ဒွေးနဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ် သည်းခံတာအတိုင်းအတာရှိတယ်လို့ ဒဲ့ပြောလိုက်တဲ့ ဖြိုးမြတ်အောင်
Myanmar Idol Season(3) ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ဟာ အားပေးသူပရိသတ် အခိုင်အမာနဲ့ အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က အခုဆိုရင် သီဆိုချင်းဆိုတဲ့ အလုပ်အပြင် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်တော့မှာဖြစ်ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်း ခံနေရတာ ဖြစ်ပါတယ်။
ဖြိုးမြတ်အောင်က ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် မြ ရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အရင်ကတည်းက ပရိသတ်အားပေးမှုကို အများအပြား ရရှိနေတဲ့ ဖြိုးမြတ်အောင်က သရုပ်ဆောင်အလုပ်ပါ လုပ်ကိုင်တော့မယ်ဆိုတော့ ဝေဖန်တိုက်ခိုက်မှုတွေ အမျိုးမျိုးရှိလာပါတယ်။
တချို့သော ဝေဖန်သူတွေက ဖြိုးမြတ်အောင်ဟာ မြန်မာ့ဂန္ဒဝင် မင်းသားကြီး ဒွေးခြေရာကို နင်းနိုင်မယ်လို့ နှိုင်းယှဉ်ရေးသားနေကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဖြိုးမြတ်အောင်က ဒွေးနဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ် အခုလိုပဲ ပြောဆိုလာပါတယ်။ မင်းတို့ကောင်တွေ ငါနဲ့မတိုးမိစေနဲ့။ ဒီနေ့ အကုသိုလ်တွေ ပေးတာလား။
သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်။ ငါ့အကြောင်း အရင်လေ့လာ။ ပြောပြီးရင် ပြောတဲ့အတိုင်းလုပ်တယ်။
အဆဲခံရအောင် လုပ်နေတာလား။ ခြေဖျားမပြောနဲ့ ဖင်ဖျားတောင် မမှီဘူး။ ဆီနဲ့ ရေလိုကွာတယ်။ သီချင်းဆိုတဲ့နေရာမှာပဲ ဝေဖန်။ ငါနဲ့မတွေ့မိစေနဲ့ တာဝန်မယူဘူး။ သည်းခံတာ အတိုင်းအတာရှိတာိကွ ဆိုပြီး ပေါက်ကွဲနေတာပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်လို တက်သစ်စ သရုပ်ဆောင်တစ်ယောက်ကို ဒွေးလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောက်ကြီးနဲ့ နှိုင်းယှဉ်
တာမို့ ဖြိုးမြတ်အောင်တစ်ယောက် အခုလောက်ထိ ဒေါသထွက်နေရတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။
Credit



