ပူျပင္းတဲ့ရာသီမွာ ပန္းအိုးထဲကပန္းေတြ အခ်ိန္ၾကာၾကာ လန္းဆန္းေနေစမယ့္ နည္းလမ္း (၇) ခု
ရာသီဥတု ကလည္း ပူျပင္း လာတာေၾကာင့္ ဘုရားပန္းအိုးထဲက ပန္းေတြ၊ အလွ ပန္းအိုးထဲက ပန္းေတြကလည္း တာရွည္ မခံေတာ့ပါဘူး။ ရက္ အနည္းငယ္အတြင္းမွာပဲ ႏြမ္းေျခာက္လာၾကပါတယ္။
ဒါေပမယ့္ စိတ္ပူစရာ မလိုေတာ့ပါဘူး။ ပန္းအိုးထဲက ပန္းေတြကို ရက္ၾကာၾကာ လန္းဆန္းေနေစမယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။
၁။ ပန္းေတြကို အသီးေတြနဲ႔ ေဝးရာမွာ ထားပါ။
ပန္းေတြကို ပန္းသီး၊ ငွက္ေပ်ာသီး၊ ခရမ္းခ်ဥ္သီး တို႔နဲ႔ နီးစပ္တဲ့ေနရာမွာ မထားရပါဘူး။ အဲဒီ အသီးေတြမွာ အီသိုင္လင္း ပါဝင္တာေၾကာင့္ ပန္းေတြ ျမန္ျမန္ ပြင့္လာေစပါတယ္။ ဒါ့အျပင္ ပန္းေတြကိုလည္း ညႇိဳးတာ ျမန္ေစပါတယ္။
၂။ သၾကား၊ သံပ႐ိုသီး၊ အေရာင္ခြၽတ္ေဆး
ဒီနည္းက ပန္းေတြကို ၾကာရွည္ခံေစတဲ့ အျပင္ အားလည္း ျပည့္ေစတဲ့ နည္းပါ။ သၾကား၊ သံပ႐ိုသီး အရည္၊ အေရာင္ခြၽတ္ေဆး တို႔ကိုေရာၿပီး ပန္းအိုးထဲက ေရထဲကို ထည့္လိုက္ပါ။ သၾကားမွာ အပင္အတြက္ အာဟာရဓာတ္ေတြ ပါဝင္ၿပီး သံပ႐ိုသီးကေတာ့ ပန္း႐ိုးတံ ေရစုပ္ယူေအာင္ ကူညီေပးပါတယ္။ အေရာင္ခြၽတ္ေဆးကေတာ့ ဘက္တီးရီးယားေတြကို ႏွိမ္နင္းေပးပါတယ္။
၃။ ဆံပင္ ဖ်န္းေဆး
ပန္းေတြကို ရက္ၾကာၾကာ ပြင့္လန္းေစခ်င္ရင္ ဆံပင္ ဖ်န္းေဆးနဲ႔ ဖ်န္းေပးပါ။ ဒါေပမယ့္ အလြန္အကြၽံဖ်န္းစရာ မလိုပါဘူး။ အေပၚယံ ဖ်န္းရင္ လုံေလာက္ပါၿပီ။
၄။ ပန္းေတြကို အသုံးအေဆာင္ ပစၥည္းေတြနဲ႔ ေဝးရာမွ ာထားပါ။
တီဗြီ၊ မိုက္ခ႐ိုေဝ့ဗ္မီးဖိုနဲ႔ တျခား အိမ္အသုံးအေဆာင္ ပစၥည္းေတြ အနီးမွာ ပန္းအိုးေတြကို မထားသင့္ပါဘူး။ အဲဒီ ပစၥည္းေတြက အပူထြက္တာေၾကာင့္ ပန္းေတြကို ျမန္ျမန္ ႏြမ္းေျခာက္ေစပါတယ္။
၅။ ပန္းရဲ႕ ႐ိုးတံကို ခပ္ေစာင္းေစာင္းပုံစံ ညႇပ္ပါ။
ပန္းရဲ႕ ႐ိုးတံေတြကို ထက္တဲ့ ကတ္ေၾကးတဲ့ တိကနဲ ညႇပ္ေလ့ ရွိၾကပါတယ္။ ဒါေပမယ့္ ပန္းရဲ႕ ႐ိုးတံကို ညႇပ္တဲ့အခါ တိကနဲ မညႇပ္လိုက္ဘဲ ခပ္ေစာင္းေစာင္းပုံစံ ျဖစ္ေအာင္ ညႇပ္ပါ။ အဲဒီအခါ ႐ိုးတံထဲကို ေရေတြ ပိုဝင္ၿပီး ပန္းကလည္း အခ်ိန္ၾကာၾကာ လန္းဆန္းေနမွာပါ။
၆။ ပန္းအိုး ကို ေရ၊ အေရာင္ခြၽတ္ေဆးတို႔နဲ႔ ေဆးေၾကာပါ။
ပန္းအိုး ကို အမ်ားစုကေတာ့ ေရ၊ ဆပ္ျပာတို႔နဲ႔ ေဆးေၾကာ ၾကပါတယ္။ ဒါေပမယ့္ အေရာင္ခြၽတ္ေဆးက ဘက္တီးရီးယားေတြကို နည္းပါးေစတဲ့ အစြမ္း ရွိပါတယ္။ ပန္းအိုးကို ေရ၊ အေရာင္ခြၽတ္ေဆး တို႔နဲ႔ ေဆးတဲ့အခါ ပန္းအိုးထဲ ဘက္တီးရီးယားေတြ နည္းပါးၿပီး ပန္းလည္း ရက္ၾကာၾကာ ခံႏိုင္မွာပါ။
၇။ ပန္းအိုး ကို တဘက္နဲ႔ မသုတ္ပါနဲ႔။
ပန္းအိုးကို ေရေဆးၿပီးတဲ့အခါ တဘက္ေျခာက္နဲ႔ သုတ္မယ့္အစား ေမွာက္ထား လိုက္ပါ။ သဘာဝအတိုင္း ပန္းအိုးကို အေျခာက္ခံတာက ဘက္တီးရီးယားေတြ မဝင္ေစပါဘူး။ ေျမပန္းအိုးေတြမွာ ဆိုရင္ အစိုဓာတ္လည္း ထိန္းၿပီးသား ျဖစ္ေစပါတယ္။Credit
Unicode
ပူပြင်းတဲ့ရာသီမှာ ပန်းအိုးထဲကပန်းတွေ အချိန်ကြာကြာ လန်းဆန်းနေစေမယ့် နည်းလမ်း (၇) ခု
ရာသီဥတု ကလည်း ပူပြင်း လာတာကြောင့် ဘုရားပန်းအိုးထဲက ပန်းတွေ၊ အလှ ပန်းအိုးထဲက ပန်းတွေကလည်း တာရှည် မခံတော့ပါဘူး။ ရက် အနည်းငယ်အတွင်းမှာပဲ နွမ်းခြောက်လာကြပါတယ်။
ဒါပေမယ့် စိတ်ပူစရာ မလိုတော့ပါဘူး။ ပန်းအိုးထဲက ပန်းတွေကို ရက်ကြာကြာ လန်းဆန်းနေစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။
၁။ ပန်းတွေကို အသီးတွေနဲ့ ဝေးရာမှာ ထားပါ။
ပန်းတွေကို ပန်းသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး တို့နဲ့ နီးစပ်တဲ့နေရာမှာ မထားရပါဘူး။ အဲဒီ အသီးတွေမှာ အီသိုင်လင်း ပါဝင်တာကြောင့် ပန်းတွေ မြန်မြန် ပွင့်လာစေပါတယ်။ ဒါ့အပြင် ပန်းတွေကိုလည်း ညှိုးတာ မြန်စေပါတယ်။
၂။ သကြား၊ သံပရိုသီး၊ အရောင်ချွတ်ဆေး
ဒီနည်းက ပန်းတွေကို ကြာရှည်ခံစေတဲ့ အပြင် အားလည်း ပြည့်စေတဲ့ နည်းပါ။ သကြား၊ သံပရိုသီး အရည်၊ အရောင်ချွတ်ဆေး တို့ကိုရောပြီး ပန်းအိုးထဲက ရေထဲကို ထည့်လိုက်ပါ။ သကြားမှာ အပင်အတွက် အာဟာရဓာတ်တွေ ပါဝင်ပြီး သံပရိုသီးကတော့ ပန်းရိုးတံ ရေစုပ်ယူအောင် ကူညီပေးပါတယ်။ အရောင်ချွတ်ဆေးကတော့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပါတယ်။
၃။ ဆံပင် ဖျန်းဆေး
ပန်းတွေကို ရက်ကြာကြာ ပွင့်လန်းစေချင်ရင် ဆံပင် ဖျန်းဆေးနဲ့ ဖျန်းပေးပါ။ ဒါပေမယ့် အလွန်အကျွံဖျန်းစရာ မလိုပါဘူး။ အပေါ်ယံ ဖျန်းရင် လုံလောက်ပါပြီ။
၄။ ပန်းတွေကို အသုံးအဆောင် ပစ္စည်းတွေနဲ့ ဝေးရာမှ ာထားပါ။
တီဗွီ၊ မိုက်ခရိုဝေ့ဗ်မီးဖိုနဲ့ တခြား အိမ်အသုံးအဆောင် ပစ္စည်းတွေ အနီးမှာ ပန်းအိုးတွေကို မထားသင့်ပါဘူး။ အဲဒီ ပစ္စည်းတွေက အပူထွက်တာကြောင့် ပန်းတွေကို မြန်မြန် နွမ်းခြောက်စေပါတယ်။
၅။ ပန်းရဲ့ ရိုးတံကို ခပ်စောင်းစောင်းပုံစံ ညှပ်ပါ။
ပန်းရဲ့ ရိုးတံတွေကို ထက်တဲ့ ကတ်ကြေးတဲ့ တိကနဲ ညှပ်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ပန်းရဲ့ ရိုးတံကို ညှပ်တဲ့အခါ တိကနဲ မညှပ်လိုက်ဘဲ ခပ်စောင်းစောင်းပုံစံ ဖြစ်အောင် ညှပ်ပါ။ အဲဒီအခါ ရိုးတံထဲကို ရေတွေ ပိုဝင်ပြီး ပန်းကလည်း အချိန်ကြာကြာ လန်းဆန်းနေမှာပါ။
၆။ ပန်းအိုး ကို ရေ၊ အရောင်ချွတ်ဆေးတို့နဲ့ ဆေးကြောပါ။
ပန်းအိုး ကို အများစုကတော့ ရေ၊ ဆပ်ပြာတို့နဲ့ ဆေးကြော ကြပါတယ်။ ဒါပေမယ့် အရောင်ချွတ်ဆေးက ဘက်တီးရီးယားတွေကို နည်းပါးစေတဲ့ အစွမ်း ရှိပါတယ်။ ပန်းအိုးကို ရေ၊ အရောင်ချွတ်ဆေး တို့နဲ့ ဆေးတဲ့အခါ ပန်းအိုးထဲ ဘက်တီးရီးယားတွေ နည်းပါးပြီး ပန်းလည်း ရက်ကြာကြာ ခံနိုင်မှာပါ။
၇။ ပန်းအိုး ကို တဘက်နဲ့ မသုတ်ပါနဲ့။
ပန်းအိုးကို ရေဆေးပြီးတဲ့အခါ တဘက်ခြောက်နဲ့ သုတ်မယ့်အစား မှောက်ထား လိုက်ပါ။ သဘာဝအတိုင်း ပန်းအိုးကို အခြောက်ခံတာက ဘက်တီးရီးယားတွေ မဝင်စေပါဘူး။ မြေပန်းအိုးတွေမှာ ဆိုရင် အစိုဓာတ်လည်း ထိန်းပြီးသား ဖြစ်စေပါတယ်။Credit