စီးပွားရေးမကောင်းတဲ့အခြေအနေတွေကြောင့်အသက်ရှင်သန်ဖို့ ကျောက်ကပ်တွေ ထုတ်ရောင်းရင်း ကျောက်ကပ်ရွာလို့ နာမည်ကြီးလာတဲ့ရွာလေး၊
အာဖဂန်နစ္စတန်နိုင်ငံ ဟေရတ်မြို့နားက အင်ဂျီရွာတဲ့၊

ပုံလေးတွေ ကြည့်ကြည့်ပါ၊
အိန္ဒိယကနေ ကျောက်ကပ်ရောင်းပြီး ပြန်လာတယ်ဆိုတဲ့ ဟိုတနေ့က ဟော့ဖြစ်ခဲ့တဲ့သတင်းနဲ့ဆက်စပ်မိအောင် တင်ပေးလိုက်ပါတယ်၊
ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရအောင်ပါ။

မြန်မာတွေမှာ လဲ ဒီလိုအဖြစ်တွေ ရှိနေပါပြီ သူကြုံတွေရတဲ့ အဖြစ်အပျက်ကို mareyar ဆိုတဲ့ FB အကောင့်ပိုင်ရှင်က ခုလို ရေးသားထားပါတယ်
“တကယ် အဆင်မပြေလာရင် အဲ့လိုတွေလုပ်ကြမဲ့ သူတွေများလာမှာ၊ဘုရား ဘုရား။ ကြောက်စရာကောင်းလိုက်တာ။

မနေ့က အိန္ဒိယက အပြန်လေယာဉ်တစီးထဲစီးပြန်လာတဲ့ ကောင်လေး ( ၃ ) ယောက် အသက် ( ၂၀ ) လှိုင် ကိုဗစ် စင်တာမှာ Quarantine ဝင်တော့လဲ ၄ ယောက် ၁ ခန်းနေရတော့ သူတို့ ၃ ယောက်နဲ့ ၁ ခန်းထဲ နေရတာ အိန္ဒိယ ဘာသွားလုပ်တာလဲမေးကြည့်တော့ အသဲတခြမ်းသွားရောင်းပြီးပြန်လာတာတဲ့။
အိန္ဒိယ နယူးဒေလီ က ဆေးရုံမှာ အဲ့လို လာရောင်းတဲ့ မြန်မာတွေ အများကြီးပဲတဲ့။ မိန်းကလေးတွေရောတဲ့ အသဲတခြမ်းရောင်းတဲ့လူ ကျောက်ကပ်တခြမ်းလာရောင်းတဲ့လူတွေတဲ့။

ဘယ်လောက်ရလို့လဲလို့ မေးတော့ သိန်း ( ၈၀ ) တဲ့ ပွဲစားကို ( ၁၀ ) သိန်းပေးရတယ်တဲ့။ ဝယ်တဲ့လူကကုန်ကျစရိတ်အားလုံး ခံပီး ခေါ်တာတဲ့။ မြန်မာပြည်မှာ အဲ့ဒါလုပ်တဲ့ ပွဲစားတွေအများကြီးပဲတဲ့။ တော်တော်အံ့သြဖို့ကောင်းတယ်။

ငါတို့မြန်မာပြည်ကြီးလဲဘာတွေဖြစ်ကုန်ပြီလဲ သိန်း ၇၀ လောက်နဲ့ ကိုယ့်ခန္ဓာကိုယ်က အရေးကြီးတဲ့ အစိတ်ပိုင်းတွေထုတ်ရောင်းကုန်ကြရပြီ။ အသက် ( ၂၀) ကျော် အရွယ်ကောင်းလေးတွေ၊ အစကကြားပဲကြားဘူးတာ ခုမှကိုယ်တွေ့မြင်လိုက်တော့ စိတ်တော်တော်မကောင်းဘူးဗျာ။ ငါတို့နိုင်ငံကြီး တော်တော်ကို နိမ့်ကျနေပြီ။” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်

သတင်းဘာသာပြန်
AG Myo Thant
3 March 2022



