ၾကားသိရသမွ်

ထိုင္းထီ ပထမ (၂) ဆု ဘတ္ ၁၂ သန္းကို ျမန္မာေတြပဲ ကံထူးသြားျပန္ၿပီ

ထိုင္းထီ ပထမ (၂) ဆု ဘတ္ ၁၂ သန္းကို ျမန္မာေတြပဲ ကံထူးသြားျပန္ၿပီ

ထိုင္းထီပထမဆု (ႏွစ္ဆု) ထိုင္းဘတ္ေငြ သိန္း (၁၂၀)

ျမန္မာေငြ (သိန္း ၅၀၀၀ေက်ာ္) ကံထူးရွင္ ျမန္မာႏိုင္ငံသားပါပဲတဲ့၊ ထိုင္းေတြ မနာလိုတာလည္း မေျပာနဲ႔ ထြက္သမွ် ထီရဲ႕ ပထမဆုကို အႀကိမ္တိုင္းနီးပါး ျမန္မာလူမ်ိဳးေတြ ေပါက္ေလ့ ရွိပါတယ္။

 

ထိုင္းႏိုင္ငံ မဟာခ်ိဳင္ ေဒသတြင္ အလုပ္လုပ္ကိုင္ေန ေသာ ျမန္မာလုပ္သား ဇနီးေမာင္ ႏွံသည္ ဇူလိုင္ ၁၆ ရက္က ဖြင့္ လွစ္သည့္ ထိုင္းထီပထမဆု ဘတ္ေျခာက္သန္းဆု ႏွစ္ဆု (က်ပ္သိန္း ၅,၀၀၀ ေက်ာ္) ဆြတ္ ခူးခဲ့ပါတယ္။

ထိုင္းထီဆု ႏွစ္ဆုကံထူး သည့္ ျမန္မာလုပ္သားဇနီးေမာင္ႏွံ သည္ ထိုင္းေရာက္ျမန္မာလုပ္သားမ်ားအေရးကူညီေဆာင္႐ြက္ ေပးေနေသာ AAC (မဟာမိတ္)အဖြဲ႕ထံ ကူညီလုပ္အားေပးအျဖစ္ ေဆာင္႐ြက္ေနသူမ်ား ျဖစ္ ေၾကာင္း ယင္းအဖြဲ႕မွ ကိုရဲမင္းက ေျပာပါတယ္။

 

“ထိုင္းမွာ ျမန္မာလုပ္သား ေတြ မၾကာခဏထီကံထူးေပမယ့္ အခုလို ပထမဆုႏွစ္ဆု ကံထူးတာေတာ့ ရွားတယ္။ သူတို႔ လင္မ ယားက ျမန္မာျပည္မျပန္ခ်င္ေသး ဘူး။ ထိုင္းမွာပဲ ဆက္ၿပီးေနခ်င္ေသးတယ္ ေျပာပါတယ္’’ ဟု ကိုရဲမင္းက ေျပာသည္။

ျမန္မာလုပ္သားဇနီးေမာင္ႏွံ သည္ ထိုင္းထီေပါက္စဥ္နံပါတ္ ၈၇၃၂၈၆ ျဖင့္ ထီေပါက္ျခင္း ျဖစ္ၿပီး ၎တို႔သည္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ဇာတိျဖစ္သည္။ ၂၀၁၉ စက္တင္ဘာ ၁၆ ရက္ကလည္း ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ၿမိဳ႕ရွိ ထီဆိုင္တစ္ဆိုင္ထဲမွ ဝယ္ယူကံစမ္းေသာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား မိသားစု ႏွစ္စုသည္ ဘတ္ေျခာက္သန္းစီ အသီးသီး ဆြတ္ခူးခဲ့ပါတယ္။

ထိုင္းေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ထိုင္းထီဆုေပါက္ေငြမ်ားကို လုံၿခဳံစိတ္ခ်ေသာေနရာတြင္ ထားရွိသင့္ေၾကာင္း ထိုင္းေရာက္ ျမန္မာလုပ္ သားမ်ားအေရး ကူညီေပးေန ေသာ AAC အဖြဲ႕က အႀကံျပဳထားပါတယ္။

Unicode

ထိုင်းထီ ပထမ (၂) ဆု ဘတ် ၁၂ သန်းကို မြန်မာတွေပဲ ကံထူးသွားပြန်ပြီ

ထိုင်းထီပထမဆု (နှစ်ဆု) ထိုင်းဘတ်ငွေ သိန်း (၁၂၀)

မြန်မာငွေ (သိန်း ၅၀၀၀ကျော်) ကံထူးရှင် မြန်မာနိုင်ငံသားပါပဲတဲ့၊ ထိုင်းတွေ မနာလိုတာလည်း မပြောနဲ့ ထွက်သမျှ ထီရဲ့ ပထမဆုကို အကြိမ်တိုင်းနီးပါး မြန်မာလူမျိုးတွေ ပေါက်လေ့ ရှိပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင် ဒေသတွင် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သား ဇနီးမောင် နှံသည် ဇူလိုင် ၁၆ ရက်က ဖွင့် လှစ်သည့် ထိုင်းထီပထမဆု ဘတ်ခြောက်သန်းဆု နှစ်ဆု (ကျပ်သိန်း ၅,၀၀၀ ကျော်) ဆွတ် ခူးခဲ့ပါတယ်။

ထိုင်းထီဆု နှစ်ဆုကံထူး သည့် မြန်မာလုပ်သားဇနီးမောင်နှံ သည် ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီဆောင်ရွက် ပေးနေသော AAC (မဟာမိတ်)အဖွဲ့ထံ ကူညီလုပ်အားပေးအဖြစ် ဆောင်ရွက်နေသူများ ဖြစ် ကြောင်း ယင်းအဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။

“ထိုင်းမှာ မြန်မာလုပ်သား တွေ မကြာခဏထီကံထူးပေမယ့် အခုလို ပထမဆုနှစ်ဆု ကံထူးတာတော့ ရှားတယ်။ သူတို့ လင်မ ယားက မြန်မာပြည်မပြန်ချင်သေး ဘူး။ ထိုင်းမှာပဲ ဆက်ပြီးနေချင်သေးတယ် ပြောပါတယ်’’ ဟု ကိုရဲမင်းက ပြောသည်။

မြန်မာလုပ်သားဇနီးမောင်နှံ သည် ထိုင်းထီပေါက်စဉ်နံပါတ် ၈၇၃၂၈၆ ဖြင့် ထီပေါက်ခြင်း ဖြစ်ပြီး ၎င်းတို့သည် မွန်ပြည်နယ် မော်လမြိုင်မြို့ဇာတိဖြစ်သည်။ ၂၀၁၉ စက်တင်ဘာ ၁၆ ရက်ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ထီဆိုင်တစ်ဆိုင်ထဲမှ ဝယ်ယူကံစမ်းသော မြန်မာရွှေ့ပြောင်းလုပ်သား မိသားစု နှစ်စုသည် ဘတ်ခြောက်သန်းစီ အသီးသီး ဆွတ်ခူးခဲ့ပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားများအနေဖြင့် ထိုင်းထီဆုပေါက်ငွေများကို လုံခြုံစိတ်ချသောနေရာတွင် ထားရှိသင့်ကြောင်း ထိုင်းရောက် မြန်မာလုပ် သားများအရေး ကူညီပေးနေ သော AAC အဖွဲ့က အကြံပြုထားပါတယ်။