ၾကားသိရသမွ်

စွန့်ပစ်ထားသည့် Coca Colaဗူးခွံတွေနှင့်အတူ လှပသည့်အိတ်လေးများအဖြစ် ဖန်တီးပြီး ရောင်းချခဲ့သော အမျိုးသား

စွန့်ပစ်ထားသည့် Coca Colaဗူးခွံတွေနှင့်အတူ လှပသည့်အိတ်လေးများအဖြစ် ဖန်တီးပြီး ရောင်းချခဲ့သော အမျိုးသား

ထိုင်းနိုင်ငံ Samphengမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် လမ်းဘေးတွင် စွန့်ပစ်ထားသည့် Coca Colaဖျော်ရည်ဗူးခွံတွေကို အသုံးပြုပြီး လှပသည့်အိတ်လေးများအဖြစ် တီထွင်ဖန်တီးခဲ့သည်။

အမျိုးသားသည် စားဝတ်နေရေးအတွက် အမှိုက်ကောက်ရင်း အသက်မွေးဝမ်းကျောင်း ပြုခဲ့ရာကနေ Coca Colaဗူးခွံတွေကနေ ထူးခြားသည့်ဒီဇိုင်းနှင့် အတူ ဈေးနှုန်းချိုသာသော အိတ်လေးအဖြစ်ပြောင်းလဲစေခဲ့ပြီး ရောင်းချခဲ့သည်။

အိတ်လေးသည် ကြိုးအရှည်အတို နှစ်မျိုးသုံးလို့ရပြီး ဈေးနှုန်းမှာလည်း ထိုင်းဘတ်ငွေ ၆၀ကနေ ၁၀၀အထိဖြစ်ပြီး မိန်းကလေးလူငယ်တော်တော်များများကို အကြိုက်တွေ့စေပြီး ချုပ်လုပ်ယူ၍ပင် မနိုင်အောင် ဝယ်ယူသူများပြီး ရောင်းကောင်းခဲ့သည်။

အမျိုးသားရဲ့တီထွင်ဖန်တီးမှုကြောင့် အခြားသူများတွေလည်း လိုက်လုပ်ကာ မြို့ထဲတွင် အရင်လိုမျိုး ဗူးခွံတွေကို အရမ်းမစွန့်ပစ်တော့ပဲ ရှားပါးလာသည်ဟု သိရသည်။

Rain (For Ialinks)