ရဲစခန်းမှာ အချုပ်ကျနေတဲ့ အမျိုးသမီး(၁)ဦးကို တာဝန်ကျ ရဲဝန်ထမ်းဖြစ်သူမှ ခိုးပြေးမှုဖြစ်ပွား
မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့ ၊မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို မနေ့ ဇူလိုင် ၁၀ရက်က တာဝန်ကျ ရဲတယောက်ကနေ ခိုးယူထွက်ပြေးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။
” အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၀(ည)နဲ့ အချုပ်ကျနေတဲ့ ကောင်မလေးက ကိုမောင်တူးရဲ့သမီး မအိသန္တာအောင်ဆိုသူဖြစ်တယ် ၊ မနေ့က အပြင်ထုတ်တဲ့အချိန်မှာ
တာဝန်ကျ ရဲတပ်သား စိုးပိုင်က ခိုးယူထွက်ပြေးသွားတယ် ၊ ကောင်မလေးက သော့တန်းလန်းကြီးနဲ့ ပါသွားတာ ၊ ခေါ်ဆောင်ပြေးတဲ့ ရဲက မလှိုင်သားပါ ၊ လက်နက်မဲ့နဲ့ပြေးတာပါ ၊ အစောကတည်းက သူတို့ အကြံအစည်ရှိဟန်တူတယ်”လို့ မန္တလေး ရဲအသိုင်းအဝိုင်းက ပြောပါတယ်။
မိထ္တီလာခရိုင်မှာ အခြေချနေထိုင်တဲ့ ရဲအရာရှိ အငြိမ်းစားတဦးက ” အမျိုးသမီး အချုပ်တရားခံကို ကြီးကြပ်စောင့်ထိန်းဖို့အတွက် တာဝန်ချ (၄ က)မှာ အမျိုးသမီး ရဲမေတွေပဲဖြစ်ရမှာပါ ၊ ရဲတပ်သားက အချုပ်တရားခံ အမျိုးသမီးနဲ့
ပတ်သက်နေတယ် ဆိုကတည်းက အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်က စတဲ့ ပြဿနာလို့ မြင်မိတယ် ၊ နောက်ပြီး ကင်းမှူး ၊အုပ်ချုပ် ၊တာဝန်မှူးနဲ့ စခန်းမှူးတို့က ထွက်ပြေးသွား၂ ယောက်ရဲ့ဆက်ဆံရေးကို ကြိုတင်အကဲခတ် သိရှိထားဖို့လိုတယ် ၊ ကြိုတင် သိထားရင် ဒီလိုမျိုးပြဿနာ ပေါ်ပေါက်စရာအကြောင်းမရှိဘူး “လို့ ပြောပါတယ်။
အခုလို အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို တာဝန်ကျ ရဲဝန်ထမ်းတယောက်က ခေါ်ဆောင်ထွက်ပြေးသွားတဲ့ဖြစ်စဉ်ဟာ ရဲလောကမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတချို့က ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းရဲတပ်ဖွဲ့ကတော့ ထွက်ပြေးသွားတဲ့ အချုပ်တရားခံတယောက်နဲ့ ရဲတပ်သား ၁ ယောက်ကို အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
အဲ့ဒီ အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို တာဝန်ကျ ရဲတပ်သား တယောက်က အပြင်ထုတ်တဲ့အချိန် ခေါ်ဆောင် ထွက်ပြေးသွားတယ်ဆိုတဲ့ ကိစ္စကို မေးမြန်းဖို့ မလှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို VOM ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
Crd
ရဲစခန္းမွာ အခ်ဳပ္က်ေနတဲ့ အမ်ိဳးသမီး(၁)ဦးကို တာဝန္က် ရဲဝန္ထမ္းျဖစ္သူမွ ခိုးေျပးမွဳျဖစ္ပြား
မႏၲေလးတိုင္း ၊ မိတၳီလာခရိုင္ ၊ မလွိုင္ၿမိဳ့ ၊ၿမိဳ့မရဲစခန္းမွာ အၾကမ္းဖက္မွုတိုက္ဖ်က္ေရးဥပေဒနဲ႔ အခ်ဳပ္က်ေနတဲ့ အမ်ိဳးသမီးတေယာက္ကို မေန႔ ဇူလိုင္ ၁၀ရက္က တာဝန္က် ရဲတေယာက္ကေန ခိုးယူထြက္ေျပးသြားတယ္လို့ ရဲအသိုင္းအဝိုင္းဆီက သိရပါတယ္။
” အၾကမ္းဖက္မွု တိုက္ဖ်က္ေရးဆိုင္ရာ ဥပေဒပုဒ္မ ၅၀(ည)နဲ႔ အခ်ဳပ္က်ေနတဲ့ ေကာင္မေလးက ကိုေမာင္တူးရဲ့သမီး မအိသႏၲာေအာင္ဆိုသူျဖစ္တယ္ ၊ မေန႔က အျပင္ထုတ္တဲ့အခ်ိန္မွာ
တာဝန္က် ရဲတပ္သား စိုးပိုင္က ခိုးယူထြက္ေျပးသြားတယ္ ၊ ေကာင္မေလးက ေသာ့တန္းလန္းႀကီးနဲ႔ ပါသြားတာ ၊ ေခၚေဆာင္ေျပးတဲ့ ရဲက မလွိုင္သားပါ ၊ လက္နက္မဲ့နဲ႔ေျပးတာပါ ၊ အေစာကတည္းက သူတို့ အႀကံအစည္ရွိဟန္တူတယ္”လို့ မႏၲေလး ရဲအသိုင္းအဝိုင္းက ေျပာပါတယ္။
မိထၱီလာခရိုင္မွာ အေျခခ်ေနထိုင္တဲ့ ရဲအရာရွိ အၿငိမ္းစားတဦးက ” အမ်ိဳးသမီး အခ်ဳပ္တရားခံကို ႀကီးၾကပ္ေစာင့္ထိန္းဖို့အတြက္ တာဝန္ခ် (၄ က)မွာ အမ်ိဳးသမီး ရဲေမေတြပဲျဖစ္ရမွာပါ ၊ ရဲတပ္သားက အခ်ဳပ္တရားခံ အမ်ိဳးသမီးနဲ႔
ပတ္သက္ေနတယ္ ဆိုကတည္းက အုပ္ခ်ဳပ္မွု ေလ်ာ့နည္းျဖစ္စဥ္က စတဲ့ ျပႆနာလို့ ျမင္မိတယ္ ၊ ေနာက္ၿပီး ကင္းမွူး ၊အုပ္ခ်ဳပ္ ၊တာဝန္မွူးနဲ႔ စခန္းမွူးတို့က ထြက္ေျပးသြား၂ ေယာက္ရဲ့ဆက္ဆံေရးကို ႀကိဳတင္အကဲခတ္ သိရွိထားဖို့လိုတယ္ ၊ ႀကိဳတင္ သိထားရင္ ဒီလိုမ်ိဳးျပႆနာ ေပၚေပါက္စရာအေၾကာင္းမရွိဘူး “လို့ ေျပာပါတယ္။
အခုလို အခ်ဳပ္က်ေနတဲ့ အမ်ိဳးသမီးတေယာက္ကို တာဝန္က် ရဲဝန္ထမ္းတေယာက္က ေခၚေဆာင္ထြက္ေျပးသြားတဲ့ျဖစ္စဥ္ဟာ ရဲေလာကမွာ ပထမဆုံးအႀကိမ္ ျဖစ္ပြားခဲ့တာျဖစ္တယ္လို့ ရဲအရာရွိတခ်ိဳ့က ေဝဖန္ေျပာဆိုတာေတြ ရွိပါတယ္။
ဒါ့အျပင္ မႏၲေလးတိုင္းရဲတပ္ဖြဲ႕ကေတာ့ ထြက္ေျပးသြားတဲ့ အခ်ဳပ္တရားခံတေယာက္နဲ႔ ရဲတပ္သား ၁ ေယာက္ကို အျမန္ဆုံး ျပန္လည္ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနတယ္လို့လည္း သိရပါတယ္။
အဲ့ဒီ အခ်ဳပ္က်ေနတဲ့ အမ်ိဳးသမီးတေယာက္ကို တာဝန္က် ရဲတပ္သား တေယာက္က အျပင္ထုတ္တဲ့အခ်ိန္ ေခၚေဆာင္ ထြက္ေျပးသြားတယ္ဆိုတဲ့ ကိစၥကို ေမးျမန္းဖို့ မလွိုင္ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူး႐ုံးကို VOM ဆက္သြယ္ခဲ့ေပမယ့္ အခုခ်ိန္ထိေတာ့ ဆက္သြယ္လို့ မရေသးပါဘူး။
Crd