က်န္ရွိေနသည့္ အထက္တန္းေက်ာင္းမ်ား အျမန္ဆုံး ဖြင့္လွစ္ႏိုင္ရန္ ကိုဗစ္ ဗဟိုေကာ္မတီကို တင္ျပထားဟု ဆို
Covid-19 ကမၻာ့ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးကာလတြင္ က်န္းမာေရး လမ္းညႊန္းခ်က္မ်ားႏွင့္ ေဆာင္ရြက္ထားႏိုင္ေသာ္လည္း ဖြင့္ခြင့္မရရွိေသးသည့္ အထက္တန္းေက်ာင္းမ်ား အျမန္ဆုံးဖြင့္ လွစ္ႏိုင္ရန္ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ဳိးသားအဆင့္ ဗဟိုေကာ္မတီသို႔ တင္ျပ ေၾကာင္း အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာသည္။
ကိုဗစ္ေရာဂါေၾကာင့္ အေျခခံပညာေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ေရး ေနာက္က်ေနသည့္အတြက္ ၿပီးခဲ့ေသာ ဇူလိုင္ ၂၂ရက္က အထက္တန္းအဆင့္ေက်ာင္းတစ္ခ်ဳိ႕ကို က်န္းမာေရး လမ္းညႊန္ခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္ေစ၍ ဖြင့္လွစ္ခဲ့သည္။
”ဖြင့္ဖို႔က်န္ေသးတဲ့ ေက်ာင္းေတြက စစ္ေဆးမႈေတြမွာ A ရတယ္ဆိုတာ သိေပမယ့္ တရားဝင္ဖြင့္လွစ္ ခြင့္မရေသးဘူးျဖစ္ေနတယ္။ အဲ့အခါက်ေတာ့ ေက်ာင္းသူ ေက်ာင္းသားေတြက ဒီလာမယ့္ ေသာၾကာ ေန႔ ၂၁ ရက္ေန႔ဆိုလို႔ရွိရင္ သူမ်ားေက်ာင္းထက္စာရင္ တစ္လတိတိေနာက္က်သြားတာေပါ့။ ဒါေၾကာင့္ မို႔ အဲ့လို မညီမွ်မႈေတြ မျဖစ္ေအာင္ဆိုၿပီးေတာ့ ဆရာတို႔ ပညာေရးဝန္ႀကီးဌာနဘက္ကလည္း ကိုဗစ္ ဗဟို ေကာ္မတီကို တင္ျပထားတာရွိပါတယ္”ဟုေဒါက္တာတင္ေမာင္၀င္းက ေျပာသည္။
ျမန္မာတစ္ႏိုင္ငံလုံးရွိ အထက္တန္းေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ေရးအတြက္ အထက္တန္းေက်ာင္း ၇၂၀၀ ခန္႔ ရွိသည့္အနက္ ေက်ာင္းေပါင္း ၇၁၁၀ ေက်ာ္ကို က်န္းမာေရး ႏွင့္ အားကစား၀န္ႀကီးဌာနက အခ်က္ ၈၀ ပါ Check Lists မ်ားျဖင့္ က်န္းမာေရးႏွင့္အညီေဆာင္ရြက္ထားမႈမ်ားကို စစ္ေဆးထားၿပီျဖစ္သည္။
ထိုသို႔စစ္ေဆးထားရာတြင္ ေက်ာင္းေပါင္း ၆,၉၀၀ ေက်ာ္က က်န္းမာေရးအဆင့္သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီမႈရွိသာ္လည္း လက္ရွိတြင္ ေက်ာင္းေပါင္း ၄,၆၀၀ ေက်ာ္ကိုသာ ဖြင့္ခြင့္ေပးထားသည္။က်န္ရွိေနသည့္ ေက်ာင္းေပါင္း ၂,၅၀၀ ခန္႔က တစ္လနီးပါးခန္႔ၾကာျမင့္လာၿပီးေသာ္လည္း ဖြင့္ခြင့္ မရရွိေသးေပ။
ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္လည္း ကနဦးဖြင့္လွစ္ခဲ့ေသာ အထက္တန္းေက်ာင္းမ်ား ၏ အေျခအေနကို ေစာင့္ၾကည့္၍ က်န္ရွိေသးသည့္ အထက္တန္းေက်ာင္းမ်ား၊ အလယ္တန္းေက်ာင္း မ်ား ႏွင့္ မူလတန္းေက်ာင္းမ်ားကို အဆင့္ဆင့္ဖြင့္လွစ္သြားႏိုင္ရန္ စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ၾသဂုတ္လဒုတိယ အပတ္တြင္းျပဳလုပ္ခဲ့ေသာ အြန္လိုင္း တိုက္ရိုက္ ေဆြးေႏြးမႈတစ္ခု၌ ထည့္သြင္း ေျပာၾကားခဲ့သည္။
မိုင္းေစာလြင္
Unicode
ကျန်ရှိနေသည့် အထက်တန်းကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် ကိုဗစ် ဗဟိုကော်မတီကို တင်ပြထားဟု ဆို
Covid-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ကျန်းမာရေး လမ်းညွှန်းချက်များနှင့် ဆောင်ရွက်ထားနိုင်သော်လည်း ဖွင့်ခွင့်မရရှိသေးသည့် အထက်တန်းကျောင်းများ အမြန်ဆုံးဖွင့် လှစ်နိုင်ရန် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြ ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။
ကိုဗစ်ရောဂါကြောင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး နောက်ကျနေသည့်အတွက် ပြီးခဲ့သော ဇူလိုင် ၂၂ရက်က အထက်တန်းအဆင့်ကျောင်းတစ်ချို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်စေ၍ ဖွင့်လှစ်ခဲ့သည်။
”ဖွင့်ဖို့ကျန်သေးတဲ့ ကျောင်းတွေက စစ်ဆေးမှုတွေမှာ A ရတယ်ဆိုတာ သိပေမယ့် တရားဝင်ဖွင့်လှစ် ခွင့်မရသေးဘူးဖြစ်နေတယ်။ အဲ့အခါကျတော့ ကျောင်းသူ ကျောင်းသားတွေက ဒီလာမယ့် သောကြာ နေ့ ၂၁ ရက်နေ့ဆိုလို့ရှိရင် သူများကျောင်းထက်စာရင် တစ်လတိတိနောက်ကျသွားတာပေါ့။ ဒါကြောင့် မို့ အဲ့လို မညီမျှမှုတွေ မဖြစ်အောင်ဆိုပြီးတော့ ဆရာတို့ ပညာရေးဝန်ကြီးဌာနဘက်ကလည်း ကိုဗစ် ဗဟို ကော်မတီကို တင်ပြထားတာရှိပါတယ်”ဟုဒေါက်တာတင်မောင်ဝင်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်းကျောင်း ၇၂၀၀ ခန့် ရှိသည့်အနက် ကျောင်းပေါင်း ၇၁၁၀ ကျော်ကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အချက် ၈၀ ပါ Check Lists များဖြင့် ကျန်းမာရေးနှင့်အညီဆောင်ရွက်ထားမှုများကို စစ်ဆေးထားပြီဖြစ်သည်။
ထိုသို့စစ်ဆေးထားရာတွင် ကျောင်းပေါင်း ၆,၉၀၀ ကျော်က ကျန်းမာရေးအဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသာ်လည်း လက်ရှိတွင် ကျောင်းပေါင်း ၄,၆၀၀ ကျော်ကိုသာ ဖွင့်ခွင့်ပေးထားသည်။ကျန်ရှိနေသည့် ကျောင်းပေါင်း ၂,၅၀၀ ခန့်က တစ်လနီးပါးခန့်ကြာမြင့်လာပြီးသော်လည်း ဖွင့်ခွင့် မရရှိသေးပေ။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကနဦးဖွင့်လှစ်ခဲ့သော အထက်တန်းကျောင်းများ ၏ အခြေအနေကို စောင့်ကြည့်၍ ကျန်ရှိသေးသည့် အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်း များ နှင့် မူလတန်းကျောင်းများကို အဆင့်ဆင့်ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သြဂုတ်လဒုတိယ အပတ်တွင်းပြုလုပ်ခဲ့သော အွန်လိုင်း တိုက်ရိုက် ဆွေးနွေးမှုတစ်ခု၌ ထည့်သွင်း ပြောကြားခဲ့သည်။
မိုင်းစောလွင်