Unicode
သမီးဖြစ်သူရဲ့ ဈာပနအခမ်းအနားကို အလှတွေပြင်ပြီး တက်ရောက်လာခဲ့တဲ့အတွက် အပြင်းအထန်ဝေဖန်ခံနေရတဲ့ “တန်မို”ရဲ့ မိခင် ဖေဖော်ဝါရီ ၂၄ ရက်က နွန်သဘူရီမြို့ ကျောက်ဖရားမြစ်ထဲသို့ စပိဘုတ်ပေါ်ကနေ ပြုတ်ကျသေဆုံးသွားခဲ့တဲ့
ထိုင်းနာမည်ကျော် မင်းသမီး တန်မိုနိဒါ ရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လေးကတော့ ထိုင်းပရိသတ်တွေအပြင် မြန်မာပရိသတ်တွေကြားမှာပါ အတော်လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ အသက် ၃၇ နှစ် အရွယ်သာရှိသေးတဲ့ မင်းသမီး တန်မိုနိဒါ ဟာ
တစ်ချိန်က ထိုင်းအလှပြိုင်ပွဲမှာ ဝင်ရောက်ယဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းမှာ ထိုင်း TV Channel 7 ရုပ်သံလိုင်းဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်
အချိန်ခဏလေးအတွင်းမှာ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမဟာ အရင်က အိမ်ထောင်ကျခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ သဘောထားခြင်း မတိုက်ဆိုင်တော့တဲ့အတွက် သူမရဲ့
အိမ်ထောင်ပျက်စီးသွားခဲ့ပါတယ်။ လက်ရှိ ချစ်သူကတော့ အနုပညာသမားတွေထဲက မဟုတ်ဘဲ သာမန်လူတန်းစားထဲက တစ်ယောက်လို့သိရပါတယ်။ မင်းသမီး အနားမှာ မန်နေဂျာအဖြစ်လုပ်ကိုင်နေသူ ကသစ်ဆိုသူကလည်း သူမအရမ်းချစ်ရတဲ့
သူငယ်ချင်းတစ်ဦးပဲ ဖြစ်ပါတယ်။ ယခုမင်းသမီးသေဆုံးမှုကိုလည်း မန်နေဂျာ ကသစ် နဲ့ သံသယမကင်း ကြောင်း ထိုင်းပရိသတ်တွေကြားမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ မင်းသမီးချောရဲ့ အမေကိုလည်း ပရိတ်သတ်တွေက
ဝေဖန်မှုမြှင့်တက်နေခဲ့ပြီး သမီးရဲ့အမှုအတွက် လျော်ကြေးငွေရယူကာ အမှုကိုပိတ်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး အဆိုပါလုပ်ရက်အတွက်လည်း မင်းသမီးချောရဲ့အမေဖြစ်သူကို ပရိတ်သတ်တွေက ဝိုင်းဝန်းဝေဖန်ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။
မင်းသမီး တန်မိုနိဒါ ရဲ့ သေဆုံးမှုက အဖြစ်အမှန်မပေါ်သေးပေမယ့် နောက်ဆုံးဈပန အခမ်းအနားကိုတော့ ကျင်းမသွားတော့မှာ ဖြစ်ပါတယ်။မင်ဏ္ဌသမီးချောအတွက် ဈပနအခမ်းအနားကို ယနေ့ 11 ရက်နေ့က စတင်ပြီး 13 ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
ယနေ့မှာ စတင်ကျင်းပတဲ့ မင်းသမီးချောရဲ့ ဈပနအခမ်းအနားကို မင်းသမီးချောရဲ့ အမေကတက်ရောက်လာခဲ့ပြီး ဝတ်ကောင်းစားလှတွေဝတ်ကာ အလှတွေပြင်ထားခဲ့တာကြောင့်လည်း ပရိတ်သတ်တွေက ဝေဖန်နေကြပြီး သမီးဖြစ်သူကို သံယောဇဉ်မရှိဘဲ အပေါ်ယံသာချစ်ပြတဲ့ မိခင်တစ်ယောက်ဟု ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။
Zawgyi
သမီးျဖစ္သူရဲ႕ ဈာပနအခမ္းအနားကို အလွေတြျပင္ၿပီး တက္ေရာက္လာခဲ့တဲ့အတြက္ အျပင္းအထန္ေဝဖန္ခံေနရတဲ့ “တန္မို”ရဲ႕ မိခင္ ေဖေဖာ္ဝါရီ ၂၄ ရက္က ႏြန္သဘူရီၿမိဳ႕ ေက်ာက္ဖရားျမစ္ထဲသို႔ စပိဘုတ္ေပၚကေန ျပဳတ္က်ေသဆုံးသြားခဲ့တဲ့
ထိုင္းနာမည္ေက်ာ္ မင္းသမီး တန္မိုနိဒါ ရဲ႕ စိတ္မေကာင္းစရာ ျဖစ္ရပ္ေလးကေတာ့ ထိုင္းပရိသတ္ေတြအျပင္ ျမန္မာပရိသတ္ေတြၾကားမွာပါ အေတာ္ေလးကို ႐ိုက္ခတ္သြားခဲ့ပါတယ္။ အသက္ ၃၇ ႏွစ္ အ႐ြယ္သာရွိေသးတဲ့ မင္းသမီး တန္မိုနိဒါ ဟာ
တစ္ခ်ိန္က ထိုင္းအလွၿပိဳင္ပြဲမွာ ဝင္ေရာက္ယဥ္ၿပိဳင္ခဲ့ၿပီး ေနာက္ပိုင္းမွာ ထိုင္း TV Channel 7 ႐ုပ္သံလိုင္းဇာတ္လမ္းတြဲေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာ သူမရဲ႕ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္
အခ်ိန္ခဏေလးအတြင္းမွာ နာမည္ႀကီး မင္းသမီးတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ သူမဟာ အရင္က အိမ္ေထာင္က်ခဲ့ဖူးသူတစ္ေယာက္ျဖစ္ၿပီး ႏွစ္အနည္းငယ္အတြင္းမွာပဲ သေဘာထားျခင္း မတိုက္ဆိုင္ေတာ့တဲ့အတြက္ သူမရဲ႕
အိမ္ေထာင္ပ်က္စီးသြားခဲ့ပါတယ္။ လက္ရွိ ခ်စ္သူကေတာ့ အႏုပညာသမားေတြထဲက မဟုတ္ဘဲ သာမန္လူတန္းစားထဲက တစ္ေယာက္လို႔သိရပါတယ္။ မင္းသမီး အနားမွာ မန္ေနဂ်ာအျဖစ္လုပ္ကိုင္ေနသူ ကသစ္ဆိုသူကလည္း သူမအရမ္းခ်စ္ရတဲ့
သူငယ္ခ်င္းတစ္ဦးပဲ ျဖစ္ပါတယ္။ ယခုမင္းသမီးေသဆုံးမႈကိုလည္း မန္ေနဂ်ာ ကသစ္ နဲ႔ သံသယမကင္း ေၾကာင္း ထိုင္းပရိသတ္ေတြၾကားမွာ ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ မင္းသမီးေခ်ာရဲ႕ အေမကိုလည္း ပရိတ္သတ္ေတြက
ေဝဖန္မႈျမႇင့္တက္ေနခဲ့ၿပီး သမီးရဲ႕အမႈအတြက္ ေလ်ာ္ေၾကးေငြရယူကာ အမႈကိုပိတ္သိမ္းမယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ၿပီး အဆိုပါလုပ္ရက္အတြက္လည္း မင္းသမီးေခ်ာရဲ႕အေမျဖစ္သူကို ပရိတ္သတ္ေတြက ဝိုင္းဝန္းေဝဖန္ေျပာဆိုေနၾကတာလည္း ျဖစ္ပါတယ္။
မင္းသမီး တန္မိုနိဒါ ရဲ႕ ေသဆုံးမႈက အျဖစ္အမွန္မေပၚေသးေပမယ့္ ေနာက္ဆုံးဈပန အခမ္းအနားကိုေတာ့ က်င္းမသြားေတာ့မွာ ျဖစ္ပါတယ္။မင္ဏၭသမီးေခ်ာအတြက္ ဈပနအခမ္းအနားကို ယေန႔ 11 ရက္ေန႔က စတင္ၿပီး 13 ရက္ေန႔အထိ က်င္းပသြားမွာလည္း ျဖစ္ပါတယ္။
ယေန႔မွာ စတင္က်င္းပတဲ့ မင္းသမီးေခ်ာရဲ႕ ဈပနအခမ္းအနားကို မင္းသမီးေခ်ာရဲ႕ အေမကတက္ေရာက္လာခဲ့ၿပီး ဝတ္ေကာင္းစားလွေတြဝတ္ကာ အလွေတြျပင္ထားခဲ့တာေၾကာင့္လည္း ပရိတ္သတ္ေတြက ေဝဖန္ေနၾကၿပီး သမီးျဖစ္သူကို သံေယာဇဥ္မရွိဘဲ အေပၚယံသာခ်စ္ျပတဲ့ မိခင္တစ္ေယာက္ဟု ေျပာဆိုေနၾကတာလည္း ျဖစ္ပါတယ္။