ပြည်တွင်းသတင်း


လိုင်းပေါ်မှာ ဖွနေတဲ့ ဓာတ်ပုံရဲ့နောက်ကွယ်က အကြောင်းအရင်းကို မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ရှင်းပြီ

“အကောင်းဆုံးလုပ်ဆောင်ပေးပြီးတောင့်ခံပေးနေတဲ့ ရှေ့တန်းခံစစ် NOGH,ED Team ကို အထူးကျေးဇူးတင်ဂုဏ်ယူလျက်”

ဒီ ဓာတ်ပုံလေး fb လူမှုကွန်ယက်ပေါ် ဘယ်သူတင်မှန်းမသိ တက်လာတော့ ဘာမှ မဖြေရှင်းတော့ပါ ကျွန်မတို့အရင်က မွေးဆောင်မှာ တစ်ကုတင်ကို ၂ယောက်နေရလဲ လူနာလျော့မသွားဘူး အခိုန်ရင်ဆိုင်ဖြေရှင်းနေရတာက Extraordinary Pandemic Covid-19 အလွန်ကူးစက်မြန်ပြီး သေနှုန်းပါမြင့်တက်လာတဲ့ ရောဂါပါ

ရောက်တာနဲ့ လွယိလွယ်ကြည့် လွယ်လွယ် ရော့အင့်လို့ တင်လို့မရတဲ့ အခြေအနေဆိုတာ လူနာ လူနာရှင် စာဖတ်သူ မိဘပြည်သူများ သိနားလည်ဖို့အရေးကြီးပါတယ် Health Care Persons နှင့်အတူ Patients Safety ပါ တစ်ပြိုင်နက် တည်းလုပ်နေကြရတာပါ ဒါဖြစ်သင့်တယ်ဆိုတာထက် အကောင်းဆုံးဖြစ်အောင် ရှိတဲ့နေရာလေးမှာ Safe & Comfort Zone လေးဖန်တီးပေးနိုင်တာနဲ့ကို

ကျွန်မတော့ အရေးပေါ်ဌာနက အမ ပါမောက္ခဒေါက်တာ ခိုင်ရွှေဝါနှင့် ဆရာဝန် သူနာပြု အလုပ်သမား တစ်ဖွဲ့လုံးကို Admin တစ်ယောက်အနေနဲ့ ကျေးဇူးတင်အားနာရပါကြောင်းပြောပါရစေ တစ်ဆေးရုံလုံးရဲ့ သံသယလူနာတွေ နေရာချထားဖို့ ကုတင်မရသေးခင် လိုအပ်နေချိန် အရေးပေါ်သို့ လူနာရောက်လာတယ် သွေးစစ် ဓာတ်မှန်ရိုက် အဖြေစောင့် ဆေးရုံတင်ဖို့လိုပေမယ့် ကုတင်မရသေးလျှင် သက်တောင့်သက်သာဖြစ်အောင် အရင် ချပေးထားတဲ့ခုံတွေထက် လူနာတွေ Dream Bedကဲသို့ လှဲလို့ရအောင် အခုလို ခုံမျိုး နဲ့ အောက်စီဂျင် ရေ ထမင်း မုန့် အစရှိသဖြင့် အလှူရှင်များလှူဒါန်းမှုကို မျှဝေပေးကြပါတယ်

အခုခုံတွေကို ပထမဆုံး ဆေးကျောင်းတုန်းက သူငယ်ချင်း Tint Linn Htun က ဘာလိုလဲမေးလာတော့ လူနာတွေ ကုတင်မလောက်ရင် သက်တောင့်သက်သာ ထိုင်လှဲလို့ရတဲ့ ခုံလိုချင်တယ် ပြောတာနဲ့ ချက်ချင်းနောက်နေ့ပဲ ဓာတ်ပုံ ပြ ဘယ်ပုံယူမလဲရွေးကြပြီး အခု လူနာတွေ ထိုင်နေတဲ့ခုံလေးတွေ ၅၀ စလှူပေးတယ်.

နောက် ဝင်းဝင်းဖယောင်းတိုင်အမွှေးတိုင်က Air con 1.5 hp ၂ လုံးကို OG isolation၊ ၂ လုံးကို Isolation – နဲ့ hall ခန်းမှာ ပလတ်စတစ်ကာတာ ၈သိန်းခွဲ Walkie Talkie ၂လုံး အတွက် ၂၅သိန်း ကို ကိုယ်စားလာလှူပေးတဲ့ အန်တီအေးအေးစိုးက သမီးလိုတာပြောဆိုတာနဲ့ ခုံတွေတော့လိုပါတယ် လူနာတွေ comfortဖြစ်မယ့် ခုံလေးတွေလိုချင်တယ်ပြောလိုက်တယ်

နောက်နေ့ အန်တီအေးစိုးကပဲ ဝင်းဝင်း ဖယောင်းတိုင် အမွှေးတိုင်ကိုယ်စား ထိုင်ခုံတွေ ၁၀၀ လာလှူပေးခဲ့တယ်. အောက်စီဂျင်အိုးတွေကလည်း အမ Prof အလှူခံပြီးထပ်ဖြည့်ပေးထားလို့ လိုတာမရှိအောင် ကျွန်မတို့တတ်နိုင်တယ်ဆိုတာထက် လုပ်ပေးနိုင်စွမ်းထက် မိုင်ကျော်အောင် ရှိတဲ့ capacity နဲ့ အကောင်းဆုံး စောင့်ရှောက် တောင့်ခံပေးနေပါသော ကျွန်မတို့ NOGH ၏ ရှေ့တန်းစစ်မျက်နှာ အရေးပေါ်ဌာနကို အားနာစွာနှင့် အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်

Dr ဆေးရုံအုပ် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး