မိုးေလ၀သ

ချောင်းသာနဲ့ ငွေဆောင်ကို လာမယ့်အပတ်မှာ မုန်တိုင်း ဝင်မည်

ချောင်းသာနဲ့ ငွေဆောင်ကို လာမယ့်အပတ်မှာ မုန်တိုင်း ဝင်မည်

မြန်မာပြည်ရဲ့ နွေရာသီ ပျောက်စေမယ့် မုန်တိုင်းမိုးတွေအကြောင်း ပြောလိုက်တဲ့ ဆရာမလေး စုစုစံ မုန်တိုင်းသတိ – ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမယ့် Asani မုန်တိုင်းသည် ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်သဖြင့် အထူးစောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်။

နွေရာသီပျောက် မိုးတွေရွာပြီး အပူငြိမ်းစေမယ် – ၂၀၂၂မတ် ၂၁ရက်နေ့မှ ၂၅ရက်နေ့အတွင်း ဘင်္ဂလာပင်လယ်အော်ရခိုင်ကမ်းရိုးတန်းအနီးဖြစ်ပေါ်လာမယ့် Asani cyclone ရခိုင်ပြည်နယ်ကိုဝင်ရောက်နိုင်ပြီး အဆိုပါမုန်တိုင်းမှ မြန်မာနိုင်ငံအနှံအပြားမိုးရွာနိုင်ပြီးအပူငြိမ်းစေနိုင်ပါတယ် ၂၀၂၂ မတ်လ ၂၂ရက်နေ့တွင် မုတ္တမပင်လယ်ကွေ့ဒေသတွေမှာမိုးကြီးနိုင်ပါတယ်

ဆားလုပ်ငန်း အုတ်လုပ်ငန်း ရေထိပျက်စီးနေကြသူများအားလုံး ကြိုတင်သိရှိပြီး ပျက်စီးမှုမရှိအောင်ပြင်ဆင်နိုင်ကြပါစေ (ခန့်မှန်းချိန် ၁၇-၃-၂၀၂၂ မနက် ၄ နာရီ ၁၀ မိနစ်) ၂၀၂၂ မတ်လ ၂၁ရက်နေ့ ၂၂ရက်နေ့တွေမှာ မုန်တိုင်းငယ်သည် မော်တင် ဂေါ်ရင်ဂျီကျွန်း ငရုတ်ကောင်းပင်လယ်ကွေ့ ချောင်းသာ ငွေဆောင်ကိုရောက်ရှိလာမှာဖြစ်သဖြင့် ပင်လယ်အတွင်းငါးဖမ်းထွက်ခြင်း လှေသင်္ဘောများသွားလာခြင်းမလုပ်ကြပါနဲ့ အလွန်အန္တရာယ်ကြီးပါတယ်။ (ခန့်မှန်းချိန် ၁၇-၃-၂၀၂၂ မနက် ၄ နာရီ ၃၆ မိနစ်)

Su Su San (Climatologist, Advanced Weather Forecaster and Meteorological Intelligence Officer)




