ကျွန်တော်တို့ 29 ရတနာ အနေနဲ့
အောက်ဆီဂျင် စက်ရုံ လှုဒါန်းမယ့်နေရာ ရွေးချယ်ရာမှာလည်း အတော်လေး ခေါင်းစားရပါတယ်..
ရန်ကုန် မန္တလေး တို့လို မြို့ကြီးတွေမှာ အလှူရှင်များနိင်တာ သတိထားမိသလို..
ကျွန်တော်တို့ ဇာတိ ရေစကြိုမြို့မှာ ဆို ပုံမှန် အချိန်တောင် မိုင် 50 ကျော် ဝေးတဲ့ မုံရွာတို့ မိုင် ၁၀၀ကျော် ဝေးတဲ့ မန္တလေးမြို့ တို့မှာ သွားယူရတာမို့ အခုလို အရေးအကြောင်းဆို စဉ်းစားကြည့်ရင် အတော် ရင်မော ရပါတယ်..
ရေစကြို မြို့အတွက် လှှူမယ်ဆို ကိုယ်ပိုင် မြေနေရာရှိသလို အဲ့နေရာမှာ အဆင်မပြေရင်လည်း ဖြူစင် လူမှုကူညီရေးအသင်းက နေရာ စီစဉ်ပေးမယ်ဆိုတော့ အတော်လေး ဟန်ကျတာပေါ့ဗျာ…
အထိုင်စက်နဲ့ နေရာ တစ်ခါတည်း ချလိုက်ရင် နယ်မှာဆို အကုန်အကျ သက်သာစေတာ မှန်ပေမဲ့
အကယ်၍များ ရေစကြိုက ကိုဗစ်ကို ထိန်းနိင်ပြီး တစ်ခြား မြို့ရွာတွေမှာ လိုအပ်ချက်ပိုများနေရင် ဆိုတဲ့ အတွေး ဝင်လာတဲ့အခါ ကွန်တိန်နာနဲ့ ရွေ့လျား စက်ရုံဆို ပိုအဆင်ပြေ မလားပေါ့
ဒါပေမဲ့ ရွေ့လျား စက်ရုံဆို 10 ဘီး or 12 ဘီး ကားပါ လိုတယ်ဆိုတော့ ကဲ မထူးပါဘူးကွာ ကားပါ လှူကြတာပေါ့ အလိုရှိတဲ့အရပ် မှာ အလိုရှိသလို လှူလို့ရတော့ ပိုကုသိုလ်ရတာပေါ့ လို့ တွေးပြီး
တစ်ရက်ကို အောက်ဆီဂျင် 40L အိုး အလုံး 120 ထွက်မယ့်ရွေ့လျား အောက်ဆီဂျင် စက်ရုံ တစ်ခုကို ရေစကြိုမြို့နယ် အခြေပြု၍ အခြား လိုအပ်သည့် မြို့နယ်များအတွက်ပါ ရည်ရွယ်ကာ ကျွန်တော်တို့ 29 ရတနာမှ တစ်ဦးတည်း အလှူရှင် အဖြစ် လှုဒါန်းဖို့ အခုဘဲ အော်ဒါ တင်လိုက်ပါပြီနော်..
အောက်ဆီဂျင်စက်ရုံ လှူချင်တယ်လို့ ဟိုနေ့က တင်လိုက်တော့ ကုသိုလ် ပါဝင်လှုဒါန်းချင် ပါတယ် ဆိုတဲ့ မိတ်ဆွေများကိုလည်း အားနာစွာနဲ့ ငြင်းပါရစေ ခင်ဗျာ။
တစ်ဦးတည်း အလှူရှင်ဆိုပေမဲ့ ဤ အလှူသည် 29 ရတနာကို အားပေးခဲ့ကြသော ၇ ရက်သားသမီး အားလုံးရဲ့ အလှူဖြစ်တာမို့ အားလုံးထပ်တူ ကုသိုလ် ရပြီးသားမို့ ကုသိုလ် အမျှ ပေးဝေပါတယ်နော်
စက်ရောက်ဖို့ 6 ပတ်လောက်ကို မစောင့်နိင်အောင် အမြန်ရချင်နေပြီး ကိုယ့်ရေစကြို တစ်မြို့တည်းအတွက်သာမက လိုအပ်တဲ့ နေရာတွေပါ ကားကြီးနဲ့ လှည့်ပြီး အောက်ဆီဂျင် တွေဝေပေးကာ လိုအပ်နေတဲ့သူတွေကို အမြန်ဆုံးဘဲ ကူညီ အသက်ကယ်ပေးချင်နေပါပြီ ဗျာ…
“ကိုယ့်မြို့ကိုယ့်ရွာမှသည် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးများအထိ အကျိုးကျေးဇူးပြုနိင်တဲ့သူ ဖြစ်ရပါစေ”
ဆိုတဲ့ ကျွန်တော် တောင်းနေကြဆုလေး တဖြည်းဖြည်းနဲ့ ပိုပြီး ထိရောက်အောင် ဆထက်တိုးလို့ ကြိုးစားပါ့မယ် ခင်ဗျာ
စာကြွင်း ။ ။ ကျွန်တော့် ဇာတိ ရေစကြိုမှာ လှုဖို့ ရည်ရွယ်ချက်ရော ရွေ့လျားအတွက်10 ဘီး or 12 ဘီးကားပါ လိုတယ်ဆိုတော့ မူလမှန်းထားသည်ထက် ပို သွားသော်လည်း ယောကျာ်း လှူသာလှူဆိုပြီး မညူစူဘဲ အားတက်သရော ပါရမီ ဖြည့်ပေးတဲ့ Lady မို့ ရေ ကျေးဇူးပါ ကွာ…
ယောကျာ်းလှုတာကို မိန်းမ ကြည်ဖြူတော့ ပိုကြည်နူးရတာပေါ့ ….ဟဲဟဲ..
credit 29 Jewellery – 29ရတနာ
ရေစကြို မြို့အတွက် လှူမယ်ဆို ကိုယ်ပိုင် မြေနေရာရှိသလို အဲ့နေရာမှာ အဆင်မပြေရင်လည်း ဖြူစင် လူမှုကူညီရေးအသင်းက နေရာ စီစဉ်ပေးမယ်ဆိုတော့ အတော်လေး ဟန်ကျတာပေါ့ဗျာ…