီလ ရွိၾကရမည္။ ၃-တူမွ်ေသာ စြန္႔ၾကဲမႈ စာဂ ရွိၾကရမည္။ ၄-တူမွ်ေသာ အသိဉာဏ္ပညာ ရွိၾကရမည္

ယင္းသို႔ တူမွ်ေသာ သဒၶါ, တူမွ်သာ သီလ, တူမွ်ေသာ စာဂ, တူမွ်ေသာ ပညာရွိလွ်င္ ထိုဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔သည္

ယခုဘ၀လည္း အခ်င္းခ်င္းေတြ႔ဆံုျပီး ေနာင္ဘ၀သံသရာမွၾလည္း အခ်င္းခ်င္း ေတြ႔ဆံုၾကရကုန္၏

ဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔သည္ သဒၶါတရား ရွိၾက၏၊ အလွဴခံပုဂၢိဳလ္၏ အလိုကို သိၾက၏၊ ကိုယ္ႏငတ္ကို ေစာင့္စည္းၾက၏၊

ထိုဇနီးေမာင္ႏွံတို႔သည္ အခ်င္းခ်င္း ခ်စ္ဖြယ္စကားကို ေျပာဆိုၾကကုန္လ်က္ တရားသျဖင့္ အသက္ေမြးၾက၏

အက်င့္သီလ တူမွ်ၾကကုန္ေသာ ဇနီးေမာင္ႏွံ ႏွစ္ေယာက္တို႔အား စီးပြားဥစၥာ တိုးပြားလ်က္ ခ်မ္းသာစြာ ေနထိုင္ရ၏၊ ရန္သူမ်ား မေကာင္းမၾကံႏိုင္ေပ

တူမွ်ေသာ သီလအက်င့္ရွိေသာ ဇနီးေမာင္ႏွံ ႏွစ္ဦးတို႔သည္ ယခုဘ၀တြင္ တရားကိုက်င့္၍ ေနာင္အခါ နတ္ျပည္ ေလာက၌ ႏွစ္သက္ေမြ႔ေလ်ာ္ကာမေတာင့္မတ လိုရာရလ်က္ ၀မ္းေျမာက္ၾကရကုန္၏

Credit:My Crush

Unicode Version

အခါတပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့တွင် သီတင်းသုံးတော်မူစဉ် နကုလပိတာ နကုလမာတာ အမည်ရှိသောသူကြွယ် ဇနီးမောင်နှံအိမ်သို့ ကြွတော်မူသည်။သူကြွယ် ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားအား ရိုသေစွာရှိခိုးလျက်သင့်လျော်သောနေရာ၌ ထိုင်နေကြပြီးလျှင် နကုလပိတာ သူကြွယ်က ဤသို့လျှောက်သည်-မြတ်စွာဘုရား တပည့်တော်သည်

အသက်ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူဖြစ်သော နကုလမာတာနှင့် လက်ထပ်ခဲ့ပါသည်

လက်ထပ်သည့်အချိန်ကစ၍ ယနေ့အထိ နကုလမာတာကို ကျော်လွန်ပြီး အခြားသော မိန်းမများထံ စိတ်ရောက်ဖူးသည်ဟု တခါမျှ မရှိခဲ့ဘူးပါ

ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်းတွေ့ဆုံပြီးနောင်ဘဝသံသရာ၌လည်း အချင်းချင်းတွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား

နကုလမာတာကလည်း လျှောက်ပြန်သည်-မြတ်စွာဘုရား တပည့်တော်မ ငယ်ရွယ်စဉ်ကပင် နကုလပိတာနှင့် လက်ထပ်ခဲ့ပါသည်

ထိုအခါမှစ၍ တပည့်တော်မသည် နကုလပိတာကို ကျော်လွန်ပြီး ယောကျ်ားတပါးထံ စိတ်ရောက်ဖူးသည်ဟု မရှိခဲ့ဘူးပါ

ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊ မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်းတွေ့ဆုံပြီးနောင်ဘဝသံသရာ၌လည်း အချင်းချင်း တွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူလေသည်-သူကြွယ်တို့ ဇနီးမောင်နှံနှစ်ယောက်တို့သည် အကယ်၍ ယခုဘဝ၌ အချင်းချင်းတွေ့ဆုံပြီးနောင်ဘဝသံသရာ မှာလည်း အချင်းချင်းတွေ့ဆုံချင်ကြလျှင် နှစ်ယောက်လုံးသည် ၁-တူမျှသော သဒ္ဓါ ရှိကြရမည်

၂-တူမျှသော အကျင့်သီလ ရှိကြရမည်။ ၃-တူမျှသော စွန့်ကြဲမှု စာဂ ရှိကြရမည်။ ၄-တူမျှသော အသိဉာဏ်ပညာ ရှိကြရမည်

ယင်းသို့ တူမျှသော သဒ္ဓါ, တူမျှသာ သီလ, တူမျှသော စာဂ, တူမျှသော ပညာရှိလျှင် ထိုဇနီးမောင်နှံ နှစ်ယောက်တို့သည်

ယခုဘဝလည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာမှလြည်း အချင်းချင်း တွေ့ဆုံကြရကုန်၏

ဇနီးမောင်နှံ နှစ်ယောက်တို့သည် သဒ္ဓါတရား ရှိကြ၏၊ အလှူခံပုဂ္ဂိုလ်၏ အလိုကို သိကြ၏၊ ကိုယ်နငတ်ကို စောင့်စည်းကြ၏

ထိုဇနီးမောင်နှံတို့သည် အချင်းချင်း ချစ်ဖွယ်စကားကို ပြောဆိုကြကုန်လျက် တရားသဖြင့် အသက်မွေးကြ၏

အကျင့်သီလ တူမျှကြကုန်သော ဇနီးမောင်နှံ နှစ်ယောက်တို့အား စီးပွားဥစ္စာ တိုးပွားလျက် ချမ်းသာစွာ နေထိုင်ရ၏၊ ရန်သူများ မကောင်းမကြံနိုင်ပေ

တူမျှသော သီလအကျင့်ရှိသော ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝတွင် တရားကိုကျင့်၍ နောင်အခါ နတ်ပြည် လောက၌ နှစ်သက်မွေ့လျော်ကာမတောင့်မတ လိုရာရလျက် ဝမ်းမြောက်ကြရကုန်၏

Credit:My Crush