မိုးေလ၀သ

အားကောင်းသော မုန်တိုင်း သတိပေးချက် အမှတ်စဉ်(၁၄/၂၀၂၂)

အားကောင်းသော မုန်တိုင်း သတိပေးချက် အမှတ်စဉ်(၁၄/၂၀၂၂)

(၂၀၂၂ခုနှစ်၊ မတ်လ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၀၅:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန်(၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၉၀)မိုင်ခန့်၊

ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၄၀)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင်(၁၈၅)မိုင်ခန့်နှင့် မာယာဘန်ဒါမြို့(Mayabundar)၏ အရှေ့‌မြောက်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါ သဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားကောင်းသောမုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန်(၀၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၄.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၄.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး၊ တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

(၁) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၂၃.၃.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက် ၍ မိုးကြီးနိုင်ပါသည်။

(၂) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။

(၃) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည်ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးသို့ ရောက်ရှိနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၈)ပေမှ (၁၂)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

(င) အကြံပြုချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Credit

Zawgyi

အားေကာင္းေသာ မုန္တိုင္း သတိေပးခ်က္ အမွတ္စဥ္(၁၄/၂၀၂၂)

(၂၀၂၂ခုႏွစ္၊ မတ္လ(၂၂)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၀၅:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

(က) အားေကာင္းေသာမုန္တိုင္းငယ္အေျခအေန

(၁) ယေန႔ျမန္မာစံေတာ္ခ်ိန္(၀၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရကပၸလီပင္လယ္ျပင္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ မုန္တိုင္းငယ္ (Deep Depression)သည္ ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ ေရမိုင္(၄၀)မိုင္ခန႔္၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕၏ ေတာင္-အေနာက္ ေတာင္ဘက္ ေရမိုင္(၉၀)မိုင္ခန႔္၊

ပုသိမ္ၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္(၁၄၀)မိုင္ခန႔္၊ ဂြၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္(၁၉၀)မိုင္ခန႔္၊ ရန္ကုန္ၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္(၁၉၀)မိုင္ခန႔္၊ အိႏၵိယႏိုင္ငံ၊ ပို႔ပလဲယား(Port Blair)၏ ေျမာက္-အေရွ႕‌ေျမာက္ဘက္ ေရမိုင္(၁၈၅)မိုင္ခန႔္ႏွင့္ မာယာဘန္ဒါၿမိဳ႕(Mayabundar)၏ အေရွ႕‌ေျမာက္ဘက္ ေရမိုင္(၁၁၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

(၂) အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)၏ လက္ရွိအေျခအေနမွာ မုန္တိုင္း၏ အဝန္းအဝိုင္းသည္ ျမန္မာႏိုင္ငံ၊ ဧရာဝတီတိုင္းေဒသႀကီး ကို ဟိုင္းႀကီးကြၽန္းၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္မည့္ အေျခအေနျဖစ္ပါ သျဖင့္ အနီေရာင္အဆင့္ဟု သတ္မွတ္ပါသည္။

(ခ) အားေကာင္းေသာမုန္တိုင္းငယ္၏တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

အဆိုပါ အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)သည္ ျမန္မာစံေတာ္ခ်ိန္(၀၃:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၄.၅)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ(၉၄.ဝ)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား(၁၀၀၀)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ (၄၅)မိုင္ႏႈန္းခန႔္ ျဖစ္ပါသည္။

(ဂ) ေနာက္(၂၄)နာရီအတြင္းခန႔္မွန္းခ်က္

အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)သည္ ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားႏိုင္ၿပီး၊ ယေန႔ေန႔လယ္ပိုင္းတြင္ ဧရာဝတီတိုင္းေဒသႀကီးကို ဟိုင္းႀကီးကြၽန္းၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္ၿပီး၊ တစ္ျဖည္းျဖည္း အားေလ်ာ့သြားမည္ဟု ခန႔္မွန္းရပါသည္။

(ဃ) သတိေပးႏႈိးေဆာ္ခ်က္

(၁) အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)၏အရွိန္ေၾကာင့္ ယေန႔နံနက္မွ (၂၃.၃.၂၀၂၂)ရက္ေန႔အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔ အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္ ၍ မိုးႀကီးႏိုင္ပါသည္။

(၂) ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မၾကာခဏ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၉)ေပမွ (၁၃)ေပခန႔္ရွိႏိုင္ပါသည္။

(၃) အဆိုပါ အားေကာင္းေသာမုန္တိုင္းငယ္သည္ယေန႔နံနက္ပိုင္းတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕အနီးသို႔ ေရာက္ရွိႏိုင္ၿပီး၊ ဧရာဝတီတိုင္းေဒသႀကီးတြင္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၄၀)မွ (၄၅)မိုင္ခန႔္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၃၀)မွ (၃၅)မိုင္ခန႔္အထိ တိုက္ခတ္ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

(၄) မုန္တိုင္းျဖတ္ေက်ာ္စဥ္ မုန္တိုင္းဒီေရမွာ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊လပြတၱာခ႐ိုင္၊ေျမာင္းျမခ႐ိုင္၊ မအူပင္ခ႐ိုင္၊ ဖ်ာပုံခ႐ိုင္တို႔ရွိ ျမစ္ဝ၊ ျမစ္လက္တက္မ်ားအတြင္း(၈)ေပမွ (၁၂)ေပခန႔္အထိ ျမင့္တက္လာႏိုင္ေၾကာင္းခန႔္မွန္းရပါသည္။

(င) အႀကံျပဳခ်က္

အဆိုပါ အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားႏွင့္ ေတာင္က်ေခ်ာင္းမ်ားတြင္ လွ်ပ္တစ္ျပက္ေရႀကီးျခင္း၊ ကုန္းျမင့္ေတာင္တန္းေဒသမ်ားတြင္ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ႏွင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔ရွိကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊‌ သေဘၤာမ်ားအေနျဖင့္လည္းႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္။

Credit