မိုးေလ၀သ

ျမန္မာနိုင္ငံကို တစ္နာရီ မိုင္ ၈၀မွ ၉၀ထိ တိုက္ခိုက္မယ့္ မုန္တိုင္းရဲ့ ေနာက္ဆက္တြဲသတင္း

ျမန္မာနိုင္ငံကို တစ္နာရီ မိုင္ ၈၀မွ ၉၀ထိ တိုက္ခိုက္မယ့္ မုန္တိုင္းရဲ့ ေနာက္ဆက္တြဲသတင္း

ရခိုင္ကမ္းရိုးတန္း အေနာက္ဖက္ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေပၚနိုင္တဲ့ #Asani Cyclone အာစနီဆိုင္ကလုံးမုန္တိုင္းသည္

၂၀၂၂ မတ္လ ၂၃ရက္ေန႔ည ၂၄ရက္ေန႔မနက္တြင္ ျမန္မာနိုင္ငံရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္ ဘူးသီးေတာင္ ေမာင္းေတာ ေဒသေတြကေန ကုန္းတြင္းျဖတ္ေက်ာ္ဝင္ေရာက္နိုင္ပါတယ္ တစ္နာရီ မိုင္၈၀မွ ၉၀မိုင္အထိတိုက္ခတ္နိုင္ပါတယ္

အဆိုပါေဒသရွိ လူအမ်ား မုန္တိုင္းအႏၲရာယ္ရွိသျဖင့္ ေဘးအႏၲရာယ္ကင္းေအာင္စီမံေဆာင္ရြက္နိုင္ၾကေစရန္ က်ိဳးစားအားထုတ္၍ ခန္႔မွန္းေပးလိုက္ပါတယ္

အမ်ားသိရွိျပင္ဆင္နိုင္ၾကေစရန္ share ေပးၾကပါေနာ္

ခန္႔မွန္းခ်ိန္ 17/03/2022 at 1:55pm(MMT)

ျပည္သူ႔အခ်စ္ေတာ္ေလး

Su Su San

ယေန႔နံနက္(၀၉:၃၀)နာရီအခ်ိန္ထိမိုးေလဝသတိုင္းထြာခ်က္အက်ဥ္းခ်ဳပ္။လြန္ခဲ့ေသာ(၂၄)နာရီအတြင္းကတနသၤာရီတိုင္းေဒသႀကီးတြင္ ေနရာကြက္က်ားမိုးအနည္းငယ္ ရြာခဲ့ၿပီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းခဲ့ကာ၊ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္အမ်ားအားျဖင့္ သာယာခဲ့ပါသည္။

ေန႔အပူခ်ိန္မ်ားမွာကခ်င္ျပည္နယ္တြင္ မတ္လ၏ ပ်မ္းမၽွအပူခ်ိန္ထက္ (၅)ဒီဂရီစင္တီဂရိတ္၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္း)ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ မတ္လ၏ ပ်မ္းမၽွအပူခ်ိန္တို႔ထက္ (၃)ဒီဂရီစင္တီဂရိတ္မွ (၄)ဒီဂရီစင္တီဂရိတ္အထိ၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး၊

ဧရာဝတီတိုင္းေဒသႀကီး၊ ကယားျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မတ္လ၏ ပ်မ္းမၽွအပူခ်ိန္တို႔ထက္(၂)ဒီဂရီစင္တီဂရိတ္ပိုခဲ့ၿပီး၊က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္မတ္လ၏ ပ်မ္းမၽွအပူခ်ိန္ခန႔္သာ ရွိခဲ့ပါသည္။ ထူးျခားသည့္ ေန႔အပူခ်ိန္မ်ားမွာ မေကြးၿမိဳ႕တြင္ (၄၃)ဒီဂရီစင္တီဂရိတ္၊ ေက်ာက္ဆည္ (လြန္ေက်ာ္)၊ ေခ်ာက္ၿမိဳ႕ႏွင့္ေတာင္တြင္းႀကီးၿမိဳ႕တို႔တြင္ (၄၂)ဒီဂရီစင္တီဂရိတ္စီႏွင့္ မိတၳီလာၿမိဳ႕၊ လွိုင္းတက္၊ တံတားဦး(ေလေၾကာင္းမိုးေလဝသ)၊ မင္းဘူးၿမိဳ႕၊ ေအာင္လံၿမိဳ႕ႏွင့္ ျပည္ၿမိဳ႕တို႔တြင္ (၄၁)ဒီဂရီစင္တီဂရိတ္စီတို႔ ျဖစ္ၾကပါသည္။

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၂:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ အီေကြတာအနီးအိႏၵိယသမုဒၵရာအေရွ႕ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိေနပါသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအားေကာင္းလာၿပီး၊ ကနဦးတြင္ အေရွ႕-အေရွ႕ေျမာက္ဘက္သို႔ေရြ႕လ်ားကာဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းသို႔ေရာက္ရွိၿပီး၊

ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေရြ႕လ်ားကာ ကပၸလီပင္လယ္ျပင္၊ နီကိုးဘားကၽြန္းႏွင့္ ကိုကိုးကၽြန္းတို႔အနီးတြင္(၂၀.၃.၂၀၂၂)ရက္ေန႔၌မုန္တိုင္းငယ္ (Depression) အျဖစ္သို႔လည္းေကာင္း၊ (၂၁.၃.၂၀၂၂)ရက္ေန႔၌ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm) အျဖစ္သို႔လည္းေကာင္း အားေကာင္းလာနိုင္ၿပီး၊

ေျမာက္ဘက္သို႔ ဆက္လက္ေရြ႕လ်ားကာ (၂၂.၃.၂၀၂၂)ရက္ေန႔တြင္ ဘဂၤလားေဒ့ရွ္နိုင္ငံ(Bangladesh)ႏွင့္ ျမန္မာနိုင္ငံ၊ ရခိုင္ကမ္းရိုးတန္းအနီးသို႔ ေရာက္ရွိနိုင္သည္ဟုခန႔္မွန္းရပါသည္။

ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတြင္ တိမ္ထူထပ္ေနၿပီး၊ ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းႏွင့္ အေနာက္အလယ္ပိုင္းတို႔တြင္ အမ်ားအားျဖင့္ သာယာေနကာ၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္ တိမ္အနည္းငယ္မွ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနပါသည္။

မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ တနသၤာရီတိုင္းေဒသႀကီးတြင္ ေနရာက်ဲက်ဲႏွင့္ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊

ကခ်င္ျပည္နယ္၊ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္အေရွ႕ပိုင္း)၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

ျမန္မာ့ပင္လယ္ျပင္။လွိုင္းအသင့္အတင့္ရွိမည္။ လွိုင္းအျမင့္မွာ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၆)ေပမွ (၈)ေပခန္႔ ရွိနိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။ပဲခူးတိုင္းေဒသႀကီး၊ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္၊

ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္းရြာနိုင္ပါသည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန

Unicode

မြန်မာနိုင်ငံကို တစ်နာရီ မိုင် ၈၀မှ ၉၀ထိ တိုက်ခိုက်မယ့် မုန်တိုင်းရဲ့ နောက်ဆက်တွဲသတင်း

ရခိုင်ကမ်းရိုးတန်း အနောက်ဖက်ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်တဲ့ #Asani Cyclone အာစနီဆိုင်ကလုံးမုန်တိုင်းသည်

၂၀၂၂ မတ်လ ၂၃ရက်နေ့ည ၂၄ရက်နေ့မနက်တွင် မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင် ဘူးသီးတောင် မောင်းတော ဒေသတွေကနေ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ် တစ်နာရီ မိုင်၈၀မှ ၉၀မိုင်အထိတိုက်ခတ်နိုင်ပါတယ်

အဆိုပါဒေသရှိ လူအများ မုန်တိုင်းအန္တရာယ်ရှိသဖြင့် ဘေးအန္တရာယ်ကင်းအောင်စီမံဆောင်ရွက်နိုင်ကြစေရန် ကျိုးစားအားထုတ်၍ ခန့်မှန်းပေးလိုက်ပါတယ်

အများသိရှိပြင်ဆင်နိုင်ကြစေရန် share ပေးကြပါနော်

ခန့်မှန်းချိန် 17/03/2022 at 1:55pm(MMT)

ပြည်သူ့အချစ်တော်လေး

Su Su San

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းကတနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးအနည်းငယ် ရွာခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာခဲ့ပါသည်။

နေ့အပူချိန်များမှာကချင်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက်(၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ မကွေးမြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည် (လွန်ကျော်)၊ ချောက်မြို့နှင့်တောင်တွင်းကြီးမြို့တို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်စီနှင့် မိတ္ထီလာမြို့၊ လှိုင်းတက်၊ တံတားဦး(လေကြောင်းမိုးလေဝသ)၊ မင်းဘူးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အီကွေတာအနီးအိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး၊ ကနဦးတွင် အရှေ့-အရှေ့မြောက်ဘက်သို့ရွေ့လျားကာဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ရောက်ရှိပြီး၊

မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင်၊ နီကိုးဘားကျွန်းနှင့် ကိုကိုးကျွန်းတို့အနီးတွင်(၂၀.၃.၂၀၂၂)ရက်နေ့၌မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ (၂၁.၃.၂၀၂၂)ရက်နေ့၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်ပြီး၊

မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ (၂၂.၃.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(Bangladesh)နှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊

ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန