ယခုတလောမြန်မာပြည်မြိုအနှံ့တွင်ညသန်းခေါင်ချိန်၌ ပုံမှန်မဟုတ်သော ခွေးအူခြင်းများ နေစဉ်ကြားရ လျက်ရှိသည်။ပုံမှန်ဟောင်သောအသံမဟုတ်ပဲစူးရှဆို့နစ်သောအသံများ၊ဆိုးဝါးသောအသံများတို့ဖြင့်
နားမကြားသာအောင်အူလျက်ရှိသည်။ထိုအရာသည်မကောင်းသောနိမိတ်ကိုပြနေခြင်းဖြစ်လေသည်။မြို့ရွာတို့၌ ဘေးဆိုးန္တရာယ်ဆိုးကပ်ဆိုးမကောင်းမှုတို့ကြီးစွာကျရောက်နိူင်ပြီးအသေအပျောက်များနိူင်ခြင်း၊မြို့ရွာတို့၌ကုသိုလ်တရား
နည်းပါးလာ၍ဖုတ်၊ပြိတ္တာ၊ဘီလူး၊တစ်ဆေ၊နာနာဘာဝတို့ကဝင်ရောက်လာကြခြင်းတို့ကြောင့်ဖြစ်လေသည်။ထိုသို့ဝင်ရောက်လာကြသောအခါမကောင်းသောအရာများကို မြင်နိူင်စွမ်း
အရှိဆုံးမှာ ခွေးများပင်ဖြစ်လေသည်။နောက်တခုကား မြို့ရွာများကို စောင့်ရှောက်သောသမ္မာဒေဝနတ်ကောင်း နတ်မြတ်များမှလည်းဘေးဆိုးတို့ကိုမကြုံရအောင် ခွေးတို့မတဆင့်သတိပေးစေသော
အရာတို့လည်းရှိလေသည်။ထို့သို့ပုံမှန်မဟုတ်သောခွေးအူပါကခွေးအူနေသောအချိန်တွင်လုပ်ဆောင်ရမည့်အရာမှာသမ္ဗုဒ္ဓေဂါထာအားကျယ်လောင်စွာရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းတို့ကိုပြုလုပ်ရပေမည်။
သမ္ဗုဒ္ဓေဂါထာရွတ်ဆိုသည့်အသံ၏အစွမ်းသည်ဖုတ်၊ပြိတ္တာ၊ဘီလူး၊တစ်ဆေ၊နာနာဘာဝတို့ကမခံနိူင်ပဲပူလောင်လာပြီး မြိုရွာတို့နှင့် ဝေးရာသို့သာထွက်ပြေးကြရလေသည်။မိမိထံသော်လည်းကောင်း၊အိမ်ဝိုင်းနှင့်
လမ်းတို့တွင် သော်လည်းကောင်းခိုကပ်မီတွယ်နေသောမကောင်းဆိုးဝါးများကို ချုပ်နှောင်ထားသကဲ့သို့ပူလောင်စေပြီး မနေနိူင်သည်အဆုံးအဝေးသို့သာပြေးကြရလေသည်။
ထို့အတူသမ္ဗုဒ္ဓေဂါထာ၏အစွမ်းကြောင့်မသန့်သောနေရာများလည်းသန့်စေလေသည်။ဤကဲ့သို့မကောင်းဆိုးဝါးများနှင့်မသန့်သောနေရာများမရှိတော့ပဲကင်းစင်သွားသောအခါ မြို့ရွာတို့သည်လည်း ဘေးဆိုး
အန္တရာယ်ဆိုးကပ်ဆိုးများမှကင်းဝေးသွားစေလေသည်။ထိုမှမဟုတ်ပဲဘုရားတရားမေ့လျောနေကြသောအခါတွင် မြို့ရွာတို့တွင်ဝင်ရောက်လာကြသောမကောင်းဆိုးဝါးများကမြို့ရွာအတွင်းရှလူတို့ထက်
အားကောင်းလာကြသောအခါလူတို့အား နှိပ်စက်ကြလေတော့သည်။နှိပ်စက်သောအခါတွင် ဖြစ်နေသောရောဂါများပိုမိုပြင်းထန်လာခြင်း၊လူများစွာဖျားနာလာကြခြင်း၊အသေအပျောက်များလာခြင်း၊
ထိတ်လန့်တုန်လှုပ်သေဆုံးကြခြင်းတို့ဆက်တိုက်ဖြစ်ပေါ်လာလေသည်။ထိုကြောင့် မြန်မာပြည်သူပြည်သားအပေါင်းတို့အား ပရိတ်ပဌာန်းများရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းနှင့်ဘုရားတရားများလုပ်ကာသတိတရားဖြင့်နေထိုင်ကြစေလိုသည်။
ကပ်ရောဂါဖြစ်ပွားလျင်ရတနာ့သုတ်တော်အားအဓိကထား၍ အမြဲမပြတ်ရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းတို့ကိုပြုလုပ်၍၊မကောင်းသောခွေးအူသံတို့ကိ ကြားရသောအခါသမ္ဗုဒ္ဓေဂါထာတော်အားအဓိကထား၍ရွတ်ဆိုခြင်း၊
ဖွင့်ထားခြင်းတို့ကို ပြုလုပ်အပ်ပေသည်။မြန်မာပြည်ကြီးအမြန်ဆုံးဘေးကင်းပါစေ
Crd
Zawgyi
လမ်းတို့တွင် သော်လည်းကောင်းခိုကပ်မီတွယ်နေသောမကောင်းဆိုးဝါးများကို ချုပ်နှောင်ထားသကဲ့သို့ပူလောင်စေပြီး မနေနိုင်သည်အဆုံးအဝေးသို့သာပြေးကြရလေသည်။
Crd