ၾကားသိရသမွ်

ရန်ကုန်မှာ ရေကို ဝယ်ချင်တိုင်း ဝယ်လို့မရ၊ မီးစက်နဲ့ တနာရီ တသောင်း၊ ရေတစည် ၇၀၀၀ ဖြစ်နေ

ရန်ကုန်မှာ ရေကို ဝယ်ချင်တိုင်း ဝယ်လို့မရ၊ မီးစက်နဲ့ တနာရီ တသောင်း၊ ရေတစည် ၇၀၀၀ ဖြစ်နေ

ရန်ကုန်က မြို့နယ်အချို့မှာ လျှပ်စစ်မီး အချိန်ကြာပြတ်တောက်မှုကြောင့် ရေမရှိလို့ ရေကိုဝယ်ယူသုံးစွဲနေရတယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတ၊ သင်္ဃန်းကျွန်းနဲ့ ဗိုလ်တစ်ထောင်မြို့နယ် နေထိုင်သူတွေဟာ လျှပ်စစ်မီးအချိန်ကြာပြတ်တောက်လို့ ရေတင်မရတာကြောင့် ရေကို ဝယ်ယူသုံးစွဲနေရတာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

“ရေက ဝယ်ချင်တိုင်း ဝယ်လို့မရဘူး မီးစက်နဲ့လိုက်မောင်းပေးတာ တစ်နာရီ တစ်သောင်းပေးရတယ်၊ စျေးမစစ်နဲ့ သူထက်ငါ အလုအယက်ယူတဲ့သူတွေချည်းပဲ” လို့ သူကပြောပါတယ်။

အရှေဒဂုံမှာနေထိုင်သူတစ်ဦးကလည်း “ဒီဘက်မှာလည်း မီးအကုန်ပြတ်တာ၊ အခု ရေဝယ်သုံးတာ ရေတစ်စည်ကို ၇၀၀၀ ပေးရတယ်၊ ဒီလိုပုံစံအတိုင်းဆက်သွားနေရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်” လို့ ပြောပါတယ်။

ရန်ကုန်ရှိ မြို့နယ်အချို့မှာ မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရေပေးဝေရေးစခန်းတွေက ရေကို ယူသုံးရပြီး ရေပေးဝေမှုမှာ အလှည့်ကျနဲ့ပေးတာကြောင့် အခုလိုအခက်အခဲဖြစ်ရတာလို့ တောင်ဒဂုံမြို့နယ်၊ လဂွန်းပြင်ရေပေးဝေရေးစခန်းက ရေယူသုံးနေသူတစ်ဦးက ပြောပါတယ်။

“မပေးတာမဟုတ်ဘူး ပေးတယ်၊ သူတို့ပေးတဲ့ အချိန် မီးပျက်နေတယ် မီးလာတော့ ရေပေးတာက အခြားရပ်ကွက်ကိုရောက်သွားရော” လို့ သူကပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ပရဟိတလူမှုကူညီရေးအသင်းတွေဆီအကူအညီ တောင်းခံမှုတွေရှိလာပြီး ရပ်ကွက်တွေအတွင်း သောက်သုံးရေးဖြန့်ဝေမှုတွေ လိုက်လုပ်ပေးနေရတယ်လို့ သောက်သုံးရေးကူညီဖြန့်ဝေပေးနေတဲ့ ပရဟိတအသင်းတွေကပြောပါတယ်။

“ရေအခက်အခဲဖြစ်နေတယ်ဆိုပြီး ရပ်ကွက်မြို့နယ်တော်တော်များများကအကူအညီတောင်းကြတယ်။ လူအများဆုံးနဲ့ရက်ကြာရေပြတ်နေတဲ့နေရာတွေကို ဦးစားပေးလှူဒါန်းပေးနေပါတယ်။ လိုအပ်နေတဲ့နေရာနဲ့လှူပေးနေရတဲ့နေရာနဲ့ လုံလောက်မှုတော့မရှိဘူး လိုအပ်ချက်တွေလည်းရှိနေပါတယ်။ အရင်နှစ်တွေကလည်း ရက် ၁၀၀ စီမံကိန်းနဲ့ နွေရာသီဆိုရင် သောက်သုံးရေရှားပါးတဲ့ ဒလဘက်ကိုကူညီလှူဒါန်းပေးနေပါတယ်။ ရန်ကုန်မှာလည်း လှူပေးရတာတွေရှိပေမယ့် အခုနှစ်လအတွင်းမှာတော့ ရန်ကုန်မြို့မှာပါ သောက်သုံးရေလိုအပ်ချက်တွေ တအားများလာပါတယ်။ ကျွန်တော်တို့တင်မဟုတ်ဘဲ သက်ဆိုင်ရာကိုယ်တိုင်ပါဝင်လုပ်ဆောင်မှရပါမယ်” လို့ ရန်ကုန်မှာ သောက်သုံးရေးကူညီလှူဒါန်းပေးနေတဲ့ ရှင်သန်ရေးကူညီမှုအသင်းက တာဝန်ရှိသူက ပြောပါတယ်။

အခုလိုလျှပ်စစ်မီးပြတ်တောက်မှု နောက်ဆက်တွဲ ရေအခက်အခဲတွေကြောင့် အချိန်ပိုင်းမီးစက်ဌားရမ်းပြီး ရေတင်ရတာတွေအပြင် ရေစည်လှည်းတွေနဲ့ ရေဝယ်ယူသုံးစွဲရတာတွေပါ ဖြစ်လာပါတယ်။

အခုနောက်ပိုင်းမှာဆိုရင်လည်း ရန်ကုန်မြို့က မြို့နယ်တချို့မှာ လျှပ်စစ်မီးပြတ်တောက်မှုဟာတစ်နေ့ကို ၆ နာရီကနေ ၁၀ နာရီအထိကြာမြင့်လာသလို ဒီထက်ပိုအချိန်ကြာပြီး မီးပြတ်တဲ့ မြို့နယ်၊ ရပ်ကွက်တွေလည်းရှိလာတာကြောင့် နေ့စဉ်လူမှုဘဝတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ ဂျိုးဖြူရေပို့ပိုက်မကြီးနဲ့ ရေကူးရေတွန်း စက်ရုံကတစ်ဆင့် ရေပေးဝေတဲ့မြို့နယ်တွေကတော့ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ရန်ကင်း၊ ဗဟန်း၊ ကမာရွတ်မြို့နယ်တို့ဖြစ်ပြီး ကုက္ကိုင်းရေလှောင်ကန်မှတစ်ဆင့် ရေ‌ပေးဝေလျက်ရှိတဲ့ မြို့နယ်တွေမှာ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်နှင့် လဂွန်းပြင်ရေပေးဝေရေးမှ ရေပေးဝေလျှက်ရှိတဲ့မြို့နယ်ကတော့ တောင်ဒဂုံမြို့နယ်ပဲဖြစ်ပါတယ်။

ရန္ကုန္မွာ ေရကို ဝယ္ခ်င္တိုင္း ဝယ္လို႔မရ၊ မီးစက္နဲ႔ တနာရီ တေသာင္း၊ ေရတစည္ ၇၀၀၀ ျဖစ္ေန

ရန္ကုန္က ၿမိဳ႕နယ္အခ်ိဳ႕မွာ လၽွပ္စစ္မီး အခ်ိန္ၾကာျပတ္ေတာက္မႈေၾကာင့္ ေရမရွိလို႔ ေရကိုဝယ္ယူသုံးစြဲေနရတယ္လို႔ အဆိုပါၿမိဳ႕နယ္ေတြဆီက သိရပါတယ္။ ေျမာက္ဒဂုံ၊ အေရွ႕ဒဂုံ၊ တာေမြ၊ ေတာင္ဥကၠလာ၊ သာေကတ၊ သဃၤန္းကၽြန္းနဲ႔ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ ေနထိုင္သူေတြဟာ လၽွပ္စစ္မီးအခ်ိန္ၾကာျပတ္ေတာက္လို႔ ေရတင္မရတာေၾကာင့္ ေရကို ဝယ္ယူသုံးစြဲေနရတာျဖစ္တယ္လို႔ သဃၤန္းကၽြန္းၿမိဳ႕နယ္ေနသူတစ္ဦးက ေျပာပါတယ္။

“ေရက ဝယ္ခ်င္တိုင္း ဝယ္လို႔မရဘူး မီးစက္နဲ႔လိုက္ေမာင္းေပးတာ တစ္နာရီ တစ္ေသာင္းေပးရတယ္၊ ေစ်းမစစ္နဲ႔ သူထက္ငါ အလုအယက္ယူတဲ့သူေတြခ်ည္းပဲ” လို႔ သူကေျပာပါတယ္။

အေရွဒဂုံမွာေနထိုင္သူတစ္ဦးကလည္း “ဒီဘက္မွာလည္း မီးအကုန္ျပတ္တာ၊ အခု ေရဝယ္သုံးတာ ေရတစ္စည္ကို ၇၀၀၀ ေပးရတယ္၊ ဒီလိုပုံစံအတိုင္းဆက္သြားေနရင္ အကုန္ဒုကၡေရာက္ကုန္လိမ့္မယ္” လို႔ ေျပာပါတယ္။

ရန္ကုန္ရွိ ၿမိဳ႕နယ္အခ်ိဳ႕မွာ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ့ ေရေပးေဝေရးစခန္းေတြက ေရကို ယူသုံးရၿပီး ေရေပးေဝမႈမွာ အလွည့္က်နဲ႔ေပးတာေၾကာင့္ အခုလိုအခက္အခဲျဖစ္ရတာလို႔ ေတာင္ဒဂုံၿမိဳ႕နယ္၊ လဂြန္းျပင္ေရေပးေဝေရးစခန္းက ေရယူသုံးေနသူတစ္ဦးက ေျပာပါတယ္။

“မေပးတာမဟုတ္ဘူး ေပးတယ္၊ သူတို႔ေပးတဲ့ အခ်ိန္ မီးပ်က္ေနတယ္ မီးလာေတာ့ ေရေပးတာက အျခားရပ္ကြက္ကိုေရာက္သြားေရာ” လို႔ သူကေျပာပါတယ္။

ဒီအေျခအေနေတြေၾကာင့္ ပရဟိတလူမႈကူညီေရးအသင္းေတြဆီအကူအညီ ေတာင္းခံမႈေတြရွိလာၿပီး ရပ္ကြက္ေတြအတြင္း ေသာက္သုံးေရးျဖန႔္ေဝမႈေတြ လိုက္လုပ္ေပးေနရတယ္လို႔ ေသာက္သုံးေရးကူညီျဖန႔္ေဝေပးေနတဲ့ ပရဟိတအသင္းေတြကေျပာပါတယ္။

“ေရအခက္အခဲျဖစ္ေနတယ္ဆိုၿပီး ရပ္ကြက္ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားကအကူအညီေတာင္းၾကတယ္။ လူအမ်ားဆုံးနဲ႔ရက္ၾကာေရျပတ္ေနတဲ့ေနရာေတြကို ဦးစားေပးလႉဒါန္းေပးေနပါတယ္။ လိုအပ္ေနတဲ့ေနရာနဲ႔လႉေပးေနရတဲ့ေနရာနဲ႔ လုံေလာက္မႈေတာ့မရွိဘူး လိုအပ္ခ်က္ေတြလည္းရွိေနပါတယ္။ အရင္ႏွစ္ေတြကလည္း ရက္ ၁၀၀ စီမံကိန္းနဲ႔ ေႏြရာသီဆိုရင္ ေသာက္သုံးေရရွားပါးတဲ့ ဒလဘက္ကိုကူညီလႉဒါန္းေပးေနပါတယ္။ ရန္ကုန္မွာလည္း လႉေပးရတာေတြရွိေပမယ့္ အခုႏွစ္လအတြင္းမွာေတာ့ ရန္ကုန္ၿမိဳ႕မွာပါ ေသာက္သုံးေရလိုအပ္ခ်က္ေတြ တအားမ်ားလာပါတယ္။ ကၽြန္ေတာ္တို႔တင္မဟုတ္ဘဲ သက္ဆိုင္ရာကိုယ္တိုင္ပါဝင္လုပ္ေဆာင္မွရပါမယ္” လို႔ ရန္ကုန္မွာ ေသာက္သုံးေရးကူညီလႉဒါန္းေပးေနတဲ့ ရွင္သန္ေရးကူညီမႈအသင္းက တာဝန္ရွိသူက ေျပာပါတယ္။

အခုလိုလၽွပ္စစ္မီးျပတ္ေတာက္မႈ ေနာက္ဆက္တြဲ ေရအခက္အခဲေတြေၾကာင့္ အခ်ိန္ပိုင္းမီးစက္ဌားရမ္းၿပီး ေရတင္ရတာေတြအျပင္ ေရစည္လွည္းေတြနဲ႔ ေရဝယ္ယူသုံးစြဲရတာေတြပါ ျဖစ္လာပါတယ္။

အခုေနာက္ပိုင္းမွာဆိုရင္လည္း ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္တခ်ိဳ႕မွာ လၽွပ္စစ္မီးျပတ္ေတာက္မႈဟာတစ္ေန႔ကို ၆ နာရီကေန ၁၀ နာရီအထိၾကာျမင့္လာသလို ဒီထက္ပိုအခ်ိန္ၾကာၿပီး မီးျပတ္တဲ့ ၿမိဳ႕နယ္၊ ရပ္ကြက္ေတြလည္းရွိလာတာေၾကာင့္ ေန႔စဥ္လူမႈဘဝေတြ အခက္အခဲျဖစ္ေနတယ္လို႔ ေဒသခံေတြကေျပာဆိုၾကပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကေန ဂ်ိဳးျဖဴေရပို႔ပိုက္မႀကီးနဲ႔ ေရကူးေရတြန္း စက္႐ုံကတစ္ဆင့္ ေရေပးေဝတဲ့ၿမိဳ႕နယ္ေတြကေတာ့ မဂၤလာဒုံ၊ ေျမာက္ဥကၠလာပ၊ ေတာင္ဥကၠလာပ၊ မရမ္းကုန္း၊ရန္ကင္း၊ ဗဟန္း၊ ကမာရြတ္ၿမိဳ႕နယ္တို႔ျဖစ္ၿပီး ကုကၠိဳင္းေရေလွာင္ကန္မွတစ္ဆင့္ ေရ‌ေပးေဝလ်က္ရွိတဲ့ ၿမိဳ႕နယ္ေတြမွာ စမ္းေခ်ာင္း၊ အလုံ၊ ၾကည့္ျမင္တိုင္၊ ဒဂုံ၊ ပန္းဘဲတန္း၊ လသာ၊ လမ္းမေတာ္၊ ဗိုလ္တေထာင္၊ ပုဇြန္ေတာင္၊ မဂၤလာေတာင္ညြန႔္၊ တာေမြၿမိဳ႕နယ္ႏွင့္ လဂြန္းျပင္ေရေပးေဝေရးမွ ေရေပးေဝလၽွက္ရွိတဲ့ၿမိဳ႕နယ္ကေတာ့ ေတာင္ဒဂုံၿမိဳ႕နယ္ပဲျဖစ္ပါတယ္။