ဧရာဝတီတိုင္းအတြင္း မုန္တိုင္ းတိုက္ခတ္မွုျဖစ္စဥ္ တြင္ အကူအညီ လိုအပ္သူမ်ား ဆက္သြယ္နိုင္ရန္ ဖုန္းနံပါတ္မ်ား ထုတ္ျပန္
ဧရာဝတီတိုင္းအတြင္းေနထိုင္သူမ်ားအေနျဖင့္ မုန္တိုင္းတိုက္ခတ္မွုျဖစ္စဥ္အတြင္း အကူအညီမ်ားလိုအပ္လာပါက ဆက္သြယ္နိုင္သည့္ ဖုန္းနံပါတ္မ်ားအား ဧရာဝတီတိုင္းအစိုးရအဖြဲ႕မွထုတ္ျပန္ခဲ့ တာပါ ။ ေငြေဆာင္၊ေခ်ာင္းသာႏွင့္ေရႊေသာင္ယံမွ မုန္တိုင္းတိုက္ခတ္မွု၌ အကူအညီလိုအပ္သူမ်ားသည္ ဖုန္ ၀၄၂ ၂၀၂၄၉၀၃ ၊ ဟိုင္းႀကီး၊င႐ုတ္ေကာင္းတြင္
ဖုန္း ၀၄၂ ၂၀၂၁၆၈၈ တို့သို့ဆက္သြယ္နိုင္ေၾကာင္း သိရ တာ ပါ ။ အလားတူ ပုသိမ္၊ငပုေတာၿမိဳ့နယ္မ်ား၌ ေနထိုင္ကာအကူအညီလိုအပ္သူမ်ားအေနျဖင့္ ဖုန္း ၀၄၂ ၂၀၂၁၈၈၈ ၊ က်န္ၿမိဳ့နယ္ေနသူမ်ားမွာ ဖုန္း ၀၄၂ ၂၀၂၁၂၂၇ တို့သို့ဆက္သြယ္၍အကူအညီမ်ားေတာင္းခံနိုင္ေၾကာင္း သိရ ပါ တယ္ ။ ထို့ျပင္ ဧရာဝတီတိုင္းေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမွုဦးစီးဌာနမွလည္း
သဘာဝေဘးအႏၲရာယ္က်ေရာက္ပါက ကူညီေဆာင္ရြက္နိုင္ရန္ တိုင္းအ တြင္းရွိ ၿမိဳ့နယ္အခ်ိဳ့သို့ ေထာက္ပံ့ပစၥည္းမ်ားအား သက္ဆိုင္ရာၿမိဳ့ကြပ္ကဲေရး႐ုံး အသီးသီးသို့ ပို့ေဆာင္ေနရာခ်ထားေပးလ်က္ရွိေၾကာင္း သိရသည္။အလားတူ ျမန္မာနိုင္ငံလူမူကယ္ဆယ္ေရးအဖြဲ႕၊ဧ ရာဝတီတိုင္းႀကီးၾကပ္မူေကာ္မတီမွ မုန္တိုင္းတိုက္ခတ္လာပါက အခ်ိန္ႏွင့္တေျပးညီ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားျပဳလုပ္နိုင္ရန္ ႀကိဳ တင္ျပင္ဆင္ေဆာင္ရြက္ထားေၾကာင္း
သိရသည္။ထိုသို့ ေဆာင္ရြက္ရာတြင္ ပုသိမ္ၿမိဳ့နယ္၌ အေရးေပၚလူနာတင္ယာဥ္ ၂၀ စီး၊အင္အား ၄၀ ဦး၊လပြတၱာၿမိဳ့နယ္တြင္ လူမွုကူညီကယ္ဆယ္ေရးအ သင္းဝင္မ်ားအား အသင့္စုဖြဲ႕ထားကာ စက္ပစၥည္းမ်ား၊ေဆးပစၥည္းမ်ားအားႀကိဳတင္စုေဆာင္းထားေၾကာင္း သိရသည္။အလားတူ ေခ်ာင္းသာၿမိဳ့၊ေခ်ာင္းသာကမ္းေျခရွိ လူမွုကူညီကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားမွလည္း တာဝန္ရွိသူမ်ား၊ဌာနဆိုင္ရာမ်ားႏွင့္ပူးေပါင္း၍ လူအင္အား၊စက္အင္အားမ်ားျဖင့္
ျပင္ဆင္ထားၿပီး ဟိုင္းႀကီးကၽြန္း ၊ဇီးခ်ိဳင္ႏွင့္သာေပါင္းၿမိဳ့နယ္တို့တြင္လည္း ႀကိဳတင္ျပင္ဆင္မွုမ်ားျပဳလုပ္ထားေၾကာင္း သိရသည္။ဧရာဝတီတိုင္းအတြင္းရွိ ပင္လယ္ကမ္းေျခမ်ား၌ မတ္ ၂၂ ရက္နံနက္ ၆ နာရီတြင္ ေလအနည္းငယ္တိုက္ခတ္ကာ မိုးအနည္းငယ္ရြာသြန္းလ်က္ရွိၿပီး ပင္လယ္ဒီေရမွာပုံမွန္အေျခအေနသာရွိၿပီး ခိုလွုံရာေနရာမ်ားသို့ ေရႊ႕ေျပာင္းသူမ်ားမရွိေသးေၾကာင္း သိရသည္။Credit. Popular
ဧရာဝတီတိုင်းအတွင်း မုန်တိုင် းတိုက်ခတ်မှုဖြစ်စဉ် တွင် အကူအညီ လိုအပ်သူများ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ ထုတ်ပြန်
ဧရာဝတီတိုင်းအတွင်းနေထိုင်သူများအနေဖြင့် မုန်တိုင်းတိုက်ခတ်မှုဖြစ်စဉ်အတွင်း အကူအညီများလိုအပ်လာပါက ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအား ဧရာဝတီတိုင်းအစိုးရအဖွဲ့မှထုတ်ပြန်ခဲ့ တာပါ ။ ငွေဆောင်၊ချောင်းသာနှင့်ရွှေသောင်ယံမှ မုန်တိုင်းတိုက်ခတ်မှု၌ အကူအညီလိုအပ်သူများသည် ဖုန် ၀၄၂ ၂၀၂၄၉၀၃ ၊ ဟိုင်းကြီး၊ငရုတ်ကောင်းတွင်
ဖုန်း ၀၄၂ ၂၀၂၁၆၈၈ တို့သို့ဆက်သွယ်နိုင်ကြောင်း သိရ တာ ပါ ။ အလားတူ ပုသိမ်၊ငပုတောမြို့နယ်များ၌ နေထိုင်ကာအကူအညီလိုအပ်သူများအနေဖြင့် ဖုန်း ၀၄၂ ၂၀၂၁၈၈၈ ၊ ကျန်မြို့နယ်နေသူများမှာ ဖုန်း ၀၄၂ ၂၀၂၁၂၂၇ တို့သို့ဆက်သွယ်၍အကူအညီများတောင်းခံနိုင်ကြောင်း သိရ ပါ တယ် ။ ထို့ပြင် ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်း
သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီဆောင်ရွက်နိုင်ရန် တိုင်းအ တွင်းရှိ မြို့နယ်အချို့သို့ ထောက်ပံ့ပစ္စည်းများအား သက်ဆိုင်ရာမြို့ကွပ်ကဲရေးရုံး အသီးသီးသို့ ပို့ဆောင်နေရာချထားပေးလျက်ရှိကြောင်း သိရသည်။အလားတူ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့၊ဧ ရာဝတီတိုင်းကြီးကြပ်မူကော်မတီမှ မုန်တိုင်းတိုက်ခတ်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နိုင်ရန် ကြို တင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း
သိရသည်။ထိုသို့ ဆောင်ရွက်ရာတွင် ပုသိမ်မြို့နယ်၌ အရေးပေါ်လူနာတင်ယာဉ် ၂၀ စီး၊အင်အား ၄၀ ဦး၊လပွတ္တာမြို့နယ်တွင် လူမှုကူညီကယ်ဆယ်ရေးအ သင်းဝင်များအား အသင့်စုဖွဲ့ထားကာ စက်ပစ္စည်းများ၊ဆေးပစ္စည်းများအားကြိုတင်စုဆောင်းထားကြောင်း သိရသည်။အလားတူ ချောင်းသာမြို့၊ချောင်းသာကမ်းခြေရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များမှလည်း တာဝန်ရှိသူများ၊ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လူအင်အား၊စက်အင်အားများဖြင့်
ပြင်ဆင်ထားပြီး ဟိုင်းကြီးကျွန်း ၊ဇီးချိုင်နှင့်သာပေါင်းမြို့နယ်တို့တွင်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်း သိရသည်။ဧရာဝတီတိုင်းအတွင်းရှိ ပင်လယ်ကမ်းခြေများ၌ မတ် ၂၂ ရက်နံနက် ၆ နာရီတွင် လေအနည်းငယ်တိုက်ခတ်ကာ မိုးအနည်းငယ်ရွာသွန်းလျက်ရှိပြီး ပင်လယ်ဒီရေမှာပုံမှန်အခြေအနေသာရှိပြီး ခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းသူများမရှိသေးကြောင်း သိရသည်။Credit. Popular