ၾကားသိရသမွ်

စစ်ကားဖြင့် တိုက်မှု ” ကိုယ်ချင်းစာတရား ကိုမရှိတာ” ဟု ပြောသူ အငြိမ်းစား ဒုတိယရဲမှူးကြီး

စစ်ကားဖြင့် တိုက်မှု ” ကိုယ်ချင်းစာတရား ကိုမရှိတာ” ဟု ပြောသူ အငြိမ်းစား ဒုတိယရဲမှူးကြီးအဖမ်းခံရ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယမန်နှစ် ဒီဇင် ဘာလ ၅ ရက်နေ့ စစ်အာ ဏာရှင် ဆန့်ကျင်ရေး လူငယ်များကို စစ်ကားဖြင့် တိုက် သတ်မှုကို

“ကိုယ်ချင်းစာတရားကို မရှိတာ” ဟု မှတ်ချက်ပြုမှုကြောင့် အငြိမ်းစား ဒုတိယရဲမှူးကြီးမြင့်အောင်ကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရဲသတင်းရပ်ကွက်မှ သိရှိရသည်။

အငြိမ်းစားဒုတိယရဲမှူးကြီးမြင့်အောင်နှင့် CID မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်း အုပ်ကြီး ဒုတိယရဲမှူးကြီး ဇော်ဝင်းတို့က

စစ်ကားဖြင့် ပြည်သူကို တိုက်သတ်မှု နှင့်ပတ်သက်၍ ရှုတ်ချကြောင်း အပြန်အလှန် Comment ရေးသားခဲ့ကြပြီးနောက် နှစ်ဦးစလုံး အဖမ်းခံထားရ ကြောင်း သိရှိရသည်။

” ဒုရဲမှူးကြီး (အငြိမ်းစား) မြင့်အောင်ကလည်း စစ်ကားနဲ့ တိုက်သတ်တဲ့လုပ်ရပ်ကို ရှုတ်ချတယ်၊ ကိုယ်ချင်း စာတရားကို မရှိတာဆိုပြီး ကွန်းမင့် ရေးတယ်။

အငြိမ်းစားရဲမှူးကြီးမြင့်အောင်ရဲ့ ကွန်းမင့်အောက်မှာ ဒုတိယရဲမှူးကြီး ဇော်ဝင်းက လူစိတ်မရှိသူတွေ၊ တိရိစ္ဆာန်ထက်ဆိုးတဲ့သူတွေဆိုပြီး Comment ရေးခဲ့တယ်။ အခု နှစ်ဦးစလုံး အဖမ်းခံထားရတယ်။

ကျနော်တို့ကြားတာ ရှေ့ဆင့် နောက်ဆင့်ပဲ နှစ်ဦးစလုံး အဖမ်းခံရတာက ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

CID ကျောင်းအုပ်ကြီး ဒုရဲမှူးကြီးဇော်ဝင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲစည်းကမ်းဖောက် ဖျက်မှု၊

ပုဒ်မ ၅၀၅ (က) တို့ဖြင့် အမှုဖွင့် တရားစွဲဖွယ်ရှိကြောင်း၊ အငြိမ်းစား ဒုတိယရဲမှူးကြီးမြင့်အောင်ကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဖွယ်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ဆန္ဒပြပြည်သူများကို စစ်ကားဖြင့် တိုက်သတ်ပြီးနောက် မြင်ကွင်း။

Khit Thit

zawgyi

စစ္ကားျဖင့္ တိုက္မႈ ” ကိုယ္ခ်င္းစာတရား ကိုမရွိတာ” ဟု ေျပာသူ အၿငိမ္းစား ဒုတိယရဲမႉးႀကီးအဖမ္းခံရ

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ပန္းပင္ႀကီးလမ္းတြင္ ယမန္ႏွစ္ ဒီဇင္ ဘာလ ၅ ရက္ေန႔ စစ္အာ ဏာရွင္ ဆန႔္က်င္ေရး လူငယ္မ်ားကို စစ္ကားျဖင့္ တိုက္ သတ္မႈကို

“ကိုယ္ခ်င္းစာတရားကို မရွိတာ” ဟု မွတ္ခ်က္ျပဳမႈေၾကာင့္ အၿငိမ္းစား ဒုတိယရဲမႉးႀကီးျမင့္ေအာင္ကို စစ္တပ္က ဖမ္းဆီးလိုက္ေၾကာင္း ရဲသတင္းရပ္ကြက္မွ သိရွိရသည္။

အၿငိမ္းစားဒုတိယရဲမႉးႀကီးျမင့္ေအာင္ႏွင့္ CID မႈခင္းရဲတပ္ဖြဲ႕(စီအိုင္ဒီ)ရဲအရာရွိသင္/ေထာက္ေလ့က်င့္ေရးသင္တန္းေက်ာင္း အုပ္ႀကီး ဒုတိယရဲမႉးႀကီး ေဇာ္ဝင္းတို႔က

စစ္ကားျဖင့္ ျပည္သူကို တိုက္သတ္မႈ ႏွင့္ပတ္သက္၍ ရႈတ္ခ်ေၾကာင္း အျပန္အလွန္ Comment ေရးသားခဲ့ၾကၿပီးေနာက္ ႏွစ္ဦးစလုံး အဖမ္းခံထားရ ေၾကာင္း သိရွိရသည္။

” ဒုရဲမႉးႀကီး (အၿငိမ္းစား) ျမင့္ေအာင္ကလည္း စစ္ကားနဲ႔ တိုက္သတ္တဲ့လုပ္ရပ္ကို ရႈတ္ခ်တယ္၊ ကိုယ္ခ်င္း စာတရားကို မရွိတာဆိုၿပီး ကြန္းမင့္ ေရးတယ္။

အၿငိမ္းစားရဲမႉးႀကီးျမင့္ေအာင္ရဲ့ ကြန္းမင့္ေအာက္မွာ ဒုတိယရဲမႉးႀကီး ေဇာ္ဝင္းက လူစိတ္မရွိသူေတြ၊ တိရိစၧာန္ထက္ဆိုးတဲ့သူေတြဆိုၿပီး Comment ေရးခဲ့တယ္။ အခု ႏွစ္ဦးစလုံး အဖမ္းခံထားရတယ္။

က်ေနာ္တို႔ၾကားတာ ေရွ႕ဆင့္ ေနာက္ဆင့္ပဲ ႏွစ္ဦးစလုံး အဖမ္းခံရတာက ” ဟု ရဲသတင္းရင္းျမစ္က ေျပာသည္။

CID ေက်ာင္းအုပ္ႀကီး ဒုရဲမႉးႀကီးေဇာ္ဝင္းကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ရဲစည္းကမ္းေဖာက္ ဖ်က္မႈ၊

ပုဒ္မ ၅၀၅ (က) တို႔ျဖင့္ အမႈဖြင့္ တရားစြဲဖြယ္ရွိေၾကာင္း၊ အၿငိမ္းစား ဒုတိယရဲမႉးႀကီးျမင့္ေအာင္ကိုမူ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဖြယ္ရွိေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ယမန္ႏွစ္ ဒီဇင္ဘာလ ၅ ရက္ေန႔ ဆႏၵျပျပည္သူမ်ားကို စစ္ကားျဖင့္ တိုက္သတ္ၿပီးေနာက္ ျမင္ကြင္း။

Khit Thit