အာရုံကြောဆေး တမျိုးဖြစ်တဲ့ Betex သောက်သောက်နေတတ်တဲ့ ကိုယ့်ဆရာကြီးတွေ ဖတ်သင့်ပါကြောင်း
Betex ဆရာ Betex ဆေးက ခေါင်းမူးခေါင်းကိုက်၊ ဇက်ကျောတက် ပျောက်ကင်းပါစေသလား?ရေရှည်သောက်ရင်ကော အစာအိမ်ထိခိုက်နိုင်ပါသလား?ဆရာဝန်နဲ့သွားပြတော့ ဒီဆေးကို ဆွဲသောက်ရမယ်ပြောပါတယ်။
ကျနော်အသက်၃၅နှစ်၊အိမ်ထောင်မရှိပါ အကြောင်းပြန်ပေးစေလိုပါတယ်။Betexဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တမျိုးပါ။
အာရုံခံဆဲလ်၊နာ့ဖ်ဆဲလ်တွေရဲ့ဇီဝဖြစ်ပျက်မှုပေအကျိုးသက်ရောက်တယ်။
နာတာရှည် ထုံကျင်၊ညောင်းညာကိုက်ခဲ၊အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံနည်းပါးသူ၊အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊စစ်၊တွဲကို အချိုးကျပေါင်းစပ်ထားတယ်။
neurobion အပြာကဒ်၊neurorubin,neurovitဆိုတဲ့ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ။
ကွာခြားတာက ဈေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။ မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်။
Betex က neurobionထက် သုံးဆမက ဈေးပိုကြီးတယ်။ ထိုင်းနိုင်ငံFavorexက ထုတ်လုပ်ထားတယ်။
Betexထဲမှာ ပါဝင်တာတွေက-
Vitamin B1(thiamine mononitrate) 100mg
Vitamin B6(pyridoxine) 200mg
Vitamin B12(cyanocobalamine) 200mcg
စတာတွေ ဖြစ်ပါတယ်။
ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်။ သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။
ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။
မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။ နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။
အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။ နာ့ဖ်ကြောမျှင်၊နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ(myelin sheath)တွေကို ပြန်လည်တည်ဆောက်ပေးတယ်။
ပြုပြင်ပေးတယ်။ အရက်၊ဆေးဝါး၊ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ mono and polyneuropathics အာရုံကြောရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်။
အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊dopamineနဲ့ serotoninဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်။ ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်။
အသုံးဝင်ပုံ
-ခြေဖျား၊လက်ဖျား ထုံကျဉ်ကိုက်ခဲခြင်း၊
-ပူစပ်ပူလောင် ဖြစ်ခြင်း၊
-အာရုံကြောရောင်ရမ်းခြင်း၊
-အာရုံကြောအားနည်းခြင်း၊
ဗီတာမင်ဘီ လိုအပ်သူများ
-အရက်အလွန်အကျွံသောက်သုံးသူ၊
-ဆီးချိုရောဂါသည်၊
-အသက်ကြီးရင့်သူ၊
-ဘီတာမင်ဘီ ချို့တဲ့သူ၊
-နာတာရှည် ရောဂါသည်၊
ဆေးညွှန်း
တခါသောက် တလုံး၊တနေ့ ၂-၃ကြိမ် အစာစားပြီး သောက်ပါ။ ရေရှည်စွဲသောက်နိုင်ပါတယ်။ ဝါးစားတာ၊အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်။
ကိုယ်ဝန်ဆောင်တွေ တနေ့ တကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်။ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်။
အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။
ဘေးထွက်ဆိုးကျိုး
-ချွေးထွက်များတာ
-နှလုံးခုန်မြန်တာ
-ရင်တုန်တာ
-အရေပြားယားယံတာ
-အင်ပြင်ထွက်တာ
Vitamin B6ပါတဲ့အားဆေးတွေကို L-dopaဆေးနဲ့ တွဲမသောက်သင့်ဘူး။ L-dopaရဲ့ အာနိသင် ယုတ်လျှော့စေမယ်။ ရေမှာပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်။
မေးသူအတွက် ဖြေကြားချက်
-ခေါင်းမူး၊ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ။
-ဇက်ကျော၊ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်။
-ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်။
-အထူးသဖြင့် အာရုံကြောရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့။
-အကိုက်အခဲပျောက်ဆေးမဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ်မထိခိုက်စေပါ။
-အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။
-စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ။
-ဆရာဝန်ညွှန်ကြားသလို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်..
Credit
zawgyi
အာ႐ုံေၾကာေဆး တမ်ိဳးျဖစ္တဲ့ Betex ေသာက္ေသာက္ေနတတ္တဲ့ ကိုယ့္ဆရာႀကီးေတြ ဖတ္သင့္ပါေၾကာင္း
Betex ဆရာ Betex ေဆးက ေခါင္းမူးေခါင္းကိုက္၊ ဇက္ေက်ာတက္ ေပ်ာက္ကင္းပါေစသလား?ေရရွည္ေသာက္ရင္ေကာ အစာအိမ္ထိခိုက္နိုင္ပါသလား?ဆရာဝန္နဲ႔သြားျပေတာ့ ဒီေဆးကို ဆြဲေသာက္ရမယ္ေျပာပါတယ္။
က်ေနာ္အသက္၃၅ႏွစ္၊အိမ္ေထာင္မရွိပါ အေၾကာင္းျပန္ေပးေစလိုပါတယ္။Betexဆိုတာ ဗီတာမင္ဘီ သုံးမ်ိဳးကို အခ်ိဳးက်ေပါင္းစပ္ထားတဲ့ အာ႐ုံေၾကာေဆး တမ်ိဳးပါ။
အာ႐ုံခံဆဲလ္၊နာ့ဖ္ဆဲလ္ေတြရဲ့ဇီဝျဖစ္ပ်က္မွုေပအက်ိဳးသက္ေရာက္တယ္။
နာတာရွည္ ထုံက်င္၊ေညာင္းညာကိုက္ခဲ၊အေၾကာတင္းေနသူ၊ ထိေတြ႕မွုအာ႐ုံနည္းပါးသူ၊အသက္အရြယ္ႀကီးသူေတြမွာ လိုအပ္တဲ့ ဗီတာမင္ ဘီဝမ္း၊စစ္၊တြဲကို အခ်ိဳးက်ေပါင္းစပ္ထားတယ္။
neurobion အျပာကဒ္၊neurorubin,neurovitဆိုတဲ့ကဒ္ေတြနဲ႔ ပါဝင္တာ အတူတူပါပဲ။
ကြာျခားတာက ေစ်းႏွုန္းနဲ႔ ကဒ္ေပ်ာ့ျဖစ္ေနတာေလာက္ပါပဲ။ ျမန္မာနိုင္ငံက ဆရာဝန္အမ်ားစုက အသက္ႀကီးသူအတြက္ အာ႐ုံေၾကာအားေဆးထည့္တဲ့အခါ neurobion အျပာကဒ္(သို့) Betex ကို အသုံးျပဳၾကတယ္။
Betex က neurobionထက္ သုံးဆမက ေစ်းပိုႀကီးတယ္။ ထိုင္းနိုင္ငံFavorexက ထုတ္လုပ္ထားတယ္။
Betexထဲမွာ ပါဝင္တာေတြက-
Vitamin B1(thiamine mononitrate) 100mg
Vitamin B6(pyridoxine) 200mg
Vitamin B12(cyanocobalamine) 200mcg
စတာေတြ ျဖစ္ပါတယ္။
ဗီတာမင္ဘီရဲ့ အာနိသင္ေတြက မ်ားတယ္။ သက္ရွိဆဲလ္တိုင္းရဲ့ စြမ္းအင္အတြက္ ဗီတာမင္ဘီ လိုအပ္ပါတယ္။
ဆဲလ္ေတြရဲ့ ဇီဝျဖစ္ပ်က္မွုအတြက္ အေရးပါတယ္။စားလိုက္တဲ့ ကာဗိုဟိုက္ဒရိတ္က စြမ္းအင္ထုတ္ရာမွာ အဓိကအခန္းက႑က ပါဝင္ကူညီေပးေနတယ္။
မ်ိဳးဗီဇဖြဲ႕စည္းတည္ေဆာက္ျခင္းျဖစ္စဥ္မွာလည္း အေရးႀကီးျပန္တယ္။ နာဖ့္ဆဲလ္ေတြမွာရွိတဲ့ acetylcholine ဖြဲ႕စည္းရာမွာလည္း ပါဝင္တယ္။
အာ႐ုံေၾကာနဲ႔ ႂကြက္သားလုပ္ေဆာင္ခ်က္ေကာင္းမြန္ေစဖို့ ကူညီေပးတယ္။ နာ့ဖ္ေၾကာမၽွင္၊နာ့ဖ္ကို အုပ္ထားတဲ့ မိုင္ရာလင္ အလႊာ(myelin sheath)ေတြကို ျပန္လည္တည္ေဆာက္ေပးတယ္။
ျပဳျပင္ေပးတယ္။ အရက္၊ေဆးဝါး၊ဆီးခ်ိဳသမားေတြမွာ ျဖစ္ေလ့ရွိတဲ့ mono and polyneuropathics အာ႐ုံေၾကာေရာင္ရမ္းပ်က္ဆီးျခင္းအတြက္ ေကာင္းမြန္ေစတယ္။
အာ႐ုံေၾကာ အဖြဲ႕အစည္းမွာ အေရးပါတဲ့ GABA၊dopamineနဲ႔ serotoninဓာတ္ေတြဖြဲ႕စည္းဖို့ လည္း ကူညီလုပ္ေဆာင္ေပးတယ္။ ဦးေႏွာက္နဲ႔အာ႐ုံေၾကာေရာဂါေတြမွာ အဓိက အေထာက္အကူေပးတယ္။
အသုံးဝင္ပုံ
-ေျခဖ်ား၊လက္ဖ်ား ထုံက်ဥ္ကိုက္ခဲျခင္း၊
-ပူစပ္ပူေလာင္ ျဖစ္ျခင္း၊
-အာ႐ုံေၾကာေရာင္ရမ္းျခင္း၊
-အာ႐ုံေၾကာအားနည္းျခင္း၊
ဗီတာမင္ဘီ လိုအပ္သူမ်ား
-အရက္အလြန္အကၽြံေသာက္သုံးသူ၊
-ဆီးခ်ိဳေရာဂါသည္၊
-အသက္ႀကီးရင့္သူ၊
-ဘီတာမင္ဘီ ခ်ိဳ့တဲ့သူ၊
-နာတာရွည္ ေရာဂါသည္၊
ေဆးညႊန္း
တခါေသာက္ တလုံး၊တေန႔ ၂-၃ႀကိမ္ အစာစားၿပီး ေသာက္ပါ။ ေရရွည္စြဲေသာက္နိုင္ပါတယ္။ ဝါးစားတာ၊အမွုန္႔ႀကိတ္တိုက္တာေတြက ေဆးအာနိသင္ကို ေလၽွာ့ပါးေစမယ္။
ကိုယ္ဝန္ေဆာင္ေတြ တေန႔ တႀကိမ္(သို့) ႏွစ္ႀကိမ္ေသာက္သုံးနိုင္တယ္။ပါဝင္တဲ့ ပမာဏဟာ လိုတာထက္ပိုမ်ားလို့ ကေလးေတြမွာ သတိထားတိုက္ေကၽြးရမယ္။
အာ႐ုံေၾကာေဆးေတြကို ဆရာဝန္ညႊန္ၾကားခ်က္နဲ႔ ေသာက္သုံးသင့္တယ္။
ေဘးထြက္ဆိုးက်ိဳး
-ေခၽြးထြက္မ်ားတာ
-ႏွလုံးခုန္ျမန္တာ
-ရင္တုန္တာ
-အေရျပားယားယံတာ
-အင္ျပင္ထြက္တာ
Vitamin B6ပါတဲ့အားေဆးေတြကို L-dopaေဆးနဲ႔ တြဲမေသာက္သင့္ဘူး။ L-dopaရဲ့ အာနိသင္ ယုတ္ေလၽွာ့ေစမယ္။ ေရမွာေပ်ာ္ဝင္တာေၾကာင့္ ေတာ္႐ုံမ်ားတာေလာက္ကို ခႏၶာကိုယ္က စြန္႔ထုတ္နိုင္တယ္။
ေမးသူအတြက္ ေျဖၾကားခ်က္
-ေခါင္းမူး၊ေခါင္းကိုက္ကို သက္သာေစတာေတာ့ မဟုတ္ပါ။
-ဇက္ေက်ာ၊ဂုတ္ေက်ာတက္သူမ်ားကို ေပးေလ့ရွိတယ္။
-ထုံက်ဥ္တဲ့ေဝဒနာေတြကို အဓိကသက္သာေစတယ္။
-အထူးသျဖင့္ အာ႐ုံေၾကာေရာင္ရမ္းတယ္လို့ ယူဆတဲ့အခါမ်ိဳးမွာေပါ့။
-အကိုက္အခဲေပ်ာက္ေဆးမဟုတ္လို့ ေရရွည္စြဲေသာက္႐ုံနဲ႔ အစာအိမ္မထိခိုက္ေစပါ။
-အသက္အရြယ္မေရြး ေသာက္သုံးနိုင္တယ္။
-စြဲေသာက္တဲ့အတြက္လည္း ျပႆနာမရွိပါ။
-ဆရာဝန္ညႊန္ၾကားသလို စိတ္ခ်လက္ခ် ေသာက္သုံးနိုင္ပါတယ္..
Credit