ဒီဇယ်တဂါလံ တသောင်းကျော်မှာ သေချာပေါက်တက်မယ့် ဆန်ဈေးနဲ့ လယ်သမားတို့ ကျတဲ့ မျက်ရည်
ဧရာဝတီတိုင်းတွင် ဒီဇယ်ဆီ ၁ ဂါလံလျှင် ကျပ် ၁ သောင်းအထိ စံချိန်တင် ဈေးတက်နေသဖြင့် နွေစပါး စိုက်ပျိုးသော သိန်းနှင့်ချီသည့် လယ်သမားများ အကြီးအကျယ် ဒုက္ခရောက်နေကြောင်း သတင်း ရရှိပါတယ်။
နွေစပါးဧက သိန်းနှင့်ချီ စိုက်ပျိုးသော ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလက ဒီဇယ်ဆီ ၁ ဂါလံလျှင် ၆ ထောင်မှ ၇ ထောင်ကြား ရှိခဲ့ရာမှ ဖေဖော်ဝါရီလမှစ၍ ဒီဇယ်ဆီ ၁ ပေပါလျှင် ၅ သိန်းကျပ်ဝန်းကျင်၊ ဆီ ၁ ဂါလံလျှင် ၁ သောင်းကျပ်အထိ စံချိန်တင် ဈေးတက်နေသဖြင့် နွေစပါးအတွက် ရေတင်စက်မောင်း၍ ရေသွင်းရသော အရေအတွက် သိန်းနှင့်ချီသည့် လယ်သမားများ အလွန်အမင်း ဒုက္ခတွေ့နေကြောင်း သိရပါတယ်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး ဒီဇယ် ၁ ပေပါ ၅ သိန်းဝန်းကျင်၊ ၁ ဂါလံ ၁ သောင်း ၅ ရာနဲ့ ပေးဝယ်နေရတယ်။ နွေစပါး စိုက်ထားတော့ ရေတင်ဖို့က ဒီဇယ်က မသုံးလို့ မရပြန်ဘူး။ စပါးတွေက အသီးတွေ သီးခါနီးတော့ ရေမတင်ပြန်ရင်လည်း အသီးမရဘဲ ဆုံးရှုံးတော့မယ်။
ဒီဇယ်ကလည်း ၁ ဂါလ ၁ သောင်းနဲ့ ၅ ရာဆိုတော့ ကျနော်တို့လယ်သမားတွေမှာ ဘယ်လိုမှ ရွေးချယ်စရာ မရှိဘူး။ အဲဒီ ၁ ဂါလံ ၁ သောင်းကျော်ဈေးနဲ့ ဝယ်ပြီး ရေတင်စက်တွေ မောင်းနေရတယ်။
လယ်သမားတွေ အကုန်လုံး အခက်အခဲတွေ အရမ်းဖြစ်နေကြတယ်”ဟု ကန်ကြီးထောင့်မြို့နယ်ရှိ နွေစပါးစိုက် လယ်သမားတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းတွင် ၂၀၂၀ ခုနှစ်စာရင်းအရ နွေစပါး စိုက်ဧက ၁ ဒဿမ ၃ သန်းကျော် ရှိကြောင်း သိရပြီး ယခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဒီဇယ်ဈေး ကြီးမြင့်မှုကြောင့် လယ်ဧကသိန်းနှင့်ချီ၍ နွေစပါး စိုက်ပျိုးမှု လျော့ကျခဲ့ကြောင်း သိရပါတယ်။
“ဒီနွေမှာ လယ်သမားတွေ နွေစပါး မစိုက်တဲ့သူ အများကြီးပဲ။ တချို့က ၁၀ ဧက ရှိရင် ၃ ဧက ၄ ဧကလောက်ပဲ စိုက်ကြတာ။
စစ်အာဏာ သိမ်းပြီးကာမှ သွင်းအားစုဈေးနှုန်းတွေ တအားမြင့်တော့ လယ်သမားတွေ မစိုက်နိုင်ကြတော့တာ” ဟု ညောင်တုန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်တွင် ဒီဇယ်ဆီဈေးနှုန်းမှာ ဆက်လက် မြင့်တက်လျက်ရှိပြီး ငပုတောမြို့နယ်တွင် တဂါလံ ၁၂၅၀၀ ကျပ် ဖြစ်သွားပြီလို့ သိရပါတယ်။
လယ်သမားတွေအနေနဲ့ ယခုလို အခြေအနေမျိုး ဖြစ်လာရင် ဝမ်းစာလောက်ပဲ စိုက်ပျိုးနိုင်တော့မယ့် အခြေအနေ ရောက်မယ်လို့ သိရပါတယ်။
အဲဒီလို ဖြစ်ခဲ့ရင်လည်း လွန်ခဲ့တဲ့ နှစ် ၂၀ စစ်အစိုးရခေတ်ကလို စပါး မစိုက်မနေရ အမိန့်တွေ ထုတ်ပြန်လာနိုင်တယ်လို့ လယ်သမားကြီးတွေက သုံးသပ်နေကြပါတယ်။
ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ ဒီဇယ်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် ဆန်ဈေးနှုန်းများ ပိုမို မြင့်တက်လာဦးမှာ အသေအချာပင် ဖြစ်ကြောင်း ဆန်ကုန်သည်တဦးက ပြောပါတယ်။
Credit – Blacker
Zawgyi ဖြင့် ဖတ်ရန်
ဒီဇယ္တဂါလံ တေသာင္းေက်ာ္မွာ ေသခ်ာေပါက္တက္မယ့္ ဆန္ေဈးနဲ႔ လယ္သမားတို႔ က်တဲ့ မ်က္ရည္
ဧရာဝတီတိုင္းတြင္ ဒီဇယ္ဆီ ၁ ဂါလံလွ်င္ က်ပ္ ၁ ေသာင္းအထိ စံခ်ိန္တင္ ေဈးတက္ေနသျဖင့္ ေႏြစပါး စိုက္ပ်ိဳးေသာ သိန္းႏွင့္ခ်ီသည့္ လယ္သမားမ်ား အႀကီးအက်ယ္ ဒုကၡေရာက္ေနေၾကာင္း သတင္းရရွိပါတယ္။
ေႏြစပါးဧက သိန္းႏွင့္ခ်ီ စိုက္ပ်ိဳးေသာ ဧရာဝတီတိုင္းတြင္ ၿပီးခဲ့သည့္ ဇန္နဝါရီလက ဒီဇယ္ဆီ ၁ ဂါလံလွ်င္ ၆ ေထာင္မွ ၇ ေထာင္ၾကား ရွိခဲ့ရာမွ ေဖေဖာ္ဝါရီလမွစ၍ ဒီဇယ္ဆီ ၁ ေပပါလွ်င္ ၅ သိန္းက်ပ္ဝန္းက်င္၊ ဆီ ၁ ဂါလံလွ်င္ ၁ ေသာင္းက်ပ္အထိ စံခ်ိန္တင္ ေဈးတက္ေနသျဖင့္ ေႏြစပါးအတြက္ ေရတင္စက္ေမာင္း၍ ေရသြင္းရေသာ အေရအတြက္ သိန္းႏွင့္ခ်ီသည့္ လယ္သမားမ်ား အလြန္အမင္း ဒုကၡေတြ႕ေနေၾကာင္း သိရပါတယ္။
“ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက စၿပီး ဒီဇယ္ ၁ ေပပါ ၅ သိန္းဝန္းက်င္၊ ၁ ဂါလံ ၁ ေသာင္း ၅ ရာနဲ႔ ေပးဝယ္ေနရတယ္။ ေႏြစပါး စိုက္ထားေတာ့ ေရတင္ဖို႔က ဒီဇယ္က မသုံးလို႔ မရျပန္ဘူး။ စပါးေတြက အသီးေတြ သီးခါနီးေတာ့ ေရမတင္ျပန္ရင္လည္း အသီးမရဘဲ ဆုံးရႈံးေတာ့မယ္။
ဒီဇယ္ကလည္း ၁ ဂါလ ၁ ေသာင္းနဲ႔ ၅ ရာဆိုေတာ့ က်ေနာ္တို႔လယ္သမားေတြမွာ ဘယ္လိုမွ ေ႐ြးခ်ယ္စရာမရွိဘူး။ အဲဒီ ၁ ဂါလံ ၁ ေသာင္းေက်ာ္ေဈးနဲ႔ ဝယ္ၿပီး ေရတင္စက္ေတြ ေမာင္းေနရတယ္။ လယ္သမားေတြအကုန္လုံး အခက္အခဲေတြ အရမ္းျဖစ္ေနၾကတယ္”ဟု ကန္ႀကီးေထာင့္ၿမိဳ႕နယ္ရွိ ေႏြစပါးစိုက္ လယ္သမားတစ္ဦးက ေျပာပါတယ္။
ဧရာဝတီတိုင္းတြင္ ၂၀၂၀ ခုႏွစ္စာရင္းအရ ေႏြစပါး စိုက္ဧက ၁ ဒႆမ ၃ သန္းေက်ာ္ ရွိေၾကာင္း သိရၿပီး ယခုႏွစ္ ေႏြစပါး စိုက္ပ်ိဳးရာသီတြင္ ဓာတ္ေျမၾသဇာ၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး၊ ဒီဇယ္ေဈး ႀကီးျမင့္မႈေၾကာင့္ လယ္ဧကသိန္းႏွင့္ခ်ီ၍ ေႏြစပါး စိုက္ပ်ိဳးမႈ ေလ်ာ့က်ခဲ့ေၾကာင္း သိရပါတယ္။
“ဒီေႏြမွာ လယ္သမားေတြ ေႏြစပါး မစိုက္တဲ့သူ အမ်ားႀကီးပဲ။ တခ်ိဳ႕က ၁၀ ဧက ရွိရင္ ၃ ဧက ၄ ဧကေလာက္ပဲ စိုက္ၾကတာ။
စစ္အာဏာ သိမ္းၿပီးကာမွ သြင္းအားစုေဈးႏႈန္းေတြ တအားျမင့္ေတာ့ လယ္သမားေတြ မစိုက္ႏိုင္ၾကေတာ့တာ” ဟု ေညာင္တုန္းၿမိဳ႕နယ္မွ ေဒသခံတစ္ဦးက ေျပာပါတယ္။
လက္ရွိအခ်ိန္တြင္ ဒီဇယ္ဆီေဈးႏႈန္းမွာ ဆက္လက္ ျမင့္တက္လ်က္ရွိၿပီး ငပုေတာၿမိဳ႕နယ္တြင္ တဂါလံ ၁၂၅၀၀ က်ပ္ ျဖစ္သြားၿပီလို႔ သိရပါတယ္။
လယ္သမားေတြအေနနဲ႔ ယခုလို အေျခအေနမ်ိဳး ျဖစ္လာရင္ ဝမ္းစာေလာက္ပဲ စိုက္ပ်ိဳးႏိုင္ေတာ့မယ့္ အေျခအေန ေရာက္မယ္လို႔ သိရပါတယ္။
အဲဒီလို ျဖစ္ခဲ့ရင္လည္း လြန္ခဲ့တဲ့ ႏွစ္ ၂၀ စစ္အစိုးရေခတ္ကလို စပါး မစိုက္မေနရ အမိန႔္ေတြ ထုတ္ျပန္လာႏိုင္တယ္လို႔ လယ္သမားႀကီးေတြက သုံးသပ္ေနၾကပါတယ္။
ဓာတ္ေျမဩဇာ၊ ပိုးသတ္ေဆးနဲ႔ ဒီဇယ္ေဈးႏႈန္းမ်ား အဆမတန္ ျမင့္တက္လာျခင္းေၾကာင့္ ဆန္ေဈးႏႈန္းမ်ား ပိုမိုျမင့္တက္လာဦးမွာ အေသအခ်ာပင္ ျဖစ္ေၾကာင္း ဆန္ကုန္သည္တဦးက ေျပာပါတယ္။
Credit – Blacker