ျပည္တြင္းသတင္း

ဘယ္ကကူးမွန္းမသိတဲ့ သဃၤန္းကြၽန္းၿမိဳ႕နယ္ သုဝဏၰရွိ ကိုဗစ္လူနာအမွတ္ ၅၉၅ ေနထိုင္သည့္ တိုက္ခန္းတြဲတြင္ လူ ၉၀ ခန႔္ေနထိုင္

ဘယ္ကကူးမွန္းမသိတဲ့ သဃၤန္းကြၽန္းၿမိဳ႕နယ္ သုဝဏၰရွိ ကိုဗစ္လူနာအမွတ္ ၅၉၅ ေနထိုင္သည့္ တိုက္ခန္းတြဲတြင္ လူ ၉၀ ခန႔္ေနထိုင္

သဃၤန္းကြၽန္းၿမိဳ႕နယ္ သုဝဏၰရွိ ကိုဗစ္လူနာအမွတ္ (၅၉၅) ေနထိုင္သည့္ တိုက္ခန္းတြဲတြင္ လူ ၉၀ ခန႔္ေနထိုင္ၿပီး တိုက္ခန္းတြဲအနီးတစ္ဝိုက္အား အသြားအလာကန႔္သတ္ထားေၾကာင္း သက္ဆိုင္ရာရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕ထံမွ သိရသည္။

ၾသဂုတ္ ၂၇ ရက္ ည ၈ နာရီတြင္ အတည္ျပဳထုတ္ျပန္သည့္ ကိုဗစ္လူနာအမွတ္ (၅၉၅) အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးျဖစ္ၿပီး ၎သည္ ျပည္ပသို႔ ခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႕လူနာႏွင့္ ထိေတြ႕မႈမရွိ၊ ရခိုင္ျပည္နယ္သို႔ သြားေရာက္ျခင္းမရွိဘဲ ေရာဂါပိုးကူးစက္ခံခဲ့ရသည္ဟု ေဖာ္ျပထားသည္။

အဆိုပါ အမ်ိဳးသမီးေနထိုင္သည့္ တိုက္မွာ ႏွစ္ထပ္တိုက္ (၈) ခန္းတြဲအမ်ိဳးအစားျဖစ္ၿပီး အဆိုပါ (၈)ခန္းတြဲ၌ လူဦးေရ ၉၀ ခန႔္ ေနထိုင္ေၾကာင္းသိရသည္။

အဆိုပါ အမ်ိဳးသမီးမွာ ရပ္ကြက္အတြင္း အဝတ္ေလွ်ာ္သည့္ အလုပ္လုပ္သူျဖစ္ၿပီး ျပည္တြင္းသို႔ ခရီးထြက္ဖူးသူ မဟုတ္ေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

ယင္းအမ်ိဳးသမီးေနထိုင္သည့္ သုဝဏၰၿမိဳ႕၊ ေပၚဆန္းေမႊး ၅ လမ္းႏွင့္ ေပၚဆန္းေမႊး ၆ လမ္းအား ဆက္သြယ္ထားသည့္ လမ္းတိုအား ၾသဂုတ္ ၂၇ ရက္ ညပိုင္းတြင္ အသြားအလာကန႔္သတ္မႈမ်ား ျပဳလုပ္ထားခဲ့သည္။

အဆိုပါအမ်ိဳးသမီးမွာ မည္သည့္ေနရာတြင္ ကူးစက္ခံရသည္ကို မသိရွိေသးဘဲ ေနမေကာင္းသျဖင့္ စံျပေဆး႐ုံသို႔ လာေရာက္ျပသရာမွ ေစာင့္ၾကည့္ခဲ့ျခင္းျဖစ္သည္ဟု သကၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ေျပာၾကားသည္။

“သူက ေနမေကာင္းျဖစ္လို႔ သူ႔ဘာသာသူ စံျပေဆး႐ုံကို လာျပရင္းနဲ႔ သိရတာေပါ့။ ခရီးသြား ရာဇဝင္လည္းမရွိဘူး။ ဘယ္ကကူးမွန္းလဲ မသိဘူးျဖစ္ေနတယ္” ဟု ဦးေနဘုန္းလတ္က ေျပာၾကားသည္။

လတ္တေလာတြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးပိုင္းမွ စာရင္းလိုက္လံေကာက္ယူေနၿပီး အဆိုပါအမ်ိဳးသမီးႏွင့္ အနီးကပ္ထိေတြ႕ခဲ့သူမ်ားစာရင္းကို နံနက္ပိုင္းမွသာ အေသးစိတ္ေကာက္ယူကာ Quarantine ပို႔ေဆာင္မည္ျဖစ္ေၾကာင္း ဦးေနဘုန္းလတ္က ဆက္လက္ေျပာၾကားသည္။

ယခုလက္ရွိတြင္ အဆိုပါလမ္းတိုအတြင္း ေနထိုင္သူမ်ားကို က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ကာ အသြားအလာကန႔္သတ္ထားသည္ကို ေတြ႕ရသည္။

Credit

Unicode

ဘယ်ကကူးမှန်းမသိတဲ့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ကိုဗစ်လူနာအမှတ် ၅၉၅ နေထိုင်သည့် တိုက်ခန်းတွဲတွင် လူ ၉၀ ခန့်နေထိုင်

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ကိုဗစ်လူနာအမှတ် (၅၉၅) နေထိုင်သည့် တိုက်ခန်းတွဲတွင် လူ ၉၀ ခန့်နေထိုင်ပြီး တိုက်ခန်းတွဲအနီးတစ်ဝိုက်အား အသွားအလာကန့်သတ်ထားကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သြဂုတ် ၂၇ ရက် ည ၈ နာရီတွင် အတည်ပြုထုတ်ပြန်သည့် ကိုဗစ်လူနာအမှတ် (၅၉၅) အသက် ၄၀ အရွယ် အမျိုးသမီးဖြစ်ပြီး ၎င်းသည် ပြည်ပသို့ ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိ၊ ရခိုင်ပြည်နယ်သို့ သွားရောက်ခြင်းမရှိဘဲ ရောဂါပိုးကူးစက်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးနေထိုင်သည့် တိုက်မှာ နှစ်ထပ်တိုက် (၈) ခန်းတွဲအမျိုးအစားဖြစ်ပြီး အဆိုပါ (၈)ခန်းတွဲ၌ လူဦးရေ ၉၀ ခန့် နေထိုင်ကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးမှာ ရပ်ကွက်အတွင်း အဝတ်လျှော်သည့် အလုပ်လုပ်သူဖြစ်ပြီး ပြည်တွင်းသို့ ခရီးထွက်ဖူးသူ မဟုတ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းအမျိုးသမီးနေထိုင်သည့် သုဝဏ္ဏမြို့၊ ပေါ်ဆန်းမွှေး ၅ လမ်းနှင့် ပေါ်ဆန်းမွှေး ၆ လမ်းအား ဆက်သွယ်ထားသည့် လမ်းတိုအား သြဂုတ် ၂၇ ရက် ညပိုင်းတွင် အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားခဲ့သည်။

အဆိုပါအမျိုးသမီးမှာ မည်သည့်နေရာတွင် ကူးစက်ခံရသည်ကို မသိရှိသေးဘဲ နေမကောင်းသဖြင့် စံပြဆေးရုံသို့ လာရောက်ပြသရာမှ စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

“သူက နေမကောင်းဖြစ်လို့ သူ့ဘာသာသူ စံပြဆေးရုံကို လာပြရင်းနဲ့ သိရတာပေါ့။ ခရီးသွား ရာဇဝင်လည်းမရှိဘူး။ ဘယ်ကကူးမှန်းလဲ မသိဘူးဖြစ်နေတယ်” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

လတ်တလောတွင် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ စာရင်းလိုက်လံကောက်ယူနေပြီး အဆိုပါအမျိုးသမီးနှင့် အနီးကပ်ထိတွေ့ခဲ့သူများစာရင်းကို နံနက်ပိုင်းမှသာ အသေးစိတ်ကောက်ယူကာ Quarantine ပို့ဆောင်မည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ဆက်လက်ပြောကြားသည်။

ယခုလက်ရှိတွင် အဆိုပါလမ်းတိုအတွင်း နေထိုင်သူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ အသွားအလာကန့်သတ်ထားသည်ကို တွေ့ရသည်။

Credit