အိုမီခ႐ြန္မ်ိဳးကြဲသစ္ BA.2 ျဖစ္သူေတြပါ ပါဝင္တဲ့ ပိုးေတြ႕လူနာသစ္ (၃၁) ဦးေတြ႕ရွိလူအေယာက္ (၄၀၀) အထိ
စုေဝးခြင့္ျပဳျပည္တြင္းမွာ အိုမီခ႐ြန္ကိုဗစ္ေရာဂါပိုးေတြ႕ရွိလူနာသစ္ (၃၁) ဦး ထပ္ေတြ႕ရွိတယ္လို႔ မတ္လ (၁၈)ရက္
တုန္းက စစ္ေကာင္စီက်န္းမာေရးဝန္ႀကီးဌာနကေန ထုတ္ျပန္ပါတယ္။အဲဒီ (၃၁)ဦးထဲမွာ အိုမီခ႐ြန္ေရာဂါပိုး မ်ိဳးကြဲ
သစ္ BA.2 ကူးစက္ခံရသူေတြလည္းပါဝင္ေနၿပီး ဘယ္နဦးပါဝင္တယ္ဆိုတဲ့ အေသးစိတ္ကိုေတာ့ တိတိက်က်
မေဖာ္ျပထားပါဘူး။ဒီ BA.2 ေတြ႕ရွိသူေတြကိုေတာ့ ကိုဗစ္ေရာဂါဓာတ္ခြဲအတည္ျပဳေနတုန္းက သီးျခားထားရွိကုသေ
ပး ေနၿပီး က်န္းမာေရးအေျခအေနေကာင္းေနတယ္လို႔ဆိုပါတယ္။အိုမီခ႐ြန္မ်ိဳးကြဲသစ္ BA.2 ကို ဖိလစ္ပိုင္ႏိုင္ငံမွာ
စေတြ႕တာျဖစ္ၿပီးေတာ့ ကမာၻ႔ႏိုင္ငံအႏွံ႔ကို ပ်ံ႕ႏွံ႔ေနသလို ကူးစက္ႏႈန္းလည္း ျမန္ပါတယ္။ ဒါေပမဲ့လည္း ကိုဗစ္ ကာ
ကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံထားၿပီးသူေတြမွာ ေရာဂါလကၡဏာ ျပင္းထန္ႏႈန္းနဲ႔ ေသဆုံးႏႈန္း ေလ်ာ့နည္းတယ္လို႔
စစ္ေကာင္စီက်န္းမာေရး၀န္ႀကီးဌာန ထုတ္ျပန္ခ်က္က ဆိုပါတယ္။တဖက္မွာလည္း စစ္ေကာင္စီကေတာ့ ကိုဗစ္ကူး
စက္ႏႈန္း၊ ေသဆုံးႏႈန္းေတြေလ်ာ့နည္းသြားတာေၾကာင့္လို႔ဆိုၿပီး လူ (၄၀၀) အထိ စုေဝးခြင့္ကို မတ္လ (၁၆)ရက္က
စၿပီးခြင့္ျပဳလိုက္ပါတယ္။ဒါ့အျပင္ ႏိုင္ငံတကာ ေလေၾကာင္း လိုင္းအပါအဝင္ ႐ုပ္ရွင္႐ုံေတြကိုပါ လာမယ့္ ျမန္မာႏွစ္
ဆန္းတရက္မွာ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေတာ့မွာပါ။ ဒါေၾကာင့္ ကိုဗစ္စည္းကမ္းနဲ႔ ကန႔္သတ္ခ်က္အကုန္လုံးနီးပါး
စစ္ေကာင္စီအေနနဲ႔ ေျဖေလွ်ာ့ေပးထားၿပီ ျဖစ္ပါတယ္။
Unicode
အိုမီခရွန်မျိုးကွဲသစ် BA.2 ဖြစ်သူတွေပါ ပါဝင်တဲ့ ပိုးတွေ့လူနာသစ် (၃၁) ဦးတွေ့ရှိလူအယောက် (၄၀၀) အထိ
စုဝေးခွင့်ပြုပြည်တွင်းမှာ အိုမီခရွန်ကိုဗစ်ရောဂါပိုးတွေ့ရှိလူနာသစ် (၃၁) ဦး ထပ်တွေ့ရှိတယ်လို့ မတ်လ (၁၈)ရက်
တုန်းက စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။အဲဒီ (၃၁)ဦးထဲမှာ အိုမီခရွန်ရောဂါပိုး မျိုးကွဲ
သစ် BA.2 ကူးစက်ခံရသူတွေလည်းပါဝင်နေပြီး ဘယ်နဦးပါဝင်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ တိတိကျကျ
မဖော်ပြထားပါဘူး။ဒီ BA.2 တွေ့ရှိသူတွေကိုတော့ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုနေတုန်းက သီးခြားထားရှိကုသေ
ပး နေပြီး ကျန်းမာရေးအခြေအနေကောင်းနေတယ်လို့ဆိုပါတယ်။အိုမီခရွန်မျိုးကွဲသစ် BA.2 ကို ဖိလစ်ပိုင်နိုင်ငံမှာ
စတွေ့တာဖြစ်ပြီးတော့ ကမ္ဘာ့နိုင်ငံအနှံ့ကို ပျံ့နှံ့နေသလို ကူးစက်နှုန်းလည်း မြန်ပါတယ်။ ဒါပေမဲ့လည်း ကိုဗစ် ကာ
ကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားပြီးသူတွေမှာ ရောဂါလက္ခဏာ ပြင်းထန်နှုန်းနဲ့ သေဆုံးနှုန်း လျော့နည်းတယ်လို့
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။တဖက်မှာလည်း စစ်ကောင်စီကတော့ ကိုဗစ်ကူး
စက်နှုန်း၊ သေဆုံးနှုန်းတွေလျော့နည်းသွားတာကြောင့်လို့ဆိုပြီး လူ (၄၀၀) အထိ စုဝေးခွင့်ကို မတ်လ (၁၆)ရက်က
စပြီးခွင့်ပြုလိုက်ပါတယ်။ဒါ့အပြင် နိုင်ငံတကာ လေကြောင်း လိုင်းအပါအဝင် ရုပ်ရှင်ရုံတွေကိုပါ လာမယ့် မြန်မာနှစ်
ဆန်းတရက်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုတော့မှာပါ။ ဒါကြောင့် ကိုဗစ်စည်းကမ်းနဲ့ ကန့်သတ်ချက်အကုန်လုံးနီးပါး
စစ်ကောင်စီအနေနဲ့ ဖြေလျှော့ပေးထားပြီ ဖြစ်ပါတယ်။