မလွတ်ခင်က ရှိတယ်မထင်ပဲ လွတ်လာမှ ကပ်ဖား လုပ်နေတဲ့ အနုပညာရှင်တွေ ပိုင်တံခွန် ပြောပြီ
အောက်တွင် ရုပ်သံပါဝင်သည်
နောက်ပိုင်း အင်တာဗျူးများတွင် မြန်မာသာ မဟုတ် အာစီယံအထိပါ ရုပ်ရှင်နှင့်ကြော်ငြာကိစ္စများအတွက် သွားရောက်ရိုက်ကူးလာရသည့်အချိန်တွင်တော့
Gen Z များသာမက Gen X နှင့် Gen Y တို့ပါ တညီတညွတ်တည်း အားပေးလာကြချိန်တွင် မနေသာတော့ သူ့အကြောင်း လေ့လာကြည့်မိသည်။
ဤလူငယ်သည် ရိုးသည်။ ဖြူစင်သည်ဟု ခံစားရသည်။ အပြောအဆို ရှင်းလင်းသည်။ ရုပ်ရည်ချောမောသည်မှာ ကျားကျားယားယားချောခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို ထိန်းသိမ်းသည်။ ကျန်းမာရေး လိုက်စားသည်။
ပရိသတ်ရှေ့တွင် အမှားရှိလျှင် ဝန်ခံလေ့ရှိသည်။ တိရစ္ဆာန် ချစ်တတ်သည်။ အနုပညာ ဆယ်လီတစ်ဦး ဖြစ်သည်နှင့်အညီ ကြွားဝါမှုရှိသော်လည်း ခပ်ပါးပါးသာ။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းသည့် ဖေဖော်ဝါရီလသည် လူတန်းစားအသီးသီး၏ နှလုံးသားကို ကြွေပြုန်းခံစားရစေပါ၏။ ဆောက်တည်ရာ မရသောစိတ်၊ စုစည်းရန် မစွမ်းသာသော စိတ်အာရုံတို့ကြား ပြည်သူများသည် သူတို့ လေးစားကြည်ညိုသော နိုင်ငံရေးခေါင်းဆောင်များ၊
သူတို့ စံပြုထားကြသော စာရေးဆရာများ၊ စာအုပ်များသာမက သူတို့အမြဲအားပေးကြသော အနုပညာရှင်များ ဂီတပညာရှင်များနှင့် အွန်လိုင်းဆယ်လီတို့၏ လှုပ်ရှားမှုတို့ကို အကဲဖြတ်ကြရန် ဆန္ဒစောနေကြပါ၏။
မိမိမှတ်တာ မမှားဘူးဆိုလျှင် ရုပ်ရှင်သရုပ်ဆောင် ပိုင်တံခွန်နှင့် ဒေါင်းတို့သည် အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ရန် ကနဦး စေ့ဆော်ပေးသော အမျိုးသားအနုပညာရှင်များထဲတွင် စောစောစီးစီးပါဝင်ခဲ့သည်။
crd
crd