ခရမ္းခ်ဥ္သီး ေတာင္သူေတြ က်တဲ့မ်က္ရည္ကို ကူသုတ္ေပးေနတဲ့ ေ႐ႊဆံပင္ဆရာေတာ္
မုံ႐ြာမွာ လုံးဝမတက္တဲ့ကုန္ေစ်းႏႈန္း၊ မနက္က ၿမိဳ႕ထဲသြားရင္း သံလမ္းေစ်းနားမွာ ႐ြာေတြကေန လာေရာင္းတဲ့ ခရမ္းခ်ဥ္သီးသည္ေတြ မ်က္ႏွာမေကာင္းၾကလို႔ ေမးၾကည့္တဲ့အခါ ခရမ္းခ်ဥ္သီး လတ္လတ္ဆတ္ဆတ္ေတြ တပိႆာ ၁၀၀ (ျမန္မာေငြတရာ) ကို ဝယ္မယ့္သူက သိပ္မရွိဘူးတဲ့ဗ်ာ။
ၿပီးခဲ့တဲ့လက ႏွစ္ေထာင္ေက်ာ္ ခုတျခားကုန္ေစ်းႏႈန္းေတြ တက္တဲ့အခ်ိန္ တရာ တဲ့ စိတ္မေကာင္းစရာပါပဲ။ တကယ္လိုအပ္တဲ့ တခ်ိဳ႕ေနရာဆိုရင္ေတာ့ သိပ္တန္ဖိုးရွိမွာပါ။
ဒါေၾကာင့္အေတြးေလးျဖစ္မိတာကေတာ့ တျခားၿမိဳ႕က တကယ္လိုအပ္တဲ့ ဘုန္းႀကီးေက်ာင္းေတြ ပရဟိတအဖြဲ႕ေတြနဲ႔ လႉမယ့္သူေတြဆီကို တန္ဆာခ တာဝန္ယူၾကမယ္ဆိုရင္ ခရမ္းခ်ဥ္သီးေတြကို ေ႐ႊဆံပင္အဖြဲ႕က ဝယ္ၿပီး ပို႔လႉေပးခ်င္ပါတယ္။ ႏွစ္ဦးႏွစ္ဖက္ကို ကူညီတဲ့သေဘာေပါ့။ ျဖစ္ႏိုင္မယ္ဆိုရင္ တပိႆာႏွစ္ရာေလာက္ထိ တိုးေပးၿပီး ဝယ္ေပး ခ်င္ပါတယ္။
ဒီေန႔တတိယေန႔ ခရမ္းခ်ဥ္သီး ပိႆာ ၆၀၀၀ ေက်ာ္ ဝယ္ယူေပးႏိုင္ခဲ့ပါတယ္။ သတင္းကေတာ္ေတာ္ျပန္႔သြားၿပီး ခက္ခဲသူကို ကူညီေပးခ်င္ၾကတဲ့ ျမန္မာတို႔ရဲ႕စိတ္ရင္းေၾကာင့္ ကူရင္းလႉရင္း ဝယ္ယူအားေပးသူေတြေရာ လိုအပ္သည့္ေနရာသုံးဖို႔လႉေပးသူေတြပါ အေတာ္မ်ားလာခဲ့ပါတယ္။
ရေဝႏြယ္အင္းမဆရာေတာ္ကလည္း ၅သိန္းဖိုးဆီ သုံးရက္လႉၿပီး ေနာက္ထပ္ ဆယ္သိန္းဖိုးထပ္လႉေပးမွာပါ ဦးေအာင္မ်ိဳးဟိန္းေဒၚနီနီတင္ထြန္းတို႔ Authentic Group of Companies မိသားစုကလည္း ရန္ကုန္လႉဖို႔ ၁၅သိန္းဖိုး ဝယ္လႉသည့္အျပင္ မုံ႐ြာဝန္က်င္ေက်ာင္းမ်ားႏွင့္ လိုအပ္သည့္ေနရာမ်ားအတြက္ တပိႆာ သုံးရာေပးခိုင္းၿပီး ၁၀ သိန္းဖိုးထပ္မံလႉဒါန္းေပးပါတယ္။
ဒီေန႔ထူးထူးျခားျခား မုံ႐ြာနဲ႔မိုင္သုံးဆယ္ေက်ာ္ေဝးတဲ့ ဘုတလင္ၿမိဳ႕နယ္ ေညာင္ကန္႐ြာက ( မယ္ႏုအုဌ္ေက်ာင္း ဆရာေတာ္ဦးဗုဓ္ရဲ႕ဇာတိ႐ြာ) ခရမ္းခ်ဥ္စိုက္တဲ့ ဒကာမႀကီးတေယာက္က ဆရာေတာ္ ဝယ္တယ္ဆိုလို႔ဝမ္းသာလိုက္တာ တပည့္ေတာ္တို႔ အသီးေတြ မေရာင္းရေသးဘူးဘုရား မနက္ျဖန္လာေရာင္းခ်င္လို႔ ဝယ္ေပးပါဘုရားဆိုၿပီး ဝမ္းနည္းဝမ္းသာ ရင္တမမနဲ႔ ဖုန္းဆက္ၿပီး ေလွ်ာက္ထားလာလို႔ မနက္ျဖန္ လာသမွ် အကုန္ဝယ္ေပးမယ္လို႔ ေျပာေပးလိုက္ပါတယ္။
အားလုံးရဲ႕ေစတနာေၾကာင့္ ေတာင္သူေတြလည္းဝမ္းသာ အလႉရသူေတြလည္း ေပ်ာ္ အလႉရွင္ေတြလည္းစိတ္ခ်မ္းသာ အက်ိဳးေဆာင္ေပးသူေတြလည္းပီတိျဖစ္ၾကရပါတယ္။ မနက္ျဖန္ေတာ့ လာသမ် အကုန္ဝယ္ႏိုင္ဖို႔ စီစဥ္ထားပါတယ္။
တရက္ကိုပိႆာ ၈၀၀၀ ေက်ာ္ေလာက္လာပါတယ္။ ေနာက္ရက္ေတြပါသိမ္းႏိုင္ေအာင္ စုေပါင္းကုသိုလ္အားနဲ႔ ဝိုင္းဝန္းကူညီေပးၾကဖို႔ ဖိတ္ေခၚပါတယ္။ စုံစမ္းလိုသူမ်ား ၀၉ ၄၀၀၈၀၆၀၀၄ ၀၉၇၇၇၀၀၀၅၂၉ ကိုဆက္သြယ္ပါ ကုသိုလ္ပါဝင္လိုသူမ်ား ၀၉၄၀၀၄၇၁၄၂၂ (Shwe Sanpin SayarTaw)
ခရမ္းခ်ဥ္သီး တပိႆာ တရာေဈးကို ဝယ္မယ့္သူ မရွိတာေၾကာင့္ ေတာင္သူေတြ အခက္ႀကဳံေနရတဲ့ သတင္းအျပည့္အစုံကို ဆက္လက္ ေဖာ္ျပလိုက္ပါတယ္ ခင္ဗ်ာ-
မေကြးတိုင္းေဒသႀကီး၊ မင္းဘူး(စကူ)ၿမိဳ႕နယ္၌ ခရမ္းခ်ဥ္သီးေစ်း ထိုးက်ေန၍ ေတာင္သူအမ်ားစု အရႈံးႀကီးေပၚေနၿပီး အခ်ိဳ႕ေတာင္သူမ်ား ႏြားစာအျဖစ္သာ ေကြၽးေနရက အခ်ိဳ႕ခရမ္းခ်ဥ္ထြက္ကုန္မ်ားမွာ ပုတ္ကုန္၍ အေလအလႊင့္ျဖင့္ ဆုံးရႈံးမႈမ်ားေနေၾကာင္း အဆိုပါေဒသရွိ ေတာင္သူမ်ားထံမွ စုံစမ္းသိရပါတယ္။
“ေစ်းစဖြင့္တုန္းကဆို ၁ ပိႆာကို ၂,၅၀၀ ထိရခဲ့တာ။ အဲ့တုန္းကေတာ့ မဆိုးဘူး၊ အခုက်ေတာ့ ၁ ပိႆာကို ၁၅၀၊ ၂၀၀ ပဲ ရေတာ့တယ္။ အဲ့ဒါေတာင္ ဝယ္မယ့္ သူမရွိဘူး။ အခု ခူးၿပီးသားေတြ ပုတ္ကုန္လို႔ လႊင့္ပစ္လိုက္ရတယ္” ဟု မင္းဘူး (စကု)ၿမိဳ႕နယ္ရွိေက်ာက္တန္းေက်း႐ြာမွ ခရမ္းခ်ဥ္သီးစိုက္ပ်ိဳးေနသူ မေအးမိက ေျပာပါတယ္။
ယခင္ႏွစ္ေဆာင္းအကုန္၌ ခရမ္းခ်ဥ္စိုက္ပ်ိဳးေတာင္သူမ်ား အဆင္ေျပခဲ့ေသာ္ လည္း ယခုႏွစ္တြင္ေတာ့ စိုက္ပ်ိဳးစရိတ္ေတာင္ ျပန္မရရွိေတာ့ေၾကာင္း သိရပါတယ္။
“ကြၽန္ေတာ္တို႔ အပင္စပ်ိဳးတုန္းကဆိုရင္ ဒီဇယ္ ၁ ဂါလန္ကို ၈,၅၀၀ ေပးရတယ္။ ဧကတစ္ဝက္ေလာက္ကို ၂ ဂါလန္ေလာက္ကုန္တယ္။ စက္ေမာင္းၿပီး ေရျဖန္းရ တာ အစအဆုံး ၁၅ သိန္းကေန သိန္း ၂၀ ေလာက္ ကုန္က်ခဲ့တာ။ အခုေတာ့ ၁ ပိႆာကို ၁၀၀ ေတာင္ ဝယ္မယ့္သူ မရွိဘူး။ ဘယ္လိုလုပ္ရမလဲ၊ အရင္းေတာင္ ျပန္မရဘူး။ အဲ့ေတာ့ ႏြားေတြကို ေကြၽးလိုက္တယ္ ေအးေရာ” ဟု ေက်ာက္တန္း ႐ြာမွ ခရမ္းခ်ဥ္စိုက္ပ်ိဳးေနသူကို ေအာင္ေဇာ္မ်ိဳးက ေျပာပါတယ္။
ခရမ္းခ်ဥ္ပ်ိဳးပင္မ်ိဳးေစ့တစ္ထုပ္ က်ပ္ ၁၈,၀၀၀ ေပးရၿပီး တစ္ထုပ္လွ်င္ အေစ့ေရ ၅၀၀ ခန္႔ပါရွိေၾကာင္း သိရၿပီး၊ တစ္ဧက ၄ ထုပ္ခန႔္ ပ်ိဳးႀကဲစိုက္ရကာ တစ္ ဧကလွ်င္ ပိႆာခ်ိန္ ၃,၀၀၀ ထြက္ရွိေၾကာင္း သိရပါတယ္။
“ေျပာရရင္ေတာ့ ခရမ္းခ်ဥ္ကုန္ေတြ တစ္ၿပိဳင္တည္းေပၚလာခ်ိန္မို႔လို႔လည္း ပါ မယ္။ အရင္တုန္းကဆိုရင္ ကုန္ခ်ိန္က ၃,၀၀၀ ေလာက္ပဲဝင္တာ၊ အခုကုန္ခ်ိန္က ၉,၀၀၀ ေလာက္ဝင္လာတာဆိုေတာ့ အရမ္းေပါမ်ားသြားတယ္။ စားသုံးသူအေန နဲ႔ေတာ့ တန္ၿပီး စိုက္ပ်ိဳးတဲ့ ေတာင္သူေတြအတြက္ေတာ့ အရႈံးေပၚသြားတာေပါ့ ဗ်ာ” ဟု ရန္ကုန္၊ တညင္းကုန္းေစ်းမွ ကုန္းစိမ္းေရာင္းဝယ္ေရးဒိုင္ ကိုေက်ာ္ဇင္ ၿဖိဳးက ေျပာပါတယ္။
ခရမ္းခ်ဥ္သီးအမ်ားဆုံးစိုက္ပ်ိဳးသည့္ ေက်ာက္ပန္းေတာင္း၊ မေကြး၊ ပခုကၠဴ၊ မုံ႐ြာ၊ မလိုင္၊ ခရမ္းၿမိဳ႕မ်ား၌ ယခုႏွစ္ အရႈံးမ်ားေပၚေနေၾကာင္းလည္း ထပ္မံ သိရပါတယ္။
ခရမ်းချဉ်သီး တောင်သူတွေ ကျတဲ့မျက်ရည်ကို ကူသုတ်ပေးနေတဲ့ ရွှေဆံပင်ဆရာတော်
မုံရွာမှာ လုံးဝမတက်တဲ့ကုန်ဈေးနှုန်း၊ မနက်က မြို့ထဲသွားရင်း သံလမ်းဈေးနားမှာ ရွာတွေကနေ လာရောင်းတဲ့ ခရမ်းချဉ်သီးသည်တွေ မျက်နှာမကောင်းကြလို့ မေးကြည့်တဲ့အခါ ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်တွေ တပိဿာ ၁၀၀ (မြန်မာငွေတရာ) ကို ဝယ်မယ့်သူက သိပ်မရှိဘူးတဲ့ဗျာ။
ပြီးခဲ့တဲ့လက နှစ်ထောင်ကျော် ခုတခြားကုန်ဈေးနှုန်းတွေ တက်တဲ့အချိန် တရာ တဲ့ စိတ်မကောင်းစရာပါပဲ။ တကယ်လိုအပ်တဲ့ တချို့နေရာဆိုရင်တော့ သိပ်တန်ဖိုးရှိမှာပါ။
ဒါကြောင့်အတွေးလေးဖြစ်မိတာကတော့ တခြားမြို့က တကယ်လိုအပ်တဲ့ ဘုန်းကြီးကျောင်းတွေ ပရဟိတအဖွဲ့တွေနဲ့ လှူမယ့်သူတွေဆီကို တန်ဆာခ တာဝန်ယူကြမယ်ဆိုရင် ခရမ်းချဉ်သီးတွေကို ရွှေဆံပင်အဖွဲ့က ဝယ်ပြီး ပို့လှူပေးချင်ပါတယ်။ နှစ်ဦးနှစ်ဖက်ကို ကူညီတဲ့သဘောပေါ့။ ဖြစ်နိုင်မယ်ဆိုရင် တပိဿာနှစ်ရာလောက်ထိ တိုးပေးပြီး ဝယ်ပေး ချင်ပါတယ်။
ဒီနေ့တတိယနေ့ ခရမ်းချဉ်သီး ပိဿာ ၆၀၀၀ ကျော် ဝယ်ယူပေးနိုင်ခဲ့ပါတယ်။ သတင်းကတော်တော်ပြန့်သွားပြီး ခက်ခဲသူကို ကူညီပေးချင်ကြတဲ့ မြန်မာတို့ရဲ့စိတ်ရင်းကြောင့် ကူရင်းလှူရင်း ဝယ်ယူအားပေးသူတွေရော လိုအပ်သည့်နေရာသုံးဖို့လှူပေးသူတွေပါ အတော်များလာခဲ့ပါတယ်။
ရဝေနွယ်အင်းမဆရာတော်ကလည်း ၅သိန်းဖိုးဆီ သုံးရက်လှူပြီး နောက်ထပ် ဆယ်သိန်းဖိုးထပ်လှူပေးမှာပါ ဦးအောင်မျိုးဟိန်းဒေါ်နီနီတင်ထွန်းတို့ Authentic Group of Companies မိသားစုကလည်း ရန်ကုန်လှူဖို့ ၁၅သိန်းဖိုး ဝယ်လှူသည့်အပြင် မုံရွာဝန်ကျင်ကျောင်းများနှင့် လိုအပ်သည့်နေရာများအတွက် တပိဿာ သုံးရာပေးခိုင်းပြီး ၁၀ သိန်းဖိုးထပ်မံလှူဒါန်းပေးပါတယ်။
ဒီနေ့ထူးထူးခြားခြား မုံရွာနဲ့မိုင်သုံးဆယ်ကျော်ဝေးတဲ့ ဘုတလင်မြို့နယ် ညောင်ကန်ရွာက ( မယ်နုအုဌ်ကျောင်း ဆရာတော်ဦးဗုဓ်ရဲ့ဇာတိရွာ) ခရမ်းချဉ်စိုက်တဲ့ ဒကာမကြီးတယောက်က ဆရာတော် ဝယ်တယ်ဆိုလို့ဝမ်းသာလိုက်တာ တပည့်တော်တို့ အသီးတွေ မရောင်းရသေးဘူးဘုရား မနက်ဖြန်လာရောင်းချင်လို့ ဝယ်ပေးပါဘုရားဆိုပြီး ဝမ်းနည်းဝမ်းသာ ရင်တမမနဲ့ ဖုန်းဆက်ပြီး လျှောက်ထားလာလို့ မနက်ဖြန် လာသမျှ အကုန်ဝယ်ပေးမယ်လို့ ပြောပေးလိုက်ပါတယ်။
အားလုံးရဲ့စေတနာကြောင့် တောင်သူတွေလည်းဝမ်းသာ အလှူရသူတွေလည်း ပျော် အလှူရှင်တွေလည်းစိတ်ချမ်းသာ အကျိုးဆောင်ပေးသူတွေလည်းပီတိဖြစ်ကြရပါတယ်။ မနက်ဖြန်တော့ လာသမျ အကုန်ဝယ်နိုင်ဖို့ စီစဉ်ထားပါတယ်။
တရက်ကိုပိဿာ ၈၀၀၀ ကျော်လောက်လာပါတယ်။ နောက်ရက်တွေပါသိမ်းနိုင်အောင် စုပေါင်းကုသိုလ်အားနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ စုံစမ်းလိုသူများ ၀၉ ၄၀၀၈၀၆၀၀၄ ၀၉၇၇၇၀၀၀၅၂၉ ကိုဆက်သွယ်ပါ ကုသိုလ်ပါဝင်လိုသူများ ၀၉၄၀၀၄၇၁၄၂၂ (Shwe Sanpin SayarTaw)
ခရမ်းချဉ်သီး တပိဿာ တရာဈေးကို ဝယ်မယ့်သူ မရှိတာကြောင့် တောင်သူတွေ အခက်ကြုံနေရတဲ့ သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြလိုက်ပါတယ် ခင်ဗျာ-
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကူ)မြို့နယ်၌ ခရမ်းချဉ်သီးဈေး ထိုးကျနေ၍ တောင်သူအများစု အရှုံးကြီးပေါ်နေပြီး အချို့တောင်သူများ နွားစာအဖြစ်သာ ကျွေးနေရက အချို့ခရမ်းချဉ်ထွက်ကုန်များမှာ ပုတ်ကုန်၍ အလေအလွှင့်ဖြင့် ဆုံးရှုံးမှုများနေကြောင်း အဆိုပါဒေသရှိ တောင်သူများထံမှ စုံစမ်းသိရပါတယ်။
“ဈေးစဖွင့်တုန်းကဆို ၁ ပိဿာကို ၂,၅၀၀ ထိရခဲ့တာ။ အဲ့တုန်းကတော့ မဆိုးဘူး၊ အခုကျတော့ ၁ ပိဿာကို ၁၅၀၊ ၂၀၀ ပဲ ရတော့တယ်။ အဲ့ဒါတောင် ဝယ်မယ့် သူမရှိဘူး။ အခု ခူးပြီးသားတွေ ပုတ်ကုန်လို့ လွှင့်ပစ်လိုက်ရတယ်” ဟု မင်းဘူး (စကု)မြို့နယ်ရှိကျောက်တန်းကျေးရွာမှ ခရမ်းချဉ်သီးစိုက်ပျိုးနေသူ မအေးမိက ပြောပါတယ်။
ယခင်နှစ်ဆောင်းအကုန်၌ ခရမ်းချဉ်စိုက်ပျိုးတောင်သူများ အဆင်ပြေခဲ့သော် လည်း ယခုနှစ်တွင်တော့ စိုက်ပျိုးစရိတ်တောင် ပြန်မရရှိတော့ကြောင်း သိရပါတယ်။
“ကျွန်တော်တို့ အပင်စပျိုးတုန်းကဆိုရင် ဒီဇယ် ၁ ဂါလန်ကို ၈,၅၀၀ ပေးရတယ်။ ဧကတစ်ဝက်လောက်ကို ၂ ဂါလန်လောက်ကုန်တယ်။ စက်မောင်းပြီး ရေဖြန်းရ တာ အစအဆုံး ၁၅ သိန်းကနေ သိန်း ၂၀ လောက် ကုန်ကျခဲ့တာ။ အခုတော့ ၁ ပိဿာကို ၁၀၀ တောင် ဝယ်မယ့်သူ မရှိဘူး။ ဘယ်လိုလုပ်ရမလဲ၊ အရင်းတောင် ပြန်မရဘူး။ အဲ့တော့ နွားတွေကို ကျွေးလိုက်တယ် အေးရော” ဟု ကျောက်တန်း ရွာမှ ခရမ်းချဉ်စိုက်ပျိုးနေသူကို အောင်ဇော်မျိုးက ပြောပါတယ်။
ခရမ်းချဉ်ပျိုးပင်မျိုးစေ့တစ်ထုပ် ကျပ် ၁၈,၀၀၀ ပေးရပြီး တစ်ထုပ်လျှင် အစေ့ရေ ၅၀၀ ခန့်ပါရှိကြောင်း သိရပြီး၊ တစ်ဧက ၄ ထုပ်ခန့် ပျိုးကြဲစိုက်ရကာ တစ် ဧကလျှင် ပိဿာချိန် ၃,၀၀၀ ထွက်ရှိကြောင်း သိရပါတယ်။
“ပြောရရင်တော့ ခရမ်းချဉ်ကုန်တွေ တစ်ပြိုင်တည်းပေါ်လာချိန်မို့လို့လည်း ပါ မယ်။ အရင်တုန်းကဆိုရင် ကုန်ချိန်က ၃,၀၀၀ လောက်ပဲဝင်တာ၊ အခုကုန်ချိန်က ၉,၀၀၀ လောက်ဝင်လာတာဆိုတော့ အရမ်းပေါများသွားတယ်။ စားသုံးသူအနေ နဲ့တော့ တန်ပြီး စိုက်ပျိုးတဲ့ တောင်သူတွေအတွက်တော့ အရှုံးပေါ်သွားတာပေါ့ ဗျာ” ဟု ရန်ကုန်၊ တညင်းကုန်းဈေးမှ ကုန်းစိမ်းရောင်းဝယ်ရေးဒိုင် ကိုကျော်ဇင် ဖြိုးက ပြောပါတယ်။
ခရမ်းချဉ်သီးအများဆုံးစိုက်ပျိုးသည့် ကျောက်ပန်းတောင်း၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ မလိုင်၊ ခရမ်းမြို့များ၌ ယခုနှစ် အရှုံးများပေါ်နေကြောင်းလည်း ထပ်မံ သိရပါတယ်။