ၾကားသိရသမွ်

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် ပေါ်လစီ မတည်ငြိမ်မှုကြောင့် အသီး အနှံများဖျက်ဆီးခံရပြီး မြန်မာတောင်သူနှင့်ကုန်သည်များ ထိခိုက်နစ်နာ၊ ကိုဗစ်ကြောင့် နယ်စပ်ဂိတ်များ တရုတ်ပြန်ပိတ်

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် ပေါ်လစီ မတည်ငြိမ်မှုကြောင့် အသီး အနှံများဖျက်ဆီးခံရပြီး မြန်မာတောင်သူနှင့်ကုန်သည်များ ထိခိုက်နစ်နာ၊ ကိုဗစ်ကြောင့် နယ်စပ်ဂိတ်များ တရုတ်ပြန်ပိတ်

ရန်ကုန်၊ မတ် ၁၇
တရုတ်-မြန်မာနယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် မြန်မာဘက်မှ တင်ပို့သောသစ်သီးဝလံနှင့် အခြားကုန်စည်ဈေးကွက် ပုံမှန်ပြန်မဖြစ်ဘဲ တရုတ်အာဏာပိုင်များ အမျိုးမျိုးသော ဥပဒေများကြောင့် ကုန်များ ပုတ်သိုးပျက်စီးသွားသဖြင့် မြန်မာတောင်သူနှင့်ကုန်သည်များ နစ်နာလျက်ရှိကြောင်း သိရှိရသည်။

တရုတ်က ကိုဗစ်ရောဂါနှင့်ဆက်စပ်၍ နယ်စပ်ဝင်ခွင့်နှင့်ကုန်ကားကြီးများဝင်ထွက်ခွင့်ကို မူဝါဒအမျိုးမျိုးပြောင်းလဲကြောင်း၊ တရုတ်ပြည်သို့ အဝင်ကုန်ကားများကို ကျင်စန်းကြော့ဂိတ်တစ်ခုမှသာ တရုတ်ကားများပေါ်သို့ ကုန်စည်များ ပြောင်းတင်းပြီး ဝင်ခွင့်ပြုကြောင်း ၊ မြန်မာကုန်တင်ကားများကိုဝင်ထွက်ခွင့်မပြုသဖြင့်မြန်မာကုန်သည်များနှင့်တောင်သူများများစွာနစ်နာလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် တရုတ်အာဏာပိုင်များက ကိုဗစ်ရောဂါကူးစက်မှုများပြားလာသည်ဟုဆိုကာ နယ်စပ်ဂိတ်များကို ပြန်လည် ပိတ်လိုက်ကြောင်း၊ ယင်းကြောင့် တရုတ်ဘက်သို့ တင်ပို့ရန် ရောက်ရှိလာသော မြန်မာ့သစ်သီး၀လံများ ပုတ်သိုးဖျက်ဆီးလိုက်ရကြောင်း ကုန်သည်များက ဆိုကြသည်။

“တရုတ်က နယ်စပ်ဂိတ်တွေပြန်ပိတ်လိုက်တယ်။ အဓိက က မြန်မာပြည်ကနေ တရုတ်ပြည်ဝင်ရင် ကားခတွေ ဈေးကြီးပါတယ်။အဆင့်ဆင့် အခက်ခဲတွေများတော့ ဖရဲသခွားတွေ ပုတ်ကုန်ပါတယ်။ တရုတ် အကောက် ခွန်ရဲ့ စစ်ဆေးမှုတွေတင်းကျပ်တာကြောင့် အသီးကားတွေ အဝင်အထွက်ခက်ခဲနေပါတယ်။ မြန်မာသစ်သီးတောင်သူတွေနဲ့ ကုန်သည်တွေ ဆုံးရှုံးမှုတွေအရမ်းများတယ်” ဟု မြန်မာနယ်စပ်ကုန်သည်တစ်ဦးက ပြောဆိုသည်။

တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္မႈတြင္ ေပၚလစီ မတည္ၿငိမ္မႈေၾကာင့္ အသီး အႏွံမ်ားဖ်က္ဆီးခံရၿပီး ျမန္မာေတာင္သူႏွင့္ကုန္သည္မ်ား ထိခိုက္နစ္နာ၊ ကိုဗစ္ေၾကာင့္ နယ္စပ္ဂိတ္မ်ား တ႐ုတ္ျပန္ပိတ္

ရန္ကုန္၊ မတ္ ၁၇
တ႐ုတ္-ျမန္မာနယ္စပ္၊ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္တြင္ ျမန္မာဘက္မွ တင္ပို႔ေသာသစ္သီးဝလံႏွင့္ အျခားကုန္စည္ေဈးကြက္ ပုံမွန္ျပန္မျဖစ္ဘဲ တ႐ုတ္အာဏာပိုင္မ်ား အမ်ိဳးမ်ိဳးေသာ ဥပေဒမ်ားေၾကာင့္ ကုန္မ်ား ပုတ္သိုးပ်က္စီးသြားသျဖင့္ ျမန္မာေတာင္သူႏွင့္ကုန္သည္မ်ား နစ္နာလ်က္ရွိေၾကာင္း သိရွိရသည္။

တ႐ုတ္က ကိုဗစ္ေရာဂါႏွင့္ဆက္စပ္၍ နယ္စပ္ဝင္ခြင့္ႏွင့္ကုန္ကားႀကီးမ်ားဝင္ထြက္ခြင့္ကို မူဝါဒအမ်ိဳးမ်ိဳးေျပာင္းလဲေၾကာင္း၊ တ႐ုတ္ျပည္သို႔ အဝင္ကုန္ကားမ်ားကို က်င္စန္းေၾကာ့ဂိတ္တစ္ခုမွသာ တ႐ုတ္ကားမ်ားေပၚသို႔ ကုန္စည္မ်ား ေျပာင္းတင္းၿပီး ဝင္ခြင့္ျပဳေၾကာင္း ၊ ျမန္မာကုန္တင္ကားမ်ားကိုဝင္ထြက္ခြင့္မျပဳသျဖင့္ျမန္မာကုန္သည္မ်ားႏွင့္ေတာင္သူမ်ားမ်ားစြာနစ္နာလ်က္ရွိေၾကာင္း သိရွိရသည္။

လက္ရွိတြင္ တ႐ုတ္အာဏာပိုင္မ်ားက ကိုဗစ္ေရာဂါကူးစက္မႈမ်ားျပားလာသည္ဟုဆိုကာ နယ္စပ္ဂိတ္မ်ားကို ျပန္လည္ ပိတ္လိုက္ေၾကာင္း၊ ယင္းေၾကာင့္ တ႐ုတ္ဘက္သို႔ တင္ပို႔ရန္ ေရာက္ရွိလာေသာ ျမန္မာ့သစ္သီး၀လံမ်ား ပုတ္သိုးဖ်က္ဆီးလိုက္ရေၾကာင္း ကုန္သည္မ်ားက ဆိုၾကသည္။

“တ႐ုတ္က နယ္စပ္ဂိတ္ေတြျပန္ပိတ္လိုက္တယ္။ အဓိက က ျမန္မာျပည္ကေန တ႐ုတ္ျပည္ဝင္ရင္ ကားခေတြ ေဈးႀကီးပါတယ္။အဆင့္ဆင့္ အခက္ခဲေတြမ်ားေတာ့ ဖရဲသခြားေတြ ပုတ္ကုန္ပါတယ္။ တ႐ုတ္ အေကာက္ ခြန္ရဲ့ စစ္ေဆးမႈေတြတင္းက်ပ္တာေၾကာင့္ အသီးကားေတြ အဝင္အထြက္ခက္ခဲေနပါတယ္။ ျမန္မာသစ္သီးေတာင္သူေတြနဲ႔ ကုန္သည္ေတြ ဆုံးရႈံးမႈေတြအရမ္းမ်ားတယ္” ဟု ျမန္မာနယ္စပ္ကုန္သည္တစ္ဦးက ေျပာဆိုသည္။