ၾကားသိရသမွ်

အဖမ္းခံရတဲ့ ဇနီးနဲ႔ သမီးႏွစ္ေယာက္ရဲ့ ႐ုပ္ပ်က္အေလာင္းေတြပဲ ျပန္ရခဲ့တဲ့ မိသားစု

“သူတို႔ဖမ္းေခၚသြားတာ ကၽြန္ေတာ့္အမ်ိဳးသမီးရယ္၊ သမီးအႀကီးက ၁၆ ႏွစ္၊ အငယ္မေလးက ၁၄ ႏွစ္ ပါ မီးရွို႔ထားတဲ့အေလာင္းေတြမွာ အငယ္မေလးရဲ့ နားေတာင္းကို ေတြ႕လိုက္ရေတာ့ ကၽြန္ေတာ့္သမီးဆိုတာ ေသခ်ာသြားပါတယ္။ သားငယ္ေလးကေတာ့ သူ႔အေမေတြ အစ္မေတြကို သၿဂႋဳဟ္ၿပီးတာေတာင္ ျပန္ထလာမယ္ထင္ၿပီး ညဆိုရင္ဖုန္းဆက္ခိုင္းတယ္။”

ဇနီးနဲ႔ အသက္မျပည့္ေသးတဲ့ သမီးငယ္ ၂ ေယာက္ကို ရြာကေန ဖမ္းေခၚသြားၿပီး ေနာက္တရက္မွာ ႐ုပ္ပ်က္ေနတဲ့ အေလာင္းေတြသာ ျပန္ရခဲ့တဲ့အေၾကာင္း စစ္ေရွာင္တစ္ဦး ျဖစ္တဲ့ ဦးတာက ျပန္ေျပာျပခဲ့တာပါ။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ထဲက ေခ်ာင္းခြေက်းရြာမွာရွိတဲ့ စစ္ေရွာင္ေတြ ရွိတဲ့ေနရာကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္လာၿပီး ေနာက္တေန႔မွာေတာ့ အသက္ ၄၀ အရြယ္ ေဒၚႏူးလ်န္နဲ႔ အသက္ ၁၆ ႏွစ္အရြယ္ ငြန္ဇ်ထန္းနဲ႔ အသက္ ၁၄ ႏွစ္အရြယ္ ထန္းႏြံကၽြဲ တို႔ အမ်ိဳးသမီး ၃ ဦးကို ဖမ္းဆီးေခၚသြားခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာေတာ့ ေခ်ာင္းခြေက်းရြာကေန ဖမ္းဆီးခံလိုက္ရတဲ့ အမ်ိဳးသမီး ၃ ဦးရဲ့ ႐ုပ္အေလာင္းေတြကို သံဖိုရြာနဲ႔ ေခြက်ိန္ရြာနားမွာ မီးရွို႔ခံထားရတဲ့ အေနအထားနဲ႔ ျပန္ေတြ႕ခဲ့ရတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

စစ္ေရွာင္တဲေတြအထိ လာဖမ္းတယ္

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္ထဲက ေခ်ာင္းခြေက်းရြာမွာေတာ့ တျခားရြာေတြက လာေရာက္တိမ္းေရွာင္ၾကတဲ့ စစ္ေရွာင္ေတြလည္းရွိေနၿပီး ေဖေဖာ္ဝါရီ ၂၂ရက္ေန႔ညပိုင္းကေတာ့ စစ္ေကာင္စီတပ္ေတြ ေရာက္လာခဲ့ပါတယ္။

ရြာထဲကိုေရာက္လာခ်ိန္မွာေတာ့ ေနၾကာခင္းနားမွာရွိေနတဲ့ စစ္ေရွာင္တဲက မိသားစုေတြအကုန္ထြက္ေျပးတိမ္းေရွာင္ၾကၿပီး ဦးတာကေတာ့ တဲအတြင္းမွာက်န္ခဲ့တယ္လို႔ အဲ့ဒီေန႔ကျဖစ္ရပ္ကို ကာယကံရွင္ေတြက ျပန္ေျပာျပခဲ့တာပါ။

“ကၽြန္ေတာ့္ကို အရင္ဖမ္းတယ္။ ၿပီးေတာ့ ထြက္ေျပးသြားတဲ့ မိသားစုေတြကို ဘာမွမလုပ္ပါဘူး ဖုန္းဆက္ေခၚေပးဆိုၿပီးေခၚခိုင္းတယ္။ မေခၚရင္ပစ္သတ္မယ္လို႔ ေျပာတယ္ “ လို႔ ေခ်ာင္းခြရြာက ဦးတာက ေျပာျပပါတယ္။

က်န္တဲ့ အနီးအနားက တဲသုံးေလးတဲက လူေတြကိုလည္း ျပန္ေခၚခိုင္းေပမဲ့ က်န္သူေတြက ျပန္မလာၾကဘူးလို႔ ေျပာပါတယ္။

ဖုန္းဆက္ေခၚလိုက္ခ်ိန္ ေနၾကာခင္းအနီးမွာ ပုန္းေနတဲ့ မိသားစုေတြ ေရာက္လာခ်ိန္မွာေတာ့ အကုန္လုံးကို ဖမ္းဆီးလိုက္တယ္လို႔ သူက ဆက္ေျပာျပပါတယ္။

“ကၽြန္ေတာ္နဲ႔သမီးအႀကီးကိုက်ေတာ့ လက္ထိတ္ခတ္ထားတယ္။ ကၽြန္ေတာ့္အမ်ိဳးသမီးနဲ႔ သမီးငယ္ကိုက်ေတာ့လက္ကို ေနာက္ျပန္ႀကိဳးတုပ္ၿပီးဖမ္းသြားတယ္။ ကၽြန္ေတာ္တို႔က်ေတာ့ တဲေအာက္ကမန္က်ည္းပင္မွာဖမ္းထားၿပီး အမ်ိဳးသမီးနဲ႔ သမီးေတြကိုေတာ့ တဲေပၚမွာထားတယ္။ ကၽြန္ေတာ္အပင္ေအာက္ကထတာနဲ႔ ပစ္သတ္မယ္လို႔ ေျပာတယ္“ လို႔ ဦးတာက ေျပာျပပါတယ္။

သူတို႔ မိသားစုက မိန္းကေလးေတြခ်ည္းပဲ ေရြးၿပီး ဖမ္းဆီးခံရတာကို ဘာေၾကာင့္ ဆိုတာ အတိအက် မသိေပမဲ့ သူတို႔ကို ရည္ရြယ္ခ်က္ခ်က္ရွိရွိ ဖမ္းဆီးသြားတာလို႔ ယူဆေၾကာင္း သူက ေျပာပါတယ္။

အဲဒီေဒသတဝိုက္မွာ စစ္ေကာင္စီကို ဆႏၵျပမႈေတြ၊ အမ်ိဳးသမီးေတြပါ လက္နက္စြဲကိုင္ဆန္႔က်င္ၾကတဲ့အထိ ျပင္းျပင္းထန္ထန္ ဆန္႔က်င္မႈေတြ ရွိေပမဲ့ အခုလို အမ်ိဳးသမီးေတြကိုခ်ည္း ေရြးခ်ယ္ဖမ္းဆီးရတဲ့အေၾကာင္းကို ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

လိင္ပိုင္းဆိုင္ရာ ထိပါးေစာ္ကားမႈေတြရွိခဲ့တယ္လို႔ဆို

ဇနီးနဲ႔သမီးျဖစ္သူေတြကို ဖမ္းဆီးထားခ်ိန္မွာေတာ့ မျမင္ေတြ႕ရေပမဲ့ တဲေပၚကေန လိင္ပိုင္းဆိုင္ရာ ထိကပါးရိကား လုပ္ေနတဲ့အသံေတြ ၾကားခဲ့ရတယ္လို႔ ဦးတာက ေျပာျပပါတယ္။

“ အသံေတြၾကားေနရတယ္။ အငယ္မေလးကို စစ္သားေတြက သူတို႔ေပါင္ေပၚတင္ၿပီး ပါးေတြကိုင္ေနတာ။ အႀကီးမကိုက်ေတာ့ အရက္အတင္းတိုက္တယ္။ အရက္ထဲမွာ ေဆးလည္းပါတယ္ ထင္တယ္။ အႀကီးမက မူးလာေတာ့ ညဘက္ မင္းေအာင္လွိုင္ ငါ့ကိုသတ္ခ်င္သတ္လိုက္ တျခားလူေတြကို မသတ္နဲ႔ဆိုၿပီး ေအာ္ဟစ္ဆဲဆိုေနတာ ကၽြန္ေတာ္တဲေအာက္ကေန အကုန္ၾကားရတယ္။ ထသြားရင္လည္း ကၽြန္ေတာ္ထတာနဲ႔ ပစ္သတ္မယ္ေျပာတယ္“လို႔ အဲ့ဒီညက အျဖစ္အပ်က္ကို ျပန္ေျပာပါတယ္။

အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ တခ်ိဳ႕က လိင္ေစာ္ကားမႈလုပ္ခဲ့တဲ့အမႈကို အေရးယူတဲ့သတင္း တခ်ိဳ႕ ထုတ္ျပန္ခဲ့ဖူးေပမဲ့ အခု ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ခ်က္ေတြ မေတြ႕ရေသးပါဘူး။

အေလာင္းက နားကပ္ေၾကာင့္ သမီးကို အတည္ျပဳခဲ့ရ

ေဖေဖာ္ဝါရီ ၂၃ရက္ ရြာကေန စစ္တပ္ျပန္ထြက္သြားခ်ိန္မွာေတာ့ ဦးတာကို ရြာမွာခ်န္ထားခဲ့ေပမဲ့ အမ်ိဳးသမီးနဲ႔သမီးငယ္ ႏွစ္ေယာက္ကို စစ္တပ္က ဖမ္းေခၚသြားခဲ့တယ္လို႔ ဆိုပါတယ္။

“ သူတို႔ကို ေခၚသြားတဲ့လမ္းကိုေတာင္ ကၽြန္ေတာ့္ကို လွည့္မၾကည့္ခိုင္းဘူး။ လွည့္ၾကည့္ရင္ပစ္သတ္မယ္ဆိုၿပီး ေခၚသြားတယ္။ ေနာက္ေန႔ေတြမွာ ရန္ႀကီးေအာင္နားမွာ သမီးေတြကို ေတြ႕တယ္ၾကားတယ္။ ဒါေပမယ့္ ျပန္ေတြ႕ေတာ့ အေလာင္းေတြေတာင္ ႐ုပ္ပ်က္ေနပါၿပီ။ မီးေလာင္ျပင္ထဲက အေလာင္းမွာ ဝတ္ထားတဲ့ နားေတာင္းက သမီးငယ္ေလး နားေတာင္းဆိုေတာ့ ေသခ်ာသြားပါတယ္။ နာေရးလည္း လုပ္ခဲ့ၿပီးပါၿပီ “ လို႔ ဦးတာက ဆိုနင့္ေနတဲ့ အသံနဲ႔ ျပန္ေျပာျပလာတာပါ။

အေျဖမရွိတဲ့ သားငယ္ရဲ့ေမးခြန္း

အခုလို ေခ်ာင္းခြရြာထဲကို စစ္ေကာင္စီတပ္ေတြဝင္ေရာက္လာၿပီးတဲ့ေနာက္ သူတို႔မိသားစုကိုပဲ ေရြးခ်ယ္ဖမ္းဆီးသြားတာဟာ သတင္းေပး တိုင္တန္းမႈေတြ ေၾကာင့္လို႔လည္း ဦးတာက ေျပာျပပါတယ္။

အခုခ်ိန္မွာေတာ့ မိသားစု ၆ ေယာက္ရွိတဲ့ ဦးတာတို႔မွာ လူမမယ္သားႏွစ္ေယာက္နဲ႔ ဖခင္ျဖစ္သူသာ က်န္ခဲ့ပါေတာ့တယ္။

“ ေဘးမွာကတဲေတြမွာလည္း မိသားစုေတြရွိေပမဲ့ ကၽြန္ေတာ့္တို႔ မိသားစုဆီပဲ တန္းလာတာ သတင္းေပးေၾကာင့္လို႔ပဲထင္တယ္။

အျပစ္မဲ့တဲ့သူေတြကို ဘာလို႔လုပ္တာလဲ ၊ စစ္တပ္မွာလည္း စစ္စည္းကမ္းေတြရွိတယ္ေလ။ အခုေတာ့ က်န္ခဲ့တဲ့ ေလးႏွစ္သားေလးကလည္း သူ႔အေမနဲ႔အစ္မေတြ နာေရးကို ေတြ႕တာေတာင္ ျပန္ထလာမယ္ပဲ ထင္ေနတာ ။ ညဘက္ေတြဆို ဖုန္းေခၚခိုင္းတယ္။ ကၽြန္ေတာ္တို႔ မေက်နပ္ဘူး“ လို႔ ဦးတာက ေျပာပါတယ္။

စစ္ကိုင္းတိုင္းထဲက ေက်းရြာေတြမွာ စစ္ေကာင္စီဘက္က ေနအိမ္ေတြကို မီးရွို႔တာ၊ ေဒသခံေတြကို ပစ္ခတ္သတ္ျဖတ္တာေတြနဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ၾကဳံရတဲ့ ေဒသခံေတြကိုယ္တိုင္က ေျပာဆိုခဲ့တာေတြ ရွိခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္ခ်က္တခ်ိဳ႕ အခါအားေလ်ာ္စြာ ထုတ္ျပန္တာေတြ႕ရေပမဲ့ ေဒသခံေတြေျပာဆိုတာေတြနဲ႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ခ်က္တခ်ိဳ႕မွာ ကြဲလြဲခ်က္ေတြ ရွိပါတယ္။

source BBC

unicode

“သူတို့ဖမ်းခေါ်သွားတာ ကျွန်တော့်အမျိုးသမီးရယ်၊ သမီးအကြီးက ၁၆ နှစ်၊ အငယ်မလေးက ၁၄ နှစ် ပါ မီးရှို့ထားတဲ့အလောင်းတွေမှာ အငယ်မလေးရဲ့ နားတောင်းကို တွေ့လိုက်ရတော့ ကျွန်တော့်သမီးဆိုတာ သေချာသွားပါတယ်။ သားငယ်လေးကတော့ သူ့အမေတွေ အစ်မတွေကို သင်္ဂြိုဟ်ပြီးတာတောင် ပြန်ထလာမယ်ထင်ပြီး ညဆိုရင်ဖုန်းဆက်ခိုင်းတယ်။”

ဇနီးနဲ့ အသက်မပြည့်သေးတဲ့ သမီးငယ် ၂ ယောက်ကို ရွာကနေ ဖမ်းခေါ်သွားပြီး နောက်တရက်မှာ ရုပ်ပျက်နေတဲ့ အလောင်းတွေသာ ပြန်ရခဲ့တဲ့အကြောင်း စစ်ရှောင်တစ်ဦး ဖြစ်တဲ့ ဦးတာက ပြန်ပြောပြခဲ့တာပါ။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ချောင်းခွကျေးရွာမှာရှိတဲ့ စစ်ရှောင်တွေ ရှိတဲ့နေရာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နောက်တနေ့မှာတော့ အသက် ၄၀ အရွယ် ဒေါ်နူးလျန်နဲ့ အသက် ၁၆ နှစ်အရွယ် ငွန်ဇျထန်းနဲ့ အသက် ၁၄ နှစ်အရွယ် ထန်းနွံကျွဲ တို့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ ချောင်းခွကျေးရွာကနေ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီး ၃ ဦးရဲ့ ရုပ်အလောင်းတွေကို သံဖိုရွာနဲ့ ခွေကျိန်ရွာနားမှာ မီးရှို့ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ရှောင်တဲတွေအထိ လာဖမ်းတယ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ချောင်းခွကျေးရွာမှာတော့ တခြားရွာတွေက လာရောက်တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေလည်းရှိနေပြီး ဖေဖော်ဝါရီ ၂၂ရက်နေ့ညပိုင်းကတော့ စစ်ကောင်စီတပ်တွေ ရောက်လာခဲ့ပါတယ်။

ရွာထဲကိုရောက်လာချိန်မှာတော့ နေကြာခင်းနားမှာရှိနေတဲ့ စစ်ရှောင်တဲက မိသားစုတွေအကုန်ထွက်ပြေးတိမ်းရှောင်ကြပြီး ဦးတာကတော့ တဲအတွင်းမှာကျန်ခဲ့တယ်လို့ အဲ့ဒီနေ့ကဖြစ်ရပ်ကို ကာယကံရှင်တွေက ပြန်ပြောပြခဲ့တာပါ။

“ကျွန်တော့်ကို အရင်ဖမ်းတယ်။ ပြီးတော့ ထွက်ပြေးသွားတဲ့ မိသားစုတွေကို ဘာမှမလုပ်ပါဘူး ဖုန်းဆက်ခေါ်ပေးဆိုပြီးခေါ်ခိုင်းတယ်။ မခေါ်ရင်ပစ်သတ်မယ်လို့ ပြောတယ် “ လို့ ချောင်းခွရွာက ဦးတာက ပြောပြပါတယ်။

ကျန်တဲ့ အနီးအနားက တဲသုံးလေးတဲက လူတွေကိုလည်း ပြန်ခေါ်ခိုင်းပေမဲ့ ကျန်သူတွေက ပြန်မလာကြဘူးလို့ ပြောပါတယ်။

ဖုန်းဆက်ခေါ်လိုက်ချိန် နေကြာခင်းအနီးမှာ ပုန်းနေတဲ့ မိသားစုတွေ ရောက်လာချိန်မှာတော့ အကုန်လုံးကို ဖမ်းဆီးလိုက်တယ်လို့ သူက ဆက်ပြောပြပါတယ်။

“ကျွန်တော်နဲ့သမီးအကြီးကိုကျတော့ လက်ထိတ်ခတ်ထားတယ်။ ကျွန်တော့်အမျိုးသမီးနဲ့ သမီးငယ်ကိုကျတော့လက်ကို နောက်ပြန်ကြိုးတုပ်ပြီးဖမ်းသွားတယ်။ ကျွန်တော်တို့ကျတော့ တဲအောက်ကမန်ကျည်းပင်မှာဖမ်းထားပြီး အမျိုးသမီးနဲ့ သမီးတွေကိုတော့ တဲပေါ်မှာထားတယ်။ ကျွန်တော်အပင်အောက်ကထတာနဲ့ ပစ်သတ်မယ်လို့ ပြောတယ်“ လို့ ဦးတာက ပြောပြပါတယ်။

သူတို့ မိသားစုက မိန်းကလေးတွေချည်းပဲ ရွေးပြီး ဖမ်းဆီးခံရတာကို ဘာကြောင့် ဆိုတာ အတိအကျ မသိပေမဲ့ သူတို့ကို ရည်ရွယ်ချက်ချက်ရှိရှိ ဖမ်းဆီးသွားတာလို့ ယူဆကြောင်း သူက ပြောပါတယ်။

အဲဒီဒေသတဝိုက်မှာ စစ်ကောင်စီကို ဆန္ဒပြမှုတွေ၊ အမျိုးသမီးတွေပါ လက်နက်စွဲကိုင်ဆန့်ကျင်ကြတဲ့အထိ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေ ရှိပေမဲ့ အခုလို အမျိုးသမီးတွေကိုချည်း ရွေးချယ်ဖမ်းဆီးရတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေရှိခဲ့တယ်လို့ဆို

ဇနီးနဲ့သမီးဖြစ်သူတွေကို ဖမ်းဆီးထားချိန်မှာတော့ မမြင်တွေ့ရပေမဲ့ တဲပေါ်ကနေ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကား လုပ်နေတဲ့အသံတွေ ကြားခဲ့ရတယ်လို့ ဦးတာက ပြောပြပါတယ်။

“ အသံတွေကြားနေရတယ်။ အငယ်မလေးကို စစ်သားတွေက သူတို့ပေါင်ပေါ်တင်ပြီး ပါးတွေကိုင်နေတာ။ အကြီးမကိုကျတော့ အရက်အတင်းတိုက်တယ်။ အရက်ထဲမှာ ဆေးလည်းပါတယ် ထင်တယ်။ အကြီးမက မူးလာတော့ ညဘက် မင်းအောင်လှိုင် ငါ့ကိုသတ်ချင်သတ်လိုက် တခြားလူတွေကို မသတ်နဲ့ဆိုပြီး အော်ဟစ်ဆဲဆိုနေတာ ကျွန်တော်တဲအောက်ကနေ အကုန်ကြားရတယ်။ ထသွားရင်လည်း ကျွန်တော်ထတာနဲ့ ပစ်သတ်မယ်ပြောတယ်“လို့ အဲ့ဒီညက အဖြစ်အပျက်ကို ပြန်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့က လိင်စော်ကားမှုလုပ်ခဲ့တဲ့အမှုကို အရေးယူတဲ့သတင်း တချို့ ထုတ်ပြန်ခဲ့ဖူးပေမဲ့ အခု ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တွေ မတွေ့ရသေးပါဘူး။

အလောင်းက နားကပ်ကြောင့် သမီးကို အတည်ပြုခဲ့ရ

ဖေဖော်ဝါရီ ၂၃ရက် ရွာကနေ စစ်တပ်ပြန်ထွက်သွားချိန်မှာတော့ ဦးတာကို ရွာမှာချန်ထားခဲ့ပေမဲ့ အမျိုးသမီးနဲ့သမီးငယ် နှစ်ယောက်ကို စစ်တပ်က ဖမ်းခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ သူတို့ကို ခေါ်သွားတဲ့လမ်းကိုတောင် ကျွန်တော့်ကို လှည့်မကြည့်ခိုင်းဘူး။ လှည့်ကြည့်ရင်ပစ်သတ်မယ်ဆိုပြီး ခေါ်သွားတယ်။ နောက်နေ့တွေမှာ ရန်ကြီးအောင်နားမှာ သမီးတွေကို တွေ့တယ်ကြားတယ်။ ဒါပေမယ့် ပြန်တွေ့တော့ အလောင်းတွေတောင် ရုပ်ပျက်နေပါပြီ။ မီးလောင်ပြင်ထဲက အလောင်းမှာ ဝတ်ထားတဲ့ နားတောင်းက သမီးငယ်လေး နားတောင်းဆိုတော့ သေချာသွားပါတယ်။ နာရေးလည်း လုပ်ခဲ့ပြီးပါပြီ “ လို့ ဦးတာက ဆိုနင့်နေတဲ့ အသံနဲ့ ပြန်ပြောပြလာတာပါ။

အဖြေမရှိတဲ့ သားငယ်ရဲ့မေးခွန်း

အခုလို ချောင်းခွရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးတဲ့နောက် သူတို့မိသားစုကိုပဲ ရွေးချယ်ဖမ်းဆီးသွားတာဟာ သတင်းပေး တိုင်တန်းမှုတွေ ကြောင့်လို့လည်း ဦးတာက ပြောပြပါတယ်။

အခုချိန်မှာတော့ မိသားစု ၆ ယောက်ရှိတဲ့ ဦးတာတို့မှာ လူမမယ်သားနှစ်ယောက်နဲ့ ဖခင်ဖြစ်သူသာ ကျန်ခဲ့ပါတော့တယ်။

“ ဘေးမှာကတဲတွေမှာလည်း မိသားစုတွေရှိပေမဲ့ ကျွန်တော့်တို့ မိသားစုဆီပဲ တန်းလာတာ သတင်းပေးကြောင့်လို့ပဲထင်တယ်။

အပြစ်မဲ့တဲ့သူတွေကို ဘာလို့လုပ်တာလဲ ၊ စစ်တပ်မှာလည်း စစ်စည်းကမ်းတွေရှိတယ်လေ။ အခုတော့ ကျန်ခဲ့တဲ့ လေးနှစ်သားလေးကလည်း သူ့အမေနဲ့အစ်မတွေ နာရေးကို တွေ့တာတောင် ပြန်ထလာမယ်ပဲ ထင်နေတာ ။ ညဘက်တွေဆို ဖုန်းခေါ်ခိုင်းတယ်။ ကျွန်တော်တို့ မကျေနပ်ဘူး“ လို့ ဦးတာက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်တာတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေကိုယ်တိုင်က ပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ချက်တချို့ အခါအားလျော်စွာ ထုတ်ပြန်တာတွေ့ရပေမဲ့ ဒေသခံတွေပြောဆိုတာတွေနဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တချို့မှာ ကွဲလွဲချက်တွေ ရှိပါတယ်။

source BBC