အစ်ကိုဖြစ်သူ လွတ်မြောက်လာလို့ ဝမ်းသာ၊ဝမ်းနည်းဖြစ်နေတဲ့ ငွေတီဦး
ပရိသတ်ကြီးရေ…ပြည်သူချစ်နိုင်ငံကျော် မင်းသားချောတစ်ဦးဖြစ်တဲ့ ပြေတီဦး ကိုတော့ လူကြီးလူငယ်မရွေး ပရိသတ်တိုင်း မသိသူမရှိလောက်အောင် သိကြမယ်ထင်ပါတယ်။ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားတိုင်းဟာ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ကောင်းမွန်လွန်းတာကြောင့် ရုံတင်တဲ့ဇာတ်ကားတိုင်းဟာ
ပရိသတ်တစ်ခဲနက် အားပေးမှု့ကိုရရှိခဲ့တဲ့ ထိပ်တန်းမင်းသားတစ်လက် ဖြစ်ပါတယ်။ အကယ်ဒမီဆုများစွာကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦး ဟာအောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ရုံမက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူတွေနဲ့အတူတကွ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသား ပြေတီဦး ဟာအမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် ဇနီးဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရပြီး မိသားစုနဲ့ခွဲခွာနေရာတဆိုရင်တော့ လပေါင်းများစွာ ကြာမြင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြေတီဦးတို့ ဇနီးမောင်နှံဖမ်းဆီးခံရစဉ်အတွင်းမှာ ပြေတီဦး ရဲ့ဖခင်ဖြစ်သူ ဟာကိုဗစ်ကြောင့် ကွယ်လွန်ခဲ့ပြီး
ညီမဖြစ်သူ ငွေတီဦး ရဲ့ခင်ပွန်းဖြစ်သူဟာလဲ ကိုဗစ်ရောဂါကြောင့်ပဲ ထပ်မံကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် ညီမဖြစ်သူ ငွေတီဦး ဟာ အစ်ကိုဖြစ်သူပြန်လည် လွတ်မြောက်လာတဲ့ အခါမှာတော့ ဝမ်းနည်းဝမ်းသာ ဖြစ်ရတာပါ။ ” ဝမ်းသာ ဝမ်းနည်း မျက်ရည်တွေနဲ့ စကားတွေ ပြောနေပါပီနော်.. ဖုန်းမကိုင်နိုင်ရင် စိတ်မရှိကြပါနဲ့. ထပ်တူဝမ်းသာပေးကြတဲ့ အမျိုးတွေကို တကယ်ချစ်ပါတယ်…” လို့ ညီမဖြစ်သူ ငွေတီဦး ရဲ့လူမူ့ကွန်ယက်မှာ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ ဖမ်းဆီးခံ အနုပညာရှင်တွေ ပြန်လည်လွတ်မြောက်လာတာ တကယ့်ကိုပဲ ပျော်ရွှင်စရာကောင်းပါတယ်နော်။ ကျန်ရှိသေးတဲ့ အနုပညာရှင်တွေလဲ လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Unicode