အာဏာသိမ္းမႈေနာက္ပိုင္း ပစ္မွတ္ထား ဖ်က္ဆီးခံေနရသည့္ စစ္ေခါင္းေဆာင္၏ မိသားစုပိုင္ Mytel တာဝါတိုင္မ်ား အကာအကြယ္ရရန္ လုပ္ကိုင္ေနသည့္ နည္းလမ္းတစ္ခုမွာ ထိုတိုင္မ်ားတြင္ ႏိုင္ငံပိုင္ျမန္မာ့ဆက္သြယ္ေရး MPT ၏ တံဆိပ္ ေရးဆြဲတပ္ဆင္ျခင္းျဖစ္သည္။
Mytel တိုင္တစ္ခု ေအာက္ေျခရွိ သံျပားကာ စက္ပစၥည္းပုံးတြင္ အျပာေရာင္ေဆးမႈတ္ထားသည့္ MPT တံဆိပ္ ရွိေနသည္ကို Myanmar Now က ရထားသည့္ ႐ုပ္သံမွတ္တမ္းတစ္ခုတြင္ ေတြ႕ရသည္။ စက္ပစၥည္းပုံး တစ္ေနရာတြင္မူ Mytel ေဖာင္းႂကြစာလုံးကို ေတြ႕ရသည္။
ထိုသို႔ ပုံဖ်က္ထားျခင္းျဖင့္ စစ္အုပ္စု၏ ဝင္ေငြရ စီးပြားေရးလုပ္ငန္းမ်ားကို ပစ္မွတ္ထားေနေသာ လက္နက္ကိုင္တိုက္ခိုက္သူတို႔ကို လွည့္စားႏိုင္မည္ျဖစ္ေသာ္လည္း ဆက္သြယ္ေရးတိုင္ တည္ေဆာက္ တပ္ဆင္ေရးအေတြ႕အႀကဳံရွိသူတို႔ အနီးကပ္ စစ္ေဆးလွ်င္ အျဖစ္မွန္ကို သိရွိႏိုင္မည္ဟု အင္ဂ်င္နီယာတစ္ဦးက ေျပာသည္။
ထို႐ုပ္သံတြင္ ေတြ႕ရသည့္ ဆက္သြယ္ေရးတိုင္၏ အသုံးျပဳထားသည့္ စက္ပစၥည္း၊ တပ္ဆင္ပုံတို႔ကို ၾကည့္လွ်င္ မည္သည့္ဆက္သြယ္ေရး ကုမၸဏီအတြက္တိုင္ျဖစ္ေၾကာင္း သိသာသည္ဟု အမည္မေဖာ္လိုေသာ အဆိုပါ အင္ဂ်င္နီယာက ေျပာသည္။
“ေသခ်ာတယ္ Mytel ဗ်။ ခုပုံပါအရေတာ့ အေယာင္ေဆာင္ထားတာပါ၊ (MPT တံဆိပ္) ဟန္ျပ ထိုးထားတဲ့ သေဘာ”ဟု ၎က ေျပာသည္။
ထိုအင္ဂ်င္နီယာသည္ Mytel ကုမၸဏီတြင္ လုပ္သက္ ၂ ႏွစ္ေက်ာ္ရွိခဲ့သူျဖစ္ၿပီး စစ္အာဏာသိမ္းမႈေၾကာင့္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္ေနၿပီး ၎ကိုယ္တိုင္လည္း Mytel တာဝါတိုင္ေဖာက္ခြဲ ဖ်က္ဆီးေရးတြင္ ပါဝင္ေနသလို တိုင္မ်ား၏ တည္ေနရာကိုလည္း အျခားေဖာက္ခြဲေရးသမားမ်ားထံ သတင္းေပးေလ့ရွိသူျဖစ္သည္။
အာဏာသိမ္းၿပီး ၁၀ လအတြင္း Mytel တာဝါတိုင္ ရာႏွင့္ခ်ီ၍ ေဖာက္ခြဲဖ်က္ဆီးခံထားရသည္။ ထို႔ေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီးမ်ားက တာဝါတိုင္မ်ားတြင္ လူေစာင့္ခ်ျခင္း၊ နင္းမိုင္းေထာင္ျခင္း၊ လုံၿခဳံေရးကင္မရာ တပ္ဆင္ျခင္းစသည့္ နည္းလမ္းမ်ိဳးစုံသုံး၍ ကာကြယ္ထားၿပီး ရဲတပ္ဖြဲ႕ကိုလည္း တိုင္လုံၿခဳံေရးအတြက္လည္း စာထုတ္ၫႊန္ၾကားထားသည္ကို အြန္လိုင္းတြင္ ေပါက္ၾကားလာေသာ ႐ုံးစာတစ္ေစာင္အရ သိရသည္။
တာဝါတိုင္တြင္ MPT တံဆိပ္တပ္သည့္ ကာကြယ္နည္းေၾကာင့္ တိုင္အမ်ိဳးအစားခြဲျခားျခင္းကို မ်ားစြာ ခက္ခဲမည္မဟုတ္ဟု အထက္ပါ Mytel အင္ဂ်င္နီယာက ေျပာသည္။
“ေသခ်ာတာကေတာ့ ေဖာက္ခြဲသမားေတြအေနနဲ႔လည္း လြဲမွာေတာ့မဟုတ္ဘူး။ ႐ြာေတြမွာက မ်ားေသာအားျဖင့္ တိုင္ေတြကို သိၾကတာမ်ားပါတယ္”ဟု သူက ဆိုသည္။
Mytel တိုင္ ရာခိုင္ႏႈန္းမည္မွ် ပုံေျပာင္း၊ တံဆိပ္ကပ္ထားမွန္း မသိရေသးေပ။
စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမွားသည္ဟု အေၾကာင္းျပကာ အာဏာသိမ္းၿပီးေနာက္တြင္ စစ္တပ္ဝင္ေငြရေစသည့္ လုပ္ငန္းမွန္သမွ် ျပည္သူတို႔ ဆန႔္က်င္ သပိတ္ေမွာက္သျဖင့္ Mytel ကုမၸဏီ က်ပ္ဘီလ်ံ ရာႏွင့္ခ်ီ ဆုံးရႈံးထားသည္။
စစ္အာဏာရွင္ကို လက္နက္ကိုင္ခုခံေတာ္လွန္ေနသည့္ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕(PDF)မ်ား အေနျဖင့္လည္း ေတာ္လွန္ေရးကာလ ရွည္ၾကာလာသည္ႏွင့္အမွ် လက္နက္ထုတ္လုပ္ေရးအတြက္ ကုန္ၾကမ္းရွားပါးလာသျဖင့္ အဆိုပါ Mytel တာဝါတိုင္ပါ သံထည္ပစၥည္းမ်ားကို ရယူကာ ေဖာက္ခြဲေရးလက္နက္လုပ္ရန္ ဦးတည္လာၾကသည္။
MPT စာတန္းထိုး၍ ကာကြယ္လွ်င္လည္း ၎တို႔ ေဖာက္ခြဲေရးသမားမ်ားအတြက္ သက္ေရာက္မႈမရွိေၾကာင္း စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္ အေျခစိုက္လႈပ္ရွားေသာ ဇာမဏီ (ZRF) ေျပာက္က်ားတပ္ဖြဲ႕ ေခါင္းေဆာင္က Myanmar Now ကို ေျပာသည္။
“အျပင္ကၾကည့္ရင္ေတာ့ MPT လိုလိုပဲ။ ဒါေပမဲ့ အထဲကို သြားၾကည့္ရင္ သံျပားမွာ အတြင္းထဲမွာ Mytel ဆိုၿပီး ေရးထားတာရွိတယ္။ အဲလိုခြဲလို႔ရတယ္။ ကြၽန္ေတာ္တို႔ PDF ေတြက သူ႔ေဒသအလိုက္ သူ႔ဟာနဲ႔သူ လိုက္ၾကည့္ၿပီးသား။ သူတို႔ အဲလို ကာကြယ္လို႔မရဘူးေလ”ဟု ဇာမဏီ (ZRF)အဖြဲ႕ေခါင္းေဆာင္က ေျပာသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလဆန္းအထိ အာဏာသိမ္းၿပီး ၁၀ လအတြင္း ဖ်က္ဆီးခံရေသာ ဆက္သြယ္ေရးတာဝါတိုင္ ၄၀၉ တိုင္အနက္ ၄၉ တိုင္သည္ MPT, Telenor ႏွင့္ Ooredoo တိုင္မ်ား ပါဝင္ေနေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ထားသည္။
ႏိုင္ငံအႏွံ႔ Mytel တာဝါတိုင္ ၁၂,၀၀၀ ေက်ာ္ရွိရာ ၃၆၀ တိုင္ဖ်က္ဆီးခံရျခင္းသည္ စစ္ေခါင္းေဆာင္၏ သမီးျဖစ္သူ ေဒၚခင္သီရိသက္မြန္၏ Pinnacle Asia ကုမၸဏီပိုင္ တာဝါတိုင္ ၃ ရာခိုင္ႏႈန္း ဖ်က္ဆီးခံလိုက္ရျခင္းျဖစ္သည္။
Mytel သည္ ဗီယက္နမ္စစ္တပ္ပိုင္ Viettel Global Investment JSC ကုမၸဏီ၏ ျပည္ပတြင္ တိုးခ်ဲ႕လုပ္ကိုင္သည့္ ၁၀ ခုေျမာက္ ဆက္သြယ္ေရးလုပ္ငန္းျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ေလးခုေျမာက္ ဆက္သြယ္ေရးလုပ္ငန္းျဖစ္လာသည္။
Mytel ၏ ပိုင္ဆိုင္မႈ ၄၉ ရာခိုင္ႏႈန္းကို Viettel ကုမၸဏီ၊ ၂၈ ရာခိုင္ႏႈန္းကို ျမန္မာစစ္တပ္၏ စီးပြားေရးလုပ္ငန္း ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း(MEC) လက္ေအာက္ခံ Star High ကုမၸဏီ၊ က်န္ ၂၃ ရာခိုင္ႏႈန္းကို Myanmar National Telecom Holding(MNTH) က ပိုင္ဆိုင္ထားသည္။myanmar now
အာဏာသိမ်းမှုနောက်ပိုင်း ပစ်မှတ်ထား ဖျက်ဆီးခံနေရသည့် စစ်ခေါင်းဆောင်၏ မိသားစုပိုင် Mytel တာဝါတိုင်များ အကာအကွယ်ရရန် လုပ်ကိုင်နေသည့် နည်းလမ်းတစ်ခုမှာ ထိုတိုင်များတွင် နိုင်ငံပိုင်မြန်မာ့ဆက်သွယ်ရေး MPT ၏ တံဆိပ် ရေးဆွဲတပ်ဆင်ခြင်းဖြစ်သည်။
Mytel တိုင်တစ်ခု အောက်ခြေရှိ သံပြားကာ စက်ပစ္စည်းပုံးတွင် အပြာရောင်ဆေးမှုတ်ထားသည့် MPT တံဆိပ် ရှိနေသည်ကို Myanmar Now က ရထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ စက်ပစ္စည်းပုံး တစ်နေရာတွင်မူ Mytel ဖောင်းကြွစာလုံးကို တွေ့ရသည်။
ထိုသို့ ပုံဖျက်ထားခြင်းဖြင့် စစ်အုပ်စု၏ ဝင်ငွေရ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားနေသော လက်နက်ကိုင်တိုက်ခိုက်သူတို့ကို လှည့်စားနိုင်မည်ဖြစ်သော်လည်း ဆက်သွယ်ရေးတိုင် တည်ဆောက် တပ်ဆင်ရေးအတွေ့အကြုံရှိသူတို့ အနီးကပ် စစ်ဆေးလျှင် အဖြစ်မှန်ကို သိရှိနိုင်မည်ဟု အင်ဂျင်နီယာတစ်ဦးက ပြောသည်။
ထိုရုပ်သံတွင် တွေ့ရသည့် ဆက်သွယ်ရေးတိုင်၏ အသုံးပြုထားသည့် စက်ပစ္စည်း၊ တပ်ဆင်ပုံတို့ကို ကြည့်လျှင် မည်သည့်ဆက်သွယ်ရေး ကုမ္ပဏီအတွက်တိုင်ဖြစ်ကြောင်း သိသာသည်ဟု အမည်မဖော်လိုသော အဆိုပါ အင်ဂျင်နီယာက ပြောသည်။
“သေချာတယ် Mytel ဗျ။ ခုပုံပါအရတော့ အယောင်ဆောင်ထားတာပါ၊ (MPT တံဆိပ်) ဟန်ပြ ထိုးထားတဲ့ သဘော”ဟု ၎င်းက ပြောသည်။
ထိုအင်ဂျင်နီယာသည် Mytel ကုမ္ပဏီတွင် လုပ်သက် ၂ နှစ်ကျော်ရှိခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေပြီး ၎င်းကိုယ်တိုင်လည်း Mytel တာဝါတိုင်ဖောက်ခွဲ ဖျက်ဆီးရေးတွင် ပါဝင်နေသလို တိုင်များ၏ တည်နေရာကိုလည်း အခြားဖောက်ခွဲရေးသမားများထံ သတင်းပေးလေ့ရှိသူဖြစ်သည်။
အာဏာသိမ်းပြီး ၁၀ လအတွင်း Mytel တာဝါတိုင် ရာနှင့်ချီ၍ ဖောက်ခွဲဖျက်ဆီးခံထားရသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးများက တာဝါတိုင်များတွင် လူစောင့်ချခြင်း၊ နင်းမိုင်းထောင်ခြင်း၊ လုံခြုံရေးကင်မရာ တပ်ဆင်ခြင်းစသည့် နည်းလမ်းမျိုးစုံသုံး၍ ကာကွယ်ထားပြီး ရဲတပ်ဖွဲ့ကိုလည်း တိုင်လုံခြုံရေးအတွက်လည်း စာထုတ်ညွှန်ကြားထားသည်ကို အွန်လိုင်းတွင် ပေါက်ကြားလာသော ရုံးစာတစ်စောင်အရ သိရသည်။
တာဝါတိုင်တွင် MPT တံဆိပ်တပ်သည့် ကာကွယ်နည်းကြောင့် တိုင်အမျိုးအစားခွဲခြားခြင်းကို များစွာ ခက်ခဲမည်မဟုတ်ဟု အထက်ပါ Mytel အင်ဂျင်နီယာက ပြောသည်။
“သေချာတာကတော့ ဖောက်ခွဲသမားတွေအနေနဲ့လည်း လွဲမှာတော့မဟုတ်ဘူး။ ရွာတွေမှာက များသောအားဖြင့် တိုင်တွေကို သိကြတာများပါတယ်”ဟု သူက ဆိုသည်။
Mytel တိုင် ရာခိုင်နှုန်းမည်မျှ ပုံပြောင်း၊ တံဆိပ်ကပ်ထားမှန်း မသိရသေးပေ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု အကြောင်းပြကာ အာဏာသိမ်းပြီးနောက်တွင် စစ်တပ်ဝင်ငွေရစေသည့် လုပ်ငန်းမှန်သမျှ ပြည်သူတို့ ဆန့်ကျင် သပိတ်မှောက်သဖြင့် Mytel ကုမ္ပဏီ ကျပ်ဘီလျံ ရာနှင့်ချီ ဆုံးရှုံးထားသည်။
စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတော်လှန်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF)များ အနေဖြင့်လည်း တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ လက်နက်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းရှားပါးလာသဖြင့် အဆိုပါ Mytel တာဝါတိုင်ပါ သံထည်ပစ္စည်းများကို ရယူကာ ဖောက်ခွဲရေးလက်နက်လုပ်ရန် ဦးတည်လာကြသည်။
MPT စာတန်းထိုး၍ ကာကွယ်လျှင်လည်း ၎င်းတို့ ဖောက်ခွဲရေးသမားများအတွက် သက်ရောက်မှုမရှိကြောင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အခြေစိုက်လှုပ်ရှားသော ဇာမဏီ (ZRF) ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က Myanmar Now ကို ပြောသည်။
“အပြင်ကကြည့်ရင်တော့ MPT လိုလိုပဲ။ ဒါပေမဲ့ အထဲကို သွားကြည့်ရင် သံပြားမှာ အတွင်းထဲမှာ Mytel ဆိုပြီး ရေးထားတာရှိတယ်။ အဲလိုခွဲလို့ရတယ်။ ကျွန်တော်တို့ PDF တွေက သူ့ဒေသအလိုက် သူ့ဟာနဲ့သူ လိုက်ကြည့်ပြီးသား။ သူတို့ အဲလို ကာကွယ်လို့မရဘူးလေ”ဟု ဇာမဏီ (ZRF)အဖွဲ့ခေါင်းဆောင်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းအထိ အာဏာသိမ်းပြီး ၁၀ လအတွင်း ဖျက်ဆီးခံရသော ဆက်သွယ်ရေးတာဝါတိုင် ၄၀၉ တိုင်အနက် ၄၉ တိုင်သည် MPT, Telenor နှင့် Ooredoo တိုင်များ ပါဝင်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
နိုင်ငံအနှံ့ Mytel တာဝါတိုင် ၁၂,၀၀၀ ကျော်ရှိရာ ၃၆၀ တိုင်ဖျက်ဆီးခံရခြင်းသည် စစ်ခေါင်းဆောင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၏ Pinnacle Asia ကုမ္ပဏီပိုင် တာဝါတိုင် ၃ ရာခိုင်နှုန်း ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။
Mytel သည် ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment JSC ကုမ္ပဏီ၏ ပြည်ပတွင် တိုးချဲ့လုပ်ကိုင်သည့် ၁၀ ခုမြောက် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လေးခုမြောက် ဆက်သွယ်ရေးလုပ်ငန်းဖြစ်လာသည်။
Mytel ၏ ပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းကို Viettel ကုမ္ပဏီ၊ ၂၈ ရာခိုင်နှုန်းကို မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) လက်အောက်ခံ Star High ကုမ္ပဏီ၊ ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding(MNTH) က ပိုင်ဆိုင်ထားသည်။myanmar now