ၾကားသိရသမွ်

စက်သုံးဆီ တစ်လီတာကို ၂၀၀ ကျပ်နီးပါးအထိ စျေးနှုန်းထပ်မံမြင့်တက်

ပြည်တွင်းမှာ စက်သုံးဆီလက်လီဈေးနှုန်းတွေဟာ ဒီနေ့ မတ်လ ၃ ရက်မှာ တစ်လီတာကို ၂၀၀ ကျပ်နီးပါးအထိ စျေးနှုန်းထပ်မံမြင့်တက်သွားလို့ အခုဆို တစ်လီတာကို ၂၀၀၀ ကျပ်နီးပါးပေးပြီး ၀ယ်ယူသုံးစွဲနေရတယ်လို့ စက်သုံးဆီသုံးစွဲသူတွေဆီကနေ သိရပါတယ်။

”ဒီနေ့ ဆီသွားထည့်တော့ 95 အမျိုးအစားဆီက မနေ့က ၁,၇၈၀ ဝန်းကျင်ပဲရှိတာ။ ဒီနေ့ ဆို ၂,၀၀၅ ကျပ်၊ ၂,၀၁၀ ကျပ် အဲဒီလိုမျိုး ထိုးတက်သွားတယ်။ ခါတိုင်းတက်နေတာ ၅၀ ကျပ်နဲ့ ၁၀၀ ကျပ်လောက်ပဲ။ ဒီလိုခုန်တက်သွားတာမျိုး ပထမဆုံးပဲ။ ၂,၀၀၀ ကျပ်သာကျော်သွားပြီဆိုရင် ကားကို ဒီအတိုင်း ထိုးရပ်ထားရတော့မှာပဲ” လို့ ရန်ကုန်မြို့က အငှားယာဉ် မောင်းတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ မနေ့က အောက်တိန်း 95 ဆီအမျိုးအစားအတွက် တစ်လီတာကို ၁၇၈၀ ကျပ်၊ အောက်တိန်း 92 ဆီအမျိုးအစားအတွက် တစ်လီတာကို ၁၇၃၀ ကျပ်ရှိရာကနေ ဒီနေ့မှာ အောက်တိန်း 92 ဆီ အမျိုးအစား တစ်လီတာကို ၁၉၉၀ အထိ မြင့်တက်လာတာပါ။

ဒါပေမဲ့ ရန်ကုန်မှာ စက်သုံးဆီအရောင်းဆိုင်အလိုက် တစ်လီတာဈေးနှုန်း ၂၀၀၀ ကျပ်ဝန်းကျင်ရှိနေပေမဲ့ နယ်က စက်သုံးဆီအရောင်းဆိုင်တချို့မှာတော့ ၂၀၀၀ ကျပ်အထိ တက်သွားသလို တချို့ဆိုင်တွေမှာ ၂၀၀၅ ကျပ်အထိ မြင့်တက်သွားတယ်လို့ ဝယ်ယူသုံးစွဲသူတွေကပြောပါတယ်။

တစ်ဖက်မှာလည်း ဒီလိုစက်သုံးဆီဈေးနှုန်း ရာနဲ့ချီပြီး ရုတ်တရက်မြင့်တက်သွားတာကြောင့် ရန်ကုန်က အငှားယာဉ်စီးခတွေဟာ ငွေကျပ် ၅၀၀ ကနေ ၁၀၀၀ ကြား ပိုပေးနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ျပည္တြင္းမွာ စက္သုံးဆီလက္လီေဈးႏႈန္းေတြဟာ ဒီေန႔ မတ္လ ၃ ရက္မွာ တစ္လီတာကို ၂၀၀ က်ပ္နီးပါးအထိ ေစ်းႏႈန္းထပ္မံျမင့္တက္သြားလို႔ အခုဆို တစ္လီတာကို ၂၀၀၀ က်ပ္နီးပါးေပးၿပီး ၀ယ္ယူသုံးစြဲေနရတယ္လို႔ စက္သုံးဆီသုံးစြဲသူေတြဆီကေန သိရပါတယ္။

”ဒီေန႔ ဆီသြားထည့္ေတာ့ 95 အမ်ိဳးအစားဆီက မေန႔က ၁,၇၈၀ ဝန္းက်င္ပဲရွိတာ။ ဒီေန႔ ဆို ၂,၀၀၅ က်ပ္၊ ၂,၀၁၀ က်ပ္ အဲဒီလိုမ်ိဳး ထိုးတက္သြားတယ္။ ခါတိုင္းတက္ေနတာ ၅၀ က်ပ္နဲ႔ ၁၀၀ က်ပ္ေလာက္ပဲ။ ဒီလိုခုန္တက္သြားတာမ်ိဳး ပထမဆုံးပဲ။ ၂,၀၀၀ က်ပ္သာေက်ာ္သြားၿပီဆိုရင္ ကားကို ဒီအတိုင္း ထိုးရပ္ထားရေတာ့မွာပဲ” လို႔ ရန္ကုန္ၿမိဳ႕က အငွားယာဥ္ ေမာင္းတစ္ဦးက ေျပာပါတယ္။

စက္သုံးဆီေဈးႏႈန္းဟာ မေန႔က ေအာက္တိန္း 95 ဆီအမ်ိဳးအစားအတြက္ တစ္လီတာကို ၁၇၈၀ က်ပ္၊ ေအာက္တိန္း 92 ဆီအမ်ိဳးအစားအတြက္ တစ္လီတာကို ၁၇၃၀ က်ပ္ရွိရာကေန ဒီေန႔မွာ ေအာက္တိန္း 92 ဆီ အမ်ိဳးအစား တစ္လီတာကို ၁၉၉၀ အထိ ျမင့္တက္လာတာပါ။

ဒါေပမဲ့ ရန္ကုန္မွာ စက္သုံးဆီအေရာင္းဆိုင္အလိုက္ တစ္လီတာေဈးႏႈန္း ၂၀၀၀ က်ပ္ဝန္းက်င္ရွိေနေပမဲ့ နယ္က စက္သုံးဆီအေရာင္းဆိုင္တခ်ိဳ႕မွာေတာ့ ၂၀၀၀ က်ပ္အထိ တက္သြားသလို တခ်ိဳ႕ဆိုင္ေတြမွာ ၂၀၀၅ က်ပ္အထိ ျမင့္တက္သြားတယ္လို႔ ဝယ္ယူသုံးစြဲသူေတြကေျပာပါတယ္။

တစ္ဖက္မွာလည္း ဒီလိုစက္သုံးဆီေဈးႏႈန္း ရာနဲ႔ခ်ီၿပီး ႐ုတ္တရက္ျမင့္တက္သြားတာေၾကာင့္ ရန္ကုန္က အငွားယာဥ္စီးခေတြဟာ ေငြက်ပ္ ၅၀၀ ကေန ၁၀၀၀ ၾကား ပိုေပးေနရတယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြက ေျပာပါတယ္။