နိုင်ငံကျော်သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ နွေဦးတော်လှန်ရေးအစပိုင်းမှာ ဆန္ဒပြခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ရပ်တည်ချက်မခိုင်မာတော့သလို Beauty Blogger သရုပ်ဆောင် နေခြည်ဦးဟာလည်း စစ်တပ်အသိုင်းအဝိုင်းက ဆင်းသက်လာသူ ရေပေါ်ဆီတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ ဝတ်မှုံရွှေရည်ရော နေခြည်ဦးရောက ရိသတ်တွေကြားထဲ ထင်ထင်ပေါ်ပေါ်ပြန်လည်ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး သွေးမအေးသေးတဲ့ ပရိသတ်တွေကလည်း ရှုံ့ချနေသလို ပန်ဆယ်လိုဟာလည်း ပြည်သူတွေအမှတ်ရှိကြဖို့ ပြောလာတာကိုတွေ့ရပါတယ်။
“၅၀၅ ပါမှာကြောက်ပြီး ခံဝန်ထိုး ငွေပေး၊ ပိုစ့်တွေဖျက်၊ အကောင့်ဟက်ခံရပါတယ်လိမ်ပြီး တစ်နှစ်လောက်ပျောက်သွားတဲ့ ဝတ်မှုန်ရွှေရည် ပြန်ပေါ်လာတော့ ချစ်လိုက်တာ၊ လွမ်းလိုက်တာတဲ့။ ဖအေဆုံးတာတောင် ပြန်လာခွင့်မရတဲ့ ဖွေးဖွေး.. ဖအေဆုံးတာတောင် ပြန်လာခွင့်မရတဲ့ ချစ်သုဝေ.. ဖအေဆုံးတာတောင် ပြန်လာခွင့်မရတဲ့ ထားထက်ထက်.. သူတို့ကိုရော မလွမ်းကြဘူးလား။ ဘာလဲ ဝတ်မှုန်ရွှေရည်က နှစ်ခုပါလို့လား။”
“နေခြည်ဦးအိမ်က မီးလာတယ်။ အဲကွန်းလည်း ရတယ်။ မီးမလာလည်း မီးစက်မောင်းဖို့ ဆီဖိုးတတ်နိုင်တယ်။ တစ်နိုင်ငံလုံး မီးဖြတ်ထားချိန်တောင် မီးမဖြတ်ရဲတဲ့ VIP ရပ်ကွက်ဆိုတာမျိုးမှာလည်း နေနိုင်တယ်။ သူ့ဖအေ စစ်ခွေးသူခိုး ခိုးထားတဲ့ ငွေတွေနဲ့ Branded ပေါင်းစုံ သုံးပြနေတာကို မီးဖြတ်ခံရ၊ ရေမလာ၊ အင်တာနက်ဈေးကြီးပေးသုံးနေရတဲ့ နင်တို့တွေက သရေတမြားမြားကျပြီး ဖားယားနေရတာ ေ-ာက်ရှက်မရှိဘူးလား ။ နေခြည်ဦးဆိုးပြီးသား နှုတ်ခမ်းနီတောင့် Giveaway ရလို့ ဆိုးလိုက်ရတာနဲ့ နင်တို့ဘဝတွေက နေခြည်ဦးတစ်ခါဝတ်ပြီး လွှင့်ပစ်လိုက်တဲ့ Branded တစ်ထည်လောက် တန်ဖိုးရှိလာမယ် ထင်နေလား။
ဟိုက ပရိတ်သတ်တွေ ချစ်လိုက်တာ ဖြစ်နေမှာ မဟုတ်ဘူးနော်။ လွယ်လိုက်တာ၊ ေ-ာက်မှတ်မရှိလိုက်တာ၊ နှုတ်ခမ်းနီတစ်တောင့်နဲ့ ပြန်ဝယ်လို့ရတဲ့ အတန်းစားတွေဆိုပြီး ရယ်နေမှာ။ နင်တို့ကို ဟားနေမှာ။ မာနလေးတော့ ရှိကြစမ်းပါ။ ရွံစရာကောင်းလိုက်တာ။” ဆိုပြီး ပန်ဆယ်လိုက ထိထိမိမိပြောလာခဲ့တာပဲဖြစ်ပါတယ်။
Social Punishments ဆို အန္တရာယ်မရှိတဲ့ တစ်ခုတည်းသော တော်လှန်နည်းပဲ။
မြန်မာဘီယာမသောက်လို့ဆိုပြီး ဖမ်းလို့မရဘူး။ Ruby မခဲလို့ဆိုပြီး ဖမ်းလို့မရဘူး။ အက်ဒမန်ဂိုးမသောက်လို့ဆိုပြီး ဖမ်းလို့မရဘူး။ နေခြည်ဦးကို Like မပေးလို့ဆိုပြီး ဖမ်းလို့မရဘူး။ ဝတ်မှုန်ရွှေရည်ကို ချစ်လိုက်တာလို့ မရေးလို့ဆိုပြီး ဖမ်းလို့မရဘူး။
ဒီလောက် လွယ်တဲ့ Social Punishments ကိုတောင် ပြတ်ပြတ်သားသားမလုပ်နိုင်တဲ့ စောက်ပေါက်တွေက ရွာတွေ မီးရှို့ခံရ၊ ဗုံးကျဲခံရမှာ ရင်တွေနာလိုက်တာတို့၊ စပိအောက်တို့။
ဒီလောက် လွယ်တဲ့ Social Punishments ကိုတောင် ပြတ်ပြတ်သားသားမလုပ်နိုင်တဲ့ စောက်ပေါက်တွေက ဘယ်တော့နိုင်မှာလဲတို့၊ ဒါကြီးအမြန်ပြီးစေချင်လှပြီတို့။
အသက်မပေးရဲဘူးလား… ရပါတယ်။
ဘဝမပေးရဲဘူးလား… ရပါတယ်။
ငွေမထောက်ပံ့နိုင်ဘူးလား… ရပါတယ်။
ပေါ်တင်မဆန့်ကျင်ရဲဘူးလား… ရပါတယ်။
အရမ်းလွယ်တဲ့ Social Punishments ကိုတော့ ပြတ်ပြတ်သားသား လုပ်ပေးကြပါ။



