ၾကားသိရသမွ်

အခုလို မီးတွေအရမ်းပျက်နေတဲ့အချိန်မှာ ပြည်သူတွေနဲ့ထပ်တူခံစားရတဲခံစားချက်တချို့ကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ထိပ်ထားသခင်ရဲ့ဗီဒီယိုလေး..

အခုလို မီးတွေအရမ်းပျက်နေတဲ့အချိန်မှာ ပြည်သူတွေနဲ့ထပ်တူခံစားရတဲခံစားချက်တချို့ကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ထိပ်ထားသခင်ရဲ့ဗီဒီယိုလေး..

ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ထိပ်ထားသခင်ကတော့ အနုပညာလမ်းကြောင်းမှာ လျှောက်လမ်းလျက်ရှိနေပြီဖြစ်တဲ့ ကလေးငယ်လေးတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေကို ဆွတ်ခူးထားနိုင်ခဲ့တာ ပဲဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေတဲ့ ထိပ်ထားလေးကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ ကလေးငယ်လေးပဲဖြစ်ပါတယ်။ လူကြီးတစ်ယောက်လို စကားတွေကိုလည်း ဟာသနှောကာ ပြောတတ်လို့ အားလုံးက အချစ် ပိုနေရတာပါ ။

ထိပ်ထားရဲ့ ချစ်စရာ ဗီဒီယိုလေးတွေကိုလည်း မေမေက အမြဲဖော်ပြပေးလေ့ရှိတာကို တွေ့ရပါတယ် ။ အခုလည်း ဒီကာလမှာ ကြုံတွေ့နေရတဲ့ မီး အခက်အခဲနဲ့ ပတ်သက်ပြီး ဟာသလေးလုပ်ကာ ပြောပြလိုက်တဲ့ ထိပ်ထားလေးရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြလာရာ အခါခါပြန်ကြည့်တိုင်း ရယ်မောနေရတာကြောင့် ပရိသတ်ကြီး အတွက်ပြန် လည်ဝေမျှလိုက်ပါတယ် ။

crd Cele Zone
Photo – ထိပ်ထားသခင်
zawgyi




crd Cele Zone
Photo – ထိပ်ထားသခင်