ဗဟုသုတ

“သတိမမူမိရင် စွန့်သူရော ယူသူပါ ခိုးမှုမြောက်နိုင်တဲ့ ဘုန်းကြီးကျောင်းမှ ဆွမ်းဟင်း ပြန်စွန့်ယူခြင်း အကြောင်း”

ဆွမ်းကျန်များကို ဒကာဒကာမတွေ ယူသွားလို့ ရသလား

သင်တန်းသားတစ်ဦး မေး။ ။ ဘုန်းကြီးကျောင်းက ဆွမ်းကျန်၊ ပန်း၊ သစ်သီးတို့ကို ဒကာ ဒကာမတွေ ယူလို့ရပါသလား ဘုရား။

ဆရာတော် အဖြေ။ ။ သံဃိက ဆိုရင်တော့ ယူလို့မရဘူး၊ ဘုန်းကြီးတစ်ပါးတည်းလည်း မပိုင်ဘူးလေ။ ဘုန်းကြီး ပုဂ္ဂလိကပိုင် ဖြစ်ရင်တောင်မှ ဒီအတိုင်း ယူလို့မရဘူး။ ဝေယျာဝစ္စ လုပ်ပြီးတော့ သုံးခွင့် ရှိတာပေါ့၊ ဒါ တစ်ပိုင်းပေါ့နော်။

ကျောင်းပိုင် သံဃာအများပိုင်ဆိုရင်တော့ ဆရာတော်လည်း ပေးပိုင်ခွင့် မရှိဘူး။ ဦးဇင်းတို့ကျောင်းတိုက်ဆိုရင် သံဃာ ၃၀၀ ကျော်ရှိတယ်ပေါ့၊ ၃၀၀ ရှိတယ်၊ အဲဒါကို ဦးဇင်းက ဦးဇင်းနဲ့ ရင်းနှီးတဲ့ ဒကာမတစ်ဦးကို ဒကာမကြီး ဒါယူသွားလို့ ပေးလို့မရဘူး။ ဦးဇင်းပိုင်တာမဟုတ်ဘူး ဒီဥစ္စာက သံဃာပိုင်ပစ္စည်း။ သံဃာပိုင်ကို ဦးဇင်း ပေးလိုက်ရင် ဒါဦးဇင်း ခိုးတာပဲ။

ဦးဇင်းတို့ လူ့လောကမှာလည်း ပြည်သူပိုင် ပစ္စည်းကို တစ်ဦးတစ်ယောက်က ပေးတာဟာ ခိုးတာပဲ၊ အခိုးမြောက်တယ် အဲဒါ။ အများပိုင် ပစ္စည်းကို တစ်ဦးတစ်ယောက်ပိုင် လုပ်ခွင့်မရှိဘူး။ သံဃာပိုင်ပစ္စည်းကို ငါက ကျောင်းထိုင်ဆရာတော်ပဲ ဆိုပြီး လုပ်လို့မရဘူး။ အာဏာကို အလွဲသုံးစား လုပ်ခွင့်မရှိဘူးနော်။

အားလုံး သံဃာကို ပန်ကြားရမယ်။ အရှင်ဘုရားတို့ ဒီဒကာမကြီး ဒီဒကာကြီး ကျောင်းတိုက်မှာ ဘယ်လို ဝေယျာဝစ္စလုပ်ပါတယ်၊ ဘယ်လို ကျေးဇူးများပါတယ်၊ ဒီဒကာမကြီးကို ဒါလေးတော့ စွန့်ချင်ပါတယ်၊ သဘောတူပါက တိတ်ဆိတ် နေပေးတော်မူပါ အဲလို လျှောက်ရတယ်။

သံဃာတော်တွေက သုံးကြိမ်တိတိပြောလို့ သဘောတူတယ်ဆိုရင် (သို့မဟုတ်) သံဃာက အလိုမရှိတဲ့ အပင်တွေဖြစ်တယ် ဆိုရင် ယူလို့ရပါတယ်။ သံဃာတွေက တကူးတက စိုက်ပျိုးထားတဲ့ အပင်မျိုးဖြစ်ခဲ့ရင် သံဃာကို လျှောက်ဖို့ လိုကိုလိုတယ်။

အရှငျ အဘယလကျာရ(မဟာဝိဟာရကြောငျးတိုကျ-လှညျးကူး)

Via.Myo Zin