ဗဟုသုတ

ေဖာက္ျပန္တတ္တဲ့ သူေတြမွာ ေတြ႕ရတတ္တဲ့ အက်င့္စ႐ိုက္ (၅)မ်ိဳး

ေဖာက္ျပန္တတ္တဲ့ သူေတြမွာ ေတြ႕ရတတ္တဲ့ အက်င့္စ႐ိုက္ (၅)မ်ိဳး

လူတစ္ေယာက္ဟာ သစၥာရွိမယ့္သူလား၊ သစၥာမရွိလိမ္ညာတတ္တဲ့သူလားဆိုတာ သူ႔ရဲ႕ အျပဳ အမူ၊ အေျပာအဆိုေတြကို ၾကည့္႐ုံနဲ႔ ခန႔္မွန္းလို႔ရပါတယ္။သစၥာမရွိတဲ့သူအမ်ားစုမွာ အခုလို လကၡဏာေတြကို သိသိသာသာေတြ႕ျမင္ႏိုင္ပါတယ္။

(၁) ကိုယ့္ဖို႔ပဲၾကည့္တတ္တဲ့အတၱသမားျဖစ္ေနျခင္း သစၥာမရွိတဲ့သူအမ်ားစုဟာ ကိုယ္တစ္ေယာက္အတြက္ပဲၾကည့္တတ္ၿပီး သူမ်ားဘက္ကိုလုံးဝထည့္မစဥ္းစားတတ္တဲ့ အတၱႀကီးသူေတြျဖစ္ပါတယ္။ကိုယ့္ဖို႔ပဲၾကည့္လြန္းၿပီး သူမ်ားဘက္ကိုမၾကည့္ေပး၊မေတြးေပးတတ္ေတာ့ သစၥာေဖာက္ဖို႔လည္း ဝန္မေလးေတာ့ပါဘူး။

(၂) ကိုယ့္ခ်စ္သူ၊ လက္တြဲေဖာ္ကို မေလးစားတတ္ျခင္း ခ်စ္သူေတြ၊လက္တြဲေဖာ္ေတြအခ်င္းခ်င္း အျပန္အလွန္ေလးစားတတ္ဖို႔ကလည္း အေရးႀကီးတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ခ်စ္သူ၊ အိမ္ ေထာင္ဖက္ကို ေမလ းစားတဲ့သူေတြဟာ သစၥာေဖာက္ဖို႔ဝန္မေလးသူေတြျဖစ္ပါတယ္။

(၃) လွ်ိဳ႕ဝွက္ခ်က္ေတြမ်ားလြန္းျခင္း လၾကၱဲ ေဖာ္ေတြဟာတစ္ ေယာက္နဲ႔တစ္ေယာက္လွ်ိဳ႕ဝွက္ခ်က္ေတြထားလြန္းတာဟာ မေကာင္းတဲ့အက်ိဳးဆက္ကိုပဲျဖစ္ေစပါတယ္။ကိုယ္ပိုင္လြတ္ လပ္ခြင့္အရ မျဖစ္မေနလွ်ိဳ႕ဝွက္ထားတဲ့အရာတခ်ိဳ႕

ကလြဲၿပီး မိသားစုနဲ႔ပတ္သက္တာ ႏွစ္ေယာက္လုံးနဲ႔ပတ္သက္တာေတြကို အခ်င္းခ်င္းပြင့္လင္းဖို႔လိုပါတယ္။

စိတ္ပညာရွင္ေတြရဲ႕ သုေတသနေတြအရ လွ်ိဳ႕ဝွက္ခ်က္ေတြမ်ားလြန္းတဲ့သူေတြဟာ ေဖာက္ျပန္သူျဖစ္ဖို႔ အခြင့္အလမ္းမ်ားတဲ့သူေတြ ျဖစ္တယ္ ဆိုတာ သိႏိုင္ပါတယ္။

(၄) သဝန္ေၾကာင္လြန္းျခင္း ခ်စ္သူအေပၚသဝန္တိုတာကေတာ့ လူတိုင္းလိုလိုပါပဲ။ ဒါေပမယ့္ လိုအပ္တာထက္ပိုၿပီး သဝန္ေၾကာင္တဲ့အဆင့္ထိေရာက္ၿပီး ေနရာတ ကာခ်ဳပ္ ခ်ယ္လြန္းတာမ်ိဳးကေတာ့ ကိုယ့္

ကိုယ္ကိုယုံၾကည္မႈေလ်ာ့နည္းျခင္း၊အငုံ႔စိတ္ရွိေနျခင္းတို႔ေၾကာင့္ျဖစ္ပါတယ္။ဒီလိုလူမ်ိဳးေတြက တ ျခားသူေတြထက္ ေဖာက္ျပန္ႏိုင္ေခ်ပိုမ်ားပါတယ္။

(၅) အရာရာကိုအေလးအနက္မရွိျခင္း မိ သားစုတြင္းသံေယာဇဥ္၊ သူငယ္ခ်င္းေတြၾကားကခင္မင္မႈနဲ႔ ကိုယ္နဲ႔ဆက္စပ္ေနတဲ့ဆက္ဆံေရးေတြအားလုံးကို အေလးအနက္ထားတတ္တဲ့သူဟာ လူအခ္ င္းခ်င္းၾကားကဆက္ဆံေရးရဲ႕တန္ဖိုးကိုနားလည္သူ၊

အေလးအနက္ရွိသူေတြျဖစ္ပါတယ္။ ဒီလိုလူေတြက ကိုယ္တည္ေဆာက္ထားတဲ့မိသားစုကိုလည္းတန္ဖိုးထားၿပီး အပ္ကၥီးမခံပါဘူး၊ မေဖာက္ျပန္ပါဘူး။ဒီလိုမဟုတ္ဘဲ အရာရာ ကိုအေလးအနက္မထားတတ္သူ၊ တန္ဖိုးမထားတတ္သူေတြကေတာ့ ကိုယ့္

မိသားစုပ်က္စီးတာကိုလည္း ႏွေျမာရေကာင္းမွန္းမသိဘဲ ေဖာက္ျပန္တတ္ၾကသူေတြျဖစ္ပါတယ္။

Credit ~မူရင္း

ဖောက်ပြန်တတ်တဲ့ သူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက် (၅)မျိုး

လူတစ်ယောက်ဟာ သစ္စာရှိမယ့်သူလား၊ သစ္စာမရှိလိမ်ညာတတ်တဲ့သူလားဆိုတာ သူ့ရဲ့ အပြု အမူ၊ အပြောအဆိုတွေကို ကြည့်ရုံနဲ့ ခန့်မှန်းလို့ရပါတယ်။သစ္စာမရှိတဲ့သူအများစုမှာ အခုလို လက္ခဏာတွေကို သိသိသာသာတွေ့မြင်နိုင်ပါတယ်။

(၁) ကိုယ့်ဖို့ပဲကြည့်တတ်တဲ့အတ္တသမားဖြစ်နေခြင်း သစ္စာမရှိတဲ့သူအများစုဟာ ကိုယ်တစ်ယောက်အတွက်ပဲကြည့်တတ်ပြီး သူများဘက်ကိုလုံးဝထည့်မစဉ်းစားတတ်တဲ့ အတ္တကြီးသူတွေဖြစ်ပါတယ်။ကိုယ့်ဖို့ပဲကြည့်လွန်းပြီး သူများဘက်ကိုမကြည့်ပေး၊မတွေးပေးတတ်တော့ သစ္စာဖောက်ဖို့လည်း ဝန်မလေးတော့ပါဘူး။

(၂) ကိုယ့်ချစ်သူ၊ လက်တွဲဖော်ကို မလေးစားတတ်ခြင်း ချစ်သူတွေ၊လက်တွဲဖော်တွေအချင်းချင်း အပြန်အလှန်လေးစားတတ်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ချစ်သူ၊ အိမ် ထောင်ဖက်ကို မေလ းစားတဲ့သူတွေဟာ သစ္စာဖောက်ဖို့ဝန်မလေးသူတွေဖြစ်ပါတယ်။

(၃) လျှို့ဝှက်ချက်တွေများလွန်းခြင်း လက္တြဲ ဖော်တွေဟာတစ် ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်တွေထားလွန်းတာဟာ မကောင်းတဲ့အကျိုးဆက်ကိုပဲဖြစ်စေပါတယ်။ကိုယ်ပိုင်လွတ် လပ်ခွင့်အရ မဖြစ်မနေလျှို့ဝှက်ထားတဲ့အရာတချို့

ကလွဲပြီး မိသားစုနဲ့ပတ်သက်တာ နှစ်ယောက်လုံးနဲ့ပတ်သက်တာတွေကို အချင်းချင်းပွင့်လင်းဖို့လိုပါတယ်။

စိတ်ပညာရှင်တွေရဲ့ သုတေသနတွေအရ လျှို့ဝှက်ချက်တွေများလွန်းတဲ့သူတွေဟာ ဖောက်ပြန်သူဖြစ်ဖို့ အခွင့်အလမ်းများတဲ့သူတွေ ဖြစ်တယ် ဆိုတာ သိနိုင်ပါတယ်။

(၄) သဝန်ကြောင်လွန်းခြင်း ချစ်သူအပေါ်သဝန်တိုတာကတော့ လူတိုင်းလိုလိုပါပဲ။ ဒါပေမယ့် လိုအပ်တာထက်ပိုပြီး သဝန်ကြောင်တဲ့အဆင့်ထိရောက်ပြီး နေရာတ ကာချုပ် ချယ်လွန်းတာမျိုးကတော့ ကိုယ့်

ကိုယ်ကိုယုံကြည်မှုလျော့နည်းခြင်း၊အငုံ့စိတ်ရှိနေခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒီလိုလူမျိုးတွေက တ ခြားသူတွေထက် ဖောက်ပြန်နိုင်ချေပိုများပါတယ်။

(၅) အရာရာကိုအလေးအနက်မရှိခြင်း မိ သားစုတွင်းသံယောဇဉ်၊ သူငယ်ချင်းတွေကြားကခင်မင်မှုနဲ့ ကိုယ်နဲ့ဆက်စပ်နေတဲ့ဆက်ဆံရေးတွေအားလုံးကို အလေးအနက်ထားတတ်တဲ့သူဟာ လူအခ် င်းချင်းကြားကဆက်ဆံရေးရဲ့တန်ဖိုးကိုနားလည်သူ၊

အလေးအနက်ရှိသူတွေဖြစ်ပါတယ်။ ဒီလိုလူတွေက ကိုယ်တည်ဆောက်ထားတဲ့မိသားစုကိုလည်းတန်ဖိုးထားပြီး အပ်က္စီးမခံပါဘူး၊ မဖောက်ပြန်ပါဘူး။ဒီလိုမဟုတ်ဘဲ အရာရာ ကိုအလေးအနက်မထားတတ်သူ၊ တန်ဖိုးမထားတတ်သူတွေကတော့ ကိုယ့်

မိသားစုပျက်စီးတာကိုလည်း နှမြောရကောင်းမှန်းမသိဘဲ ဖောက်ပြန်တတ်ကြသူတွေဖြစ်ပါတယ်။

Credit ~မူရင်း