ႏွာေခါင္းစီး မတပ္ဘဲ အျပင္ ထြက္သြား လာတဲ့ သူ ၄၄ ဦးကို စတင္ အေရးယူၿပီ
ရခိုင္ျပည္နယ္ ေမာင္ေတာ ၿမိဳ႕နယ္ အတြင္း ပါးစပ္နဲ႔ ႏွာေခါင္းစည္း(Mask) မတပ္ဆင္ဘဲ ေနအိမ္ျပင္ပမွာ သြားလာ ေနသူ ၄၄ဦးကို ဩ ဂုတ္လ ၂၅ရက္ေန႔က ဒဏ္႐ိုက္အေရးယူျခင္းမ်ား ျပဳလုပ္ခဲ့တယ္လို႔ ၿမိဳ႕နယ္ျပန္/ဆက္ရဲ႕ သတင္းမ်ားအရ သိရပါတယ္။
ေမာင္ေတာ ၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး အတြက္ ဌာနဆိုင္ရာမ်ားပူးေပါင္း စစ္ေဆးေရးအဖြဲ႕ က ပါးစပ္ႏွာေခါင္း စည္း(mask)မတပ္ဆင္ဘဲ သြားလာေနသူမ်ားအား ဒဏ္႐ိုက္ျခင္းကို ဩဂုတ္လ ၂၅ရက္ေန႔မွစတင္ၿပီး ေဆာင္႐ြက္လ်က္ရွိတာျဖစ္ပါတယ္။
ေမာင္ေတာၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ႏိုင္ေရးအတြက္ ဌာနဆိုင္ရာမ်ား ပူးေပါင္းစစ္ေဆးေရးအဖြဲ႕ က ၿမိဳ႕တြင္းေနရာမ်ား အတြင္း အဖြဲ႕(၂)ဖြဲ႕ျဖင့္ ေဆာင္႐ြက္ လ်က္ရွိခဲ့ရာ ပါးစပ္နဲ႔ ႏွာေခါင္းစည္း(Mask)မတပ္ဆင္ဘဲ လိုက္နာမႈ မရွိသူ (၄၄)ဦးကို စစ္ေဆးေတြ႕ ရွိခဲ့တယ္လို႔ ဆိုပါတယ္။
ထိုသူမ်ားအား ဒဏ္ေငြတစ္ေသာင္း ေပးေဆာင္ေစကာ အျပင္သို႔ထြက္တိုင္း ႏွာေခါင္းစည္း Mask တပ္ဆင္ၿပီးမွ ေနအိမ္ ျပင္ပသို႔ ထြက္ၾကရန္ အသိပညာ ေပးေျပာၾကားခဲ့ကာ maskတပ္ဆင္မႈမရွိေၾကာင္း ထပ္မံေတြ႕ရွိပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒျဖင့္ အေရးယူေဆာင္႐ြက္သြားမယ္လို႔လည္း သိရပါတယ္။
ယခုအခ်ိန္ မွာ ရခိုင္ျပည္နယ္ အတြင္းရွိ ၿမိဳ႕နယ္ေနျပည္သူမ်ားအား ေနအိမ္ျပင္ပ သို႔ သြားေရာက္မည္ ဆိုပါက mask မ်ား တပ္ဆင္ရန္နဲ႔ မတပ္ ဆင္ဘဲ သြားလာမႈမ်ား ရွိပါက အေရးယူမွာျဖစ္တယ္လို႔ ျပည္နယ္အစိုးရ အဖြဲ႕က ေျပာဆိုထားတာလည္းျဖစ္ပါတယ္။
TMA
Credit – MyanmaPlatform
Unicode
နှာခေါင်းစီး မတပ်ဘဲ အပြင် ထွက်သွား လာတဲ့ သူ ၄၄ ဦးကို စတင် အရေးယူပြီ
ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်း ပါးစပ်နဲ့ နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပမှာ သွားလာ နေသူ ၄၄ဦးကို ဩ ဂုတ်လ ၂၅ရက်နေ့က ဒဏ်ရိုက်အရေးယူခြင်းများ ပြုလုပ်ခဲ့တယ်လို့ မြို့နယ်ပြန်/ဆက်ရဲ့ သတင်းများအရ သိရပါတယ်။
မောင်တော မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဌာနဆိုင်ရာများပူးပေါင်း စစ်ဆေးရေးအဖွဲ့ က ပါးစပ်နှာခေါင်း စည်း(mask)မတပ်ဆင်ဘဲ သွားလာနေသူများအား ဒဏ်ရိုက်ခြင်းကို ဩဂုတ်လ ၂၅ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။
မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က မြို့တွင်းနေရာများ အတွင်း အဖွဲ့(၂)ဖွဲ့ဖြင့် ဆောင်ရွက် လျက်ရှိခဲ့ရာ ပါးစပ်နဲ့ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ လိုက်နာမှု မရှိသူ (၄၄)ဦးကို စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိုသူများအား ဒဏ်ငွေတစ်သောင်း ပေးဆောင်စေကာ အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ နေအိမ် ပြင်ပသို့ ထွက်ကြရန် အသိပညာ ပေးပြောကြားခဲ့ကာ maskတပ်ဆင်မှုမရှိကြောင်း ထပ်မံတွေ့ရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ယခုအချိန် မှာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်နေပြည်သူများအား နေအိမ်ပြင်ပ သို့ သွားရောက်မည် ဆိုပါက mask များ တပ်ဆင်ရန်နဲ့ မတပ် ဆင်ဘဲ သွားလာမှုများ ရှိပါက အရေးယူမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရ အဖွဲ့က ပြောဆိုထားတာလည်းဖြစ်ပါတယ်။
TMA
Credit – MyanmaPlatform